ရွာဘဲရပ်ကွက် ဂန္ဓမာစက်မှုကွက်သစ်တွင် ပြည်သူများလျှပ်စစ်ဓာတ်
အားပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရှိရ
ပြည် ဇူလိုင်(၆)ရက်နေ့
ပြည်မြို့ ၊ ရွာဘဲရပ်ကွက် ၊ ဂန္ဓမာစက်မှုကွက်သစ်တွင် (၃.၇.၂၀၁၆)ရက်နေ့
ညနေ(၆)နာရီ(၁၅)မိနစ်အချိန်ခန့် မိုးသည်းထန်စွာရွာသွန်းသဖြင့် ၁၁/၀.၎
ကေဗွီ(၃၁၅)ကေဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံနှင့် လေးထောင့်ကွန်ကရစ်တိုင်
(၇)တိုင်ပြိုလဲပျက်စီးသွားခြင်းအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ
တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့်
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လိုင်းဝန်ထမ်း(၂၃)ဦးတို့ဖြင့် မြို့နယ်လျှပ်
စစ်အင်ဂျင်နီယာ ဦးတင်မြင့်အေး ဦးဆောင်၍ ပြည်သူများလျှပ်စစ်ဓာတ်အား
ပြန်လည်အသုံးပြုနိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းမှုကြောင့် (၄.၇.၂၀၁၆)
ရက်နေ့ ည(၈)နာရီကျော် အချိန်ခန့်တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီး
သဖြင့် ပြည်သူများလျှပ်စစ်ဓာတ်အားပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း
သိရှိရသည်။
မှတ်ချက်။ ။အဆိုပါ အကြောင်းအရာဖော်ပြခြင်းနှင့်ပတ်သက်၍ ငွေ
ကြေးပေးရသည်ဟု တစ်ဦးတစ်ယောက်ကပြောလာလျှင်မျက်နှာစုံညီရှင်းပါ
မည်။လျှပ်စစ်ဌာန ပြည်မြို့နယ်၏လုပ်ဆောင်ချက်ကိုမျက်မြင်ကိုယ်တွေ့အား
ရေးသားခြင်းသာဖြစ်ပါသည်။
ပြည့်သဲမောင်(ပြည်)09-4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
No comments:
Post a Comment