Thursday, July 21, 2016

မုန့်ဟင်းခါးစက်မှအနံ့စိုးများကြောင့်ကျန်းမာရေးထိခိုက်နိုင်ဟု ရပ်ကွက်နေပြည်သူများကဆို ပြည့်သဲမောင်(ပြည်)094236 71883




မုန့်ဟင်းခါးစက်မှအနံ့စိုးများကြောင့်ကျန်းမာရေးထိခိုက်နိုင်ဟု ရပ်ကွက်နေပြည်သူများကဆို
ပြည် ဇူလိုင်(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့ ၊ရွာဘဲနယ်မြေ ၊ဂန္ဓမာကွက်သစ်တွင် ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိ
သော မုန့်ဟင်းခါးစက်မှစွန့်ပြစ်သော အညစ်အကြေးနှင့်မုန့်ဖတ်ချဉ်ရည် အနံ့စိုးများကြောင့်
ရပ်ကွက်နေပြည်သူများ ကျန်းမာရေးအတွက်စိုးရိမ်ရကြောင်း ရပ်ကွက်နေပြည်သူများထံမှ
သိရသည်။

“ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးကိုအရင်တိုင်ပါတယ်။အုပ်ချုပ်ရေးက (၃)ကြိမ်ခေါ်ရှင်း
ပေးရတယ်။ဒါလဲဂရုမစိုက်ဘူး။မိုးရွာရင်ရေစီးပြီး အနံ့သိပ်မထွက်ပေမဲ့ နေပူပြီးမြောင်းထဲရေ
ဝပ်နေရင် အနံ့ကဘယ်လိုမှမခံနိုင်ဘူး”ဟု အိမ်ချင်းကပ်တွင် နေထိုင်သော ကိုစိုးထွဋ်ဆိုသူ
ကပြောသည်။

အဆိုပါ မုန့်ဟင်းခါးစက်သည်(၂၀၀၀)ခုနှစ်မှစတင်လုပ်ငန်းလုပ်ကိုင်ပြီး ၄င်းမုန့်ဟင်းခါးဖတ်
ဖိုမှ စွန့်ပြစ်သော အညစ်အကြေးနှင့်မုန့်ဖတ်ချဉ်ရည်များကို ရပ်ကွက်နေပြည်သူတစ်ဦး၏အိမ်
အနောက်ဘက်လမ်းဘေးမြောင်းထဲသို့ စွန့်ပြစ်ခဲ့ကြောင်း ၊(၂၀၀၁)ခုနှစ်တွင် ၄င်းစွန့်ပြစ်သော
အညစ်အကြေးအရည်များ၏ အနံ့ဆိုးများအား ရပ်ကွက်တွင်းရှိလူအများမှ နေ့စဉ်ရှုရှိုက်နေရ
သောကြောင့် သက်ဆိုင်ရာသို့တိုင်ကြားသော်လည်းမရဘဲ အညစ်အကြေး စီးဆင်းရာ ရေမြေ
ာင်းထဲတွင် ရွံ့၊နွံ၊ဗွက်အိုင်ကဲ့သို့ဖြစ်ပေါ်နေပြီး ခြင်ကောင်၊ယင်ကောင်နှင့်လောက်ကောင်များတိုး
ပွားလာကြောင်း ၄င်းကဆက်လက်ပြောသည်။

ထို့ကြောင့် ထပ်မံ၍ သက်ဆိုင်ရာသို့ (၂၀၁၄) ခုနှစ် မတ်လ(၁၀)ရက်နေ့တွင် စည်ပင်သာယာဝန်
ကြီးသို့ တိုင်ကြားခဲ့သော်လည်း မိမိလုပ်ငန်းနှင့်ထုတ်လုပ်သည့်ကုန်ကြမ်းက မညီမျှသဖြင့် အဆိုပါ
အနံ့ဆိုးများထွက်မြဲထွက်လျှက်ရှိကြောင်းစည်ပင်တာဝန်ရှိသူမှပြောသည်။

“ကျွန်တော်တို့ သွားရောက်စစ်တယ်။ဒီမုန့်ဖတ်အချဉ်ရည်တွေကို ကန်တစ်ခုထဲကိုယာယီထည့်ခိုင်း
တယ်။ပြီးမှထည့်ထားတဲ့အရည်တွေကိုတစ်ညသိပ် အနံ့ပျောက်ဆေးထည့်ပြီးမှစွန့်ပြစ်ရမယ်လို့သေ
ဘာတူချက်နဲ့လုပ်ခိုင်းတယ် ။ကုန်ကြမ်းထုတ်တဲ့ပမာဏကများတော့ ထုတ်လိုက်တဲ့အရည်ကိုညမ
သိပ်နိုင်ဘူးဖြစ်နေတယ်။လက်ရှိ ရှိတဲ့ကန်က ၁၀ ပေ ၁၂ ပေကန်ပဲရှိတယ် ၊အမှန်တော့ သူ့လုပ်ငန်း
နဲ့ဆိုရင် ဒီအညစ်အကြေးစွန့်ပြစ်ကန်က ပေ ၂၀ ၃၀ လောက်ရှိသင့်တာ ဘာလို့လဲဆိုရင်သူ့လုပ်ငန်း
ကရပ်မှမရပ်တာ”ဟု စည်ပင်သာယာမှတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုမျိုးဇင်ဝင်းကပြောသည်။
အဆိုပါ မုန့်ဟင်းခါးစက်မှ ထွက်သောစွန့်ပြစ် အနံ့များကြောင့် ရပ်ကွက်တွင်းရှိ ကလေးသူငယ်များ၊
သက်ကြီးရွယ်အိုများအတွက် များစွာရှိခိုက်မှုရှိကြောင်း ယခုအခါမိုတွင်းကာလဖြစ်နေသဖြင့်အချဉ်
ရည်များကမြောင်းအတိုင်းစီးဆင်းသော်လည်း မိုးမရွာလျှင်အလွန်ဘဲအနံ့ဆိုးကြောင်းဆိုသည်။

“ကလေးတွေအတွက် အရမ်းအန္တရာယ်ရှိတယ် ။စက်မှုဇုန်ဆိုပေမဲ့လဲ ကိုယ်လုပ်တဲ့ လုပ်ရပ်ကပတ်
ဝန်းကျင်ကို မထိခိုက်သင့်ဘူး။ဒီလုပ်ငန်းပြောင်းရမယ်လို့ မဆိုပါဘူး ဒါပေမဲ့ အခုလိုအနံ့ဆိုးတွေ
ထွက်နေတော့ ဘယ်လိုမှမနေနိုင်တော့ဘူး။အနံ့ဆိုးတွေ ဘယ်လိုပျောက်အောင်လုပ်ရင်ရမလဲ
လို့ဆိုပြီး ပိုင်ရှင်အနေနဲ့စဉ်းစားသင့်တယ် လုပ်သင့်တယ် ဒီလိုမှမဟုတ်ရင်တော့ကျနော်တို့ရပ် 
ကွက်သားတွေစုပြီး ထပ်တိုင်ရမှာဘဲ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်
သူကပြောသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ








No comments:

Post a Comment