Tuesday, July 12, 2016

မီးလောင်နေသည်ဟုဖုန်းဖြင့်မမှန်သတင်းပေးသူအား ပြည်မြို့အရန်မီးတပ်ဖွဲ့မှ ဖော်ထုတ် ပြည့်သဲမောင်(ပြည်)09 423671883


မီးလောင်နေသည်ဟုဖုန်းဖြင့်မမှန်သတင်းပေးသူအား ပြည်မြို့အရန်မီးတပ်ဖွဲ့မှ
ဖော်ထုတ်

ပြည် ဇူလိုင်(၁၃)ရက်နေ့
လွန်ခဲ့သော လအနည်းငယ်ကပြည်မြို့တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း
ဖုန်းဖြင့်သတင်းပေးအကြောင်းကြားခဲ့သဖြင့် ပြည်မြို့ရှိအရန်မီးသတ်တပ်ဖွဲ့
ရှိမီးသတ်ယာဉ်များ၊သန္ဓေမီးသတ်တပ်ဖွဲ့ရှိမီးသတ်ယာဉ်များ မကြာခဏဆို
သလိုမီးငြိမ်းသတ်ရန်အတွက် လမ်းပေါ်ထွက်ခဲ့ရသည့်ဖြစ်စဉ်များလဲရှိခဲ့သ
လို အရန်မီးသတ်ကားများအရင်ထွက်ခဲ့လို့သန္ဓေမီးသတ်နှင့်အရန်မီးသတ်
ကြားတွင် လုပ်မှားကိုင်မှားဖြစ်ကာ ခံဝန်ကတိများလဲထိုးခဲ့ရကြောင်းကြား
သိရသည်။

အဆိုပါ မီးသတ်တပ်ဖွဲ့သို့ ဖုန်းဖြင့်မမှန်သတင်းပေးသူအား အရန်မီးသတ်
တပ်ဖွဲ့ဝင်များ  တိတိကျကျပြောရရင် ရွှေကူအရန်မီးသတ်တပ်ဖွဲ့တပ်စု(၇)
မှ တပ်ဖွဲ့ဝင်များနှင့်အခြားအရန်တပ်ဖွဲ့ဝင်များ ၊တပ်ရင်းရုံမှတပ်ဖွဲ့ဝင်များ ၏ကျိုးစားအားထုတ်မှုနှင့်နည်းပညာအကူအညီရယူကာ မမှန်သတင်းပေး
သူကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပါသည်။

ထိုလူငယ်မှ ကျောင်းကြီးအိုးတန်းရပ်ကွက် ၊ ဆွေးနွေးဘုရားလမ်းတွင်နေ
ထိုင်ပြီး အဘဦးသိန်းလှိုင်၏သားဖြစ်သူမောင်ဝေယံကိုကိုဖြစ်ကြောင်းသိ
ရသည်။မောင်ဝေယံကိုကိုသည် (၂.၇.၂၀၁၆)ရက်နေ့ည(၂)နာရီ(၄၁)မိ
နစ်တွင်(၁)ကြိမ် ၊(၁၀.၇.၂၀၁၆)ရက်နေ့ (၁၂)နာရီ(၅၅)မိနစ်တွင် (၂)ကြိမ်
တိုင် ၄င်းကိုင်ဆောင်သော ph.09970142337 ဖြင့် သန္ဓေမီးသတ်စခန်း၊
တပ်စု(၇)ရွှေကူမီးသတ်စခန်းများသို့ နဝဒေးလမ်းဆုံတွင် (၁၀)ဘီး ကားမီး
လောင်နေသည်ဟု၎င်း၊ချောင်းနားတန်းရွာတွင် မီးလောင်နေသည်ဟု၎င်း မမှန်သတင်းပေးတိုင်ကြားခဲ့ကြောင်းမောင်ဝေယံကိုကိုမှ အရန်မီးသတ်
တပ်ရင်းမှူး ဦးအုန်းလွင်၊ကျောင်းကြီးအိုးတန်းတပ်စု(၁)မှဒုခွဲမှူးဦးစိုးအောင်၊
တပ်ခွဲ(၃)ဒုခွဲမှူး ဦးမြင့်လွင်ဦး၊ရွှေကူမီးသတ်တပ်စု(၇)မှယာဉ်မောင်းအောင်
ဟိန်း၊လက်ထောက်မီးသတ်ဦးစီးမှူးဦးအာကာစိုးမင်း၊တပ်ကြပ်ချမ်းမင်းနော
င်နှင့်၎င်း၏မိဘဖြစ်သူ ဦးသိန်းလှိုင်၏ရှေ့မှောက်တွင် မောင်ဝေယံကိုကို
သည် မီးသတ်စခန်းများအား မမှန်သတင်းပေးခဲ့ပါကြောင်း ဝန်ခံကတိပြုခဲ့
ပါသဖြင့် အကြေင်းကြောင်းသောကိစ္စများကို ထောက်ထား၍၊လူငယ်တစ်
ယောက်၏ဘဝသေမသွားအောင်တစ်ကြိမ်တစ်ခါအမှားတစ်ခုတာဝန်ရှိသူ
များကယူဆကာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ခံဝန်ကတိလက်မှတ်ထိုးခိုင်း
ခဲ့ကြောင်းသိရသည်။

သို့ပါသော ထိုလူငယ်လိုအလားတူ လူငယ်လေးများမဖြစ်ရလေအောင် မိမိ၏ကိုယ်နုတ်အမှုအရာအပြောအဆိုများအားစဉ်ခြင်ထုံတရားနဲ့နေသွား
ကျရန်အပြုသဘောဆောင်၍ရေးသားဖော်ပြလိုက်ရသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

No comments:

Post a Comment