ရှမ်းပြည်နယ်ဘက်မှစစ်ဘေးရှောင်တိုင်းရင်သူကလေးငယ်များ
ပညာသင်ကြားရေး နှင့် စားဝတ်နေရေးအတွက်အခက်ခဲများဖြစ်ပေါ်လျှက်ရှိနေ
ပြည်၊ဇွန်၊၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ရွာဘဲနယ်မြေ၊ဂန္တာမာရပ်ကွက်
အတွင်းမှာရှိသည့် ရတနာရွှေကူ ပရဟိတအခမဲ့ပညာဒါန သီလရှင်ကျောင်းမှာ ရှမ်းပြည်နယ်ဘက်မှ
စစ်ဘေးရှောင်အမျိုးသမီးကလေးငယ် ၂၆-ဦးအားပညာသင်ကြားရေး နှင့် စားဝတ်နေရေးပြဿနာ အခက်ခဲများရှိနေကြောင်းသိရသည်။
အဆိုပါ ရှမ်းပြည်နယ်ဘက်မှ
စစ်ဘေးရှောင် အမျိုးသမီးကလေးများအား ပြီးခဲ့သည့် မေ-၁၇-ရက်နေ့ခန့်က မန္တလေးမြို့ရှိ
ဖောင်တော်ဦး ပရဟိတအသင်းအဖွဲ့ဆီမှ တစ်ဆင့် ရတနာရွှေကူ ပရဟိတအခမဲ့ပညာဒါန သီလရှင်ကျောင်းမှ
တာဝန်ရှိသူများက လွဲပြောင်း၍လက်ခံလာခဲ့တာဖြစ်ကြောင်း သိရပြီး ပြည်မြို့တွင်းသို့ရောက်ရှိ၍
အစိုးရစာသင်ကျောင်းဖြစ်သည့် ပြည်မြို့၊မှုယာပင်ရပ်ကွက်အတွင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ
စာပေသင်ကြားရန်အပ်နှံခဲ့သော်လည်း ကျောင်ဝတ်စုံများ၊ကျောင်းသုံးစာအုပ်များ၊ထုတ်ပေးပြီး
နောက်တစ်နေ့မှာ ကျောင်းထွက်လက်မှတ်တောင်းခံ၍ တစ်လအတွင်း ကျောင်းထွက်လက်မှတ်ပေးနိုင်ပါက
ကျောင်းတွင်လက်ခံသင်ကြားပေးသွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာ ဆရာမတစ်ချို့ကပြောဆိုမှုကြောင့်
စစ်ဘေးရှောင်လာသည့် တိုင်းရင်းသား အမျိုးသမီးငယ်လေးများမှာ ကျောင်းထွက်လက်မှတ်မရှိ၍
အစိုးရသင်ပညာရေးကျောင်းတွင် စာပေသင်ကြားခွင့်မရှိတော့ကြောင်း ပရဟိတအနေဖြင့် အခမဲ့လာရောက်၍
ကလေးငယ်များအားစာပေသင်ကြားပေးနေသူ ဆရာမတစ်ဦးထံကသိရသည်။
“အစိုးရသင်စာသင်ကျောင်းမှာတော့မထားတော့ပါဘူး။သီလရှင်သင်ပညာရေးကျောင်းပဲဖွင့်တော့မှာဖြစ်လို့အစိုးရကျောင်းမှာမထားတော့ဘူး။လက်ရှိ
စင်္ကြန်တောင်ဆရာတော်ကြီးနဲ့ချိတ်ဆက်ပြီး ကလေးတွေစာမေးပွဲဖြေဆိုနိုင်ရန်စီစဉ်ထားပါတယ်။အဓိကလိုအပ်နေတာ
စာဝတ်နေရေးပြဿနာပါ။မီးဖိုချောင်အတွင်းမှာ အမာခံဖြစ်တဲ့ ဆန်၊ဆီ၊ဆားရှိနေရင် ကျန်တာတွေကြည့်ဖြေရှင်းလို့ရတယ်။စာသင်ရတာခက်ခဲမှုမရှိပေမယ့်
စာဝတ်နေရေးကအလှူရှင်တွေလိုအပ်နေတယ်။လိုအပ်တာတွေကို ၀ိုင်းဝန်းပြီးလာရောက်လှူပေးပါလို့ဒကာ
ဒကာမတွေကိုပြောချင်ပါတယ်။”ဟု ရတနာရွှေကူ ပရဟိတအခမဲ့ပညာဒါန သီလရှင်ကျောင်းတိုက် ကျောင်းအုပ်-ဆရာလေး
ဒေါ်နန္ဒမဉ္ဖူ ကမိန့်ကြားခဲ့သည်။
၁။ ။ အင်တာဗျူး။
ဦးနိုင်အောင်ထွန်း(ဒုတိယမြို့နယ်ပညာရေးမှူး)ပြည်မြို့နယ် (((အခုစစ်ဘေးရှောင်ခလေးတွေရောက်နေတာတော့မသိပါဘူး။မွေးစားရင်းတောင်းခံရတာက
ကျောင်းသားကျောင်းသူဘ၀တွေအတွက် အာမခံချက်ရှိအောင် မွေးသက္ကရာဇ်တောင်းရအောင် မွေးစာရင်းတောင်းခံတာပါ။သွားယူလို့အဆင်မပြေဘူးဆို
ဆရာလေးလက်မှတ်ထိုးပြီး ရပ်ကွက်ထောက်ခံချက်တွေနဲ့ ခန့်မှန်းခြေအသက်မွေးသက္ကရာဇ်တွေနဲ့ရအောင်ပြန်လည်စီစဉ်ပေးလို့ရပါတယ်။ကျွန်တော်လဲ
မှုယာပင်ကျောင်းကိုပြောထားလိုက်ပါ့မယ်။ဒီရတနာရွှေကူအခမဲ့ပညာဒါနကျောင်းကိုတော့ စာသင်ကျောင်းဆောင်ဆောက်ပေးဖို့ကအစီအစဉ်မရှိပါဘူး
တခြားမိဘမဲ့ကျောင်းတွေတော့ အလျူရှင်တွေနဲ့ချိပ်ဆက်ပြီးတော့ စီစဉ်ပေးထားတာတွေရှိခဲ့ပါတယ်၊အခုဆိုရင်
ပြည်မြို့မှာရှိတဲ့မိဘမဲ့ကျောင်း တေတွမှာ စာသင်ကျောင်းဆောင်(၉)ကျောင်းဆောက်ပြီးသွားပါပြီ))))
၂။
။ အင်တာဗျူး။ မခင်အေးချို(ပရဟိတအနေဖြင့်တာဝန်ယူ၍ အခမဲ့ပညာဒါနသင်ကြား၍ ပဉ္စမတန်းတာဝန်ယူထားသူ)
((((စစ်ဘေးရှောင်ခလေးတွေဖြစ်တဲ့အတွက်ကျောင်းထွက်လက်မှတ်ကလဲဘယ်လိုလုပ်ယူပေးမလဲအဲဒါနဲ့ကျောင်းမတက်ရတော့ဘူး၊အခုသူတို့ကျောင်းနေရာကလဲမရှိဘူး၊စားဝတ်နေရေးကလဲ၊အလျူရှင်ရှိရင်အလျူရှင်ကကျွေးပြီးအလျူရှင်မရှိတဲ့နေတွေမှာတော့၊ဆရာလေးကပဲဖြစ်သလိုတာဝန်ယူနေရတယ်))))
၃။
။ အင်တာဗျူး။ ဆရာမင်းကျော်စွာ(ပရဟိတအနေဖြင့်တာဝန်ယူ၍ အခမဲ့ပညာဒါနသင်ကြား၍ ပဉ္စမတန်း
အင်္ဂလိပ်စာအထူး အခမဲ့သင်ကြားပေးနေသူ) ((((ကျွန်တော်သင်နေရတဲ့နေရာလေးတခုအတွက်ဆိုရင်တောင်ကျဉ်းမြောင်းပါသေးတယ်၊အမှန်ကဒါမျိုးတွေဘယ်လောက်ရှိနေသလဲ၊ဘယိလိုအခြေအနေတွေဖြစ်နေသလဲဆိုတာကိုတိတိကျကျလေ့လာပြီးဖြေရှင်းပေးနိုင်မယ်ဆိုရင်ကောင်းပါတယ်))))
အဆိုပါ စစ်ဘေးရှောင်ကလေးသူငယ်များအားလုံးသည်
တိုင်းရင်းသူအမျိုးသမီးကလေးငယ်လေးများဖြစ်ပြီး သီလရှင်သင် ပညာရေးကျောင်းဖြစ်၍ မိန်းကလေးငယ်များကိုသာလက်ခံခဲ့တာဖြစ်ကြောင်းသိရပြီး
သူငယ်တန်းမှ ငါးတန်းအရွယ်အထိပညာသင်ကြားနေကြသည့် အမျိုးသမီးငယ်လေးများဖြစ်ကြောင်းသိရသည်။
“သမီးက မိုင်းသုန်မြို့ကနေလာတာ။ဟိုမှာက
လေးတန်းအထိကျောင်းတတ်ခဲ့ရတယ်။သမီးတို့ကို ပညာတတ်စေချင်လို့ပို့လိုက်ကြတာ။သမီးအဖေအမေတွေရှိတယ်လို့တော့
ဆရာနဲ့ဆရာမတွေကပြောပါတယ်။စစ်ပွဲတွေဖြစ်တာလဲသိပါတယ်။”ဟု မိုင်းသုန်မြို့၊ပလောင်တိုင်းရင်းသူ
နွေးအိအောင်အေး-ကပြောသည်။
အဆိုပါစစ်ဘေးရှောင်တိုင်းရင်သူကလေးငယ်များ
၂၆-ဦးအနက် ၁၇-ဦးမှာ ငါးတန်းပညာသင်ကြားလျှက်ရှိနေပြီး ကျန်တိုင်းရင်သူလေးများမှာ သူငယ်တန်း
မှ လေးတန်းအထိဆက်လက်ပညာသင်ကြားနေရသော်လည်း ယင်းရတနာရွှေကူ ပရဟိတ အခမဲ့ပညာဒါန သီလရှင်ကျောင်းတွင်
စာသင်ရန်နေရာအခက်အခဲများ နှင့် စားဝတ်နေရေးပြဿအခက်ခဲများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။အဆိုပါ
ရှမ်းပြည်နယ်ဘက်မှ ကျောက်မဲမြို့-ကုန်းမို့ကျေးရွာ၊မိုင်းသုန်မြို့ နှင့် နမ့်မဆမ်မြို့-နမ့်ချောင်းကျေးရွာစသည့်
ရှမ်းပြည်နယ်ဘက်မှ စစ်ဘေးရှောင် ရှမ်း နှင့် ပလောင်တိုင်းရင်းသူ ၂၆-ဦးအား ပရဟိတအနေဖြင့်
ရတနာရွှေကူသီလရှင်ကျောင်းမှာ ဘာသာစုံ အခမဲ့ပညာသင်ကြားပေးနေသည့် ဆရာ နှင့် ဆရာမ ၆-ဦးရှိနေပြီး
ယင်းစစ်ဘေးရှောင်တိုင်းရင်းသူကလေးငယ်များအား ရတနာရွှေကူ ပရဟိတအခမဲ့ပညာဒါန သီလရှင်ကျောင်းတိုက်
ကျောင်းထိုင်ဆရာလေးမှ ကြီးမှူးကြီးကြပ်၍ ထိန်းသိမ်းစောင့်လျှောက်ထားလျှက်ရှိကြောင်းသိရပြီး
ထပ်မံ၍ ရှမ်းပြည်နယ်ဘက်မှ စစ်ဘေးရှောင်တိုင်းရင်းသူကလေးငယ်ပေါင်း ၂၀-ခန့်က အဆိုပါ ရတနာရွှေကူ
ပရဟိတ အခမဲ့ပညာဒါန သီလရှင်ကျောင်းသို့ ရောက်ရှိရန် ရှိနေကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)
No comments:
Post a Comment