မိုးအနည်းငယ်ရွာသွန်းမှုကြောင့် ပြည်မြို့တွင် နေအိမ်လေးဆယ်ခန့်
မြောင်းရေကြီးမှုဖြစ်ပေါ်ခဲ့ပြီးအခြားရပ်ကွက်များ နှင့် လမ်းများမြောင်း ရေကြီး ၍ ရေလျှံမှုများဖြစ်ပေါ်
+...++++++++++++++++++++++++++++++++++++++++++++++++++

ပြည်၊ဇွန်၊၆ ။ ။ ပဲခူးတိုင်းဒေသကြီး၊ပြည် ခရိုင်၊ပြည်မြို့၊ရွာဘဲရပ်ကွက် ၊စည်ကြီးဆွဲတောင်ပိုင်း၊အောင်သစ္စာ လမ်းတစ်ခြမ်းတွင် မိုးအနည်းငယ်ရွာ သွန်းလာမှုကြောင့် မြောင်းရေများဝပ်ကျန်ရစ်ကာ ရေစီဆင်းမှုမရှိတော့ပဲ နေအိမ် ၃၀-ခန့် နှင့် ချင်းစုတာရိုးရပ်ကွက်တွင် နေအိမ် ၁၀-လုံးခန့်မြောင်းရေကြီး မှုဖြစ်ပွားသွားခဲ့ကြောင်းသိရသည်။
အဆိုပါ စည်ကြီးဆွဲတောင်ပိုင်း-အောင်သစ္စာလမ်းတစ်ခြမ်းရှိနေအိမ် ၃၀-ခန့်မှာ ပြီးခဲ့သည့် မိုးဦးကာလအထိ မြောင်းရေများ ၀င်ရောက် မှု ရှိနေသော် လည်း မိုးရွာပြီးသည်နှင့်ရေများမြောင်း အတွင်းသို့စီးဆင်း လျှက်ရှိနေပြီး ယခုကဲ့သို့ မြောင်းရေကြီးမှုဒဏ်ကို ခံစားနေရသည်မှာ ၄-ရက်ခန့် ရှိနေပြီ ဖြစ်ကြောင်းဒေသခံများထံကသိရသည်။
“ယခင်ရေမြောင်းကို ခြံကွက်လုပ်ပြီး မြေကြီးတွေဖို့ပစ်တယ်။တည်းခိုးခန်းနဲ့ဌာနဆိုင်ရာအဆောက်အဦးတွေပိတ်ပြီးအုတ်တံတိုင်းခတ်မြေဖို့ပစ်တော့ အဲဘက်ကမြှင့်သွားပြီးရေထွက်ပေါက်မရှိတော့တာ။အရင်ကဒီနေရာမှာ မိုးလယ်လောက်ရောက်မှ ခုလိုရေကြီးတာ။ရေကြီးပြီးခနနေမိုး တိတ်တာ နဲ့မြောင်း အတိုင်းပြန်ဆင်း သွားတယ်။ အိမ်အောက် ထပ်တစ်ခု လုံးနေ စရာနေရာမရှိတော့ဘူး။ ကျန်းမာရေးမကောင်း တဲ့အသက်ကြီးနေ တဲ့ကျွန်မအဖေရှိပါတယ်။အရမ်း ဒုက္ခရောက်နေပါတယ်။ ကျွန်မမှာ ကြပ်တဲ့ရောဂါရှိပါတယ်။အခုဆိုဒီရော ဂါပြန်ဖြစ်နေပါပြီ။ ထမင်းစားရတာ ကအစအဆင်မပြေတော့ပါဘူး။နဂိုမှုလရေမြောင်းလေးအတိုင်း ပြန်ဖောက်ပေးစေချင်ပါတယ်။မိုးဦးတောင် ဒီလောက်ဖြစ်နေရင် မိုးလယ်ရောက် ရင်တစ်အိမ်လုံးမြှပ်သွားနိုင်ပါတယ်။”ဟု ရွာဘဲရပ်-စည်ကြီးဆွဲတောင် ပိုင်း-အောင်သစ္စာလမ်း-မမေစုခိုင်-ကပြောသည်။
အဆိုပါ မိုးဦးကာလအချိန်တွင် ယခုကဲ့သို့ မိုးအနည်းငယ်ရွာတိုင်းမြောင်းရေ များဝင်ရောက်လာမှုကြောင့် ရွာဘဲရပ်ကွက်-စည်ကြီးဆွဲတောင်ပိုင်း-အောင် သစ္စာလမ်းတစ်ခြမ်းရှိ နေအိမ်သုံးဆယ်ခန့်မှာ ယင်းမြောင်းရေများ ထဲမှဖြတ်ကျော်ကာ သွားလာနေရပြီး အဆိုပါ အိမ်ခြေသုံးဆယ် ခန့်တွင် မွေး ကင်း စကလေးသူငယ်လေးများ နှင့် ကျောင်း သားကလေး ငယ်လေးများ မကျန်းမာသည့် သက်ကြီးရွယ်အိုများ အများဆုံးနေထိုင် ရာနေရာလေးဖြစ်သောကြောင့် ယင်းမြောင်းရေများမှ တစ်ဆင့် ၀မ်းလျောဝမ်းပျက်ရောဂါများနှင့်ကလေးသူငယ်များကျန်းမာရေးအတွက် မိဘများက စိုးရိမ်လျှက်ရှိနေသောကြောင့် ရေ ထွက်မြောင်း အား အမြန်ဆုံးပြန် လည်ပြုလုပ်ပေးစေကြောင်း ရပ်ကွက်နေပြည်သူများ ထံကသိရသည်။
“မြောင်းတွေကို မိုးမကျမှီကတည်းကတူးဖော်နေ ခဲ့ပါတယ်။မြောင်းတွေ တူးဖော်နေပေမယ့် ကျွန်တော်တို့မြို့လက် ရှိအနေထားနဲ့ က မနိုင် ဘူး။သန့်ရှင်းရေးအင် အားနည်းတယ်။မြောင်းတွေမှာ အမှိုက်တွေကများနေ တယ်။ကျနေတဲ့အမှိုက်တွေပြန် ဆယ်ရင်းနောက် အမှိုက်ကထပ်ကျ လာတယ်။ အိမ်ခြေ ၃၀-လောက်ရေကြီးနေတဲ့နေရာက ကန်သာဦးသုဿ န် အဟောင်းနေ ရာဖြစ် တယ်။အဆောက်အဦးအသစ်တွေတိုး ချဲ့ပြီးဌာနဆိုင် ရာအဆောက်အဦးတွေပေါ်လာတော့ရေမြောင်းတွေ မရှိတော့တာဖြစ် မယ်။ ကွင်းဆင်းစစ်ဆေးပြီးရေ မမြှပ်အောင် မြောင်းတွေပြန် လည် တူးဖော်ပေးဖို့လုပ်ကို လုပ်ရပါလိမ့်မယ်။ မလုပ်ရင်ဆက်ဖြစ်နေ အုံးမှာပဲ။အခုမိုးရွာနေချိန်မှာ ရွှေတစ်ချောင်းလမ်း ကိုလိုက်ကြည့်တော့ လမ်းပေါ်ရေတွေတအားရောက်နေ တယ်။အိမ်တစ်အိမ် ကလဲ ရေမြောင်းလမ်း အပေါ်ကိုတစ်ပေလောက် တိုးပြီးခြံခတ် ထားတာတွေ့ ခဲ့သလို မကြာသေးမှီကဆောက် ထား တဲ့အဆောက် အဦးကရေမြောင်း ကိုပိတ်ပြီးအဆင်းအတက်လမ်းတစ်ခု အကြီးကြီးလုပ် ထားတယ်။ ”ဟု ပြည်မြို့ နယ် စည်ပင်သာရေးကော်မတီဝင် တစ်ဦး ကပြောသည်။
အဆိုပါမိုးရွာတိုင်းရေကြီးသည့်ရပ်ကွက်များသည် ပြည်မြို့ပေါ်ရှိ စည်ကြီး ဆွဲတောင်ပိုင်း-အောင်သစ္စာလမ်းတစ်ခြမ်းရှိနေ အိမ်သုံးဆယ်ခန့်၊ ချင်းစုတာ ရိုးရပ်ကွက်တွင် နေအိမ် ဆယ်လုံးခန့်၊ပြည်မြို့ စက်မှုကွက် သစ်ရပ်ကွက် လမ်းများ အပါဝင် မြေနိမ့်ရာရပ်ကွက် သုံးလေးရပ်ကွက် ခန့်အထိရှိနေပြီး ပြည်မြို့ အတွင်း ရှိ ရေမြောင်းများ ပိတ်ဆို့နေခြင်း နှင့် ရေ စီးရေ လာမကောင်းမွန်ခြင်းများနှင့် စည်းကမ်းမဲ့ရေမြောင်းအတွင်းသို့ အမှိုက်များစွန့်ပစ်နေမှုတို့ကြောင့်ယခုလိုမြောင်းရေကြီးမှု များ၊မြောင်းရေ၀ပ် မှု များဖြစ်ပေါ်ကာ ပြည်မြို့ အတွင်း ရွှေဆံတော်စေ တီတော်မြတ် ကြီး မြောက် ဘက်မုဒ်-နာရီစင်အနီးတွင် မိုးအနည်းငယ်ရွာ တိုင်းမြောင်းရေ များလျှံတက်နေမှုများဖြစ်ပေါ်လျှက်ရှိနေပြီးမြာင်းရေများပြန်လည်ကျဆင်းသွားပါက အမှိုက်များ စွာလမ်းပေါ်တင်ကျန်ရစ် ခဲ့သောကြောင့် ပြည်မြို့၏ အလှ အား အကျန်းတန်အရုပ် ဆိုးစေကြောင်း ဒေသခံပြည်များသူ ထံကသိရ သည်။
K3(pyay)
#Democracytoday
ပြည်မြို့တွင်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့်မြင်ကွင်း။ ဓာတ်ပုံ - K3-ပြည်

No comments:
Post a Comment