အရက်သေစာသောက်စားမှုးယစ်နေသူအား
သွားရောက်တားမြစ်ခဲ့သည့် ရဲတပ်သားတစ်ဦးသေဆုံးခဲ့
ပေါင်းတည်၊ဇွန်၊၎
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါင်းတည်မြို့ရှိ
ပြည်-ရန်ကုန်လမ်းမကြီးပေါ်တွင် ဇွန်-၃ရက်နေ့ ည ၈-နာရီအချိန်ခန့်က အရက်သေစာသောက်စားပြီး
မှုးယစ်ရမ်းကားနေသူအား ပေါင်းတည်မြို့မရဲစခန်းမှ ရဲတပ်သားနှင့် ၄င်းသူငယ်ချင်းတို့ နှစ်ဦးသွားရောက်တားမြစ်ရာ
အချင်းများ၍ ရဲတပ်သားတစ်ဦး ထိုးသွင်းဒဏ်ရာများရရှိကာ ယင်းဒဏ်ရာများကြောင့်သေဆုံးသွားခဲ့ကြောင်းသိရသည်။
“မနေ့က ည
၈-နာရီလောက်ကဖြစ်သွားခဲ့တာပါ။လက်ရှိအခြေက သူတို့ကျူးလွန်တဲ့အတိုင်း အမှုဖြစ်စဉ်အတိုင်း
အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး သက်ဆိုင်ရာဌာနတွေကိုဆက်လက်တင်ပြသွားမှာပါ။ကျူးလွန်တဲ့ပြစ်မှုပုဒ်မအတိုင်းပဲဆက်လက်ဆောင်ရွက်သွားမှာပါ။”ဟု
ပေါင်းတည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ပေါင်းတည်မြို့
ပြည်-ရန်ကုန်လမ်းမကြီး ဈေး ၂-ရပ်ကွက် ၁၁-လမ်းထိပ်တွင် အရက်သေစာမှုးယစ်သောက်စား၍ ပြည်-ရန်ကုန်ကားလမ်းမကြီးပေါ်မှ
ဖြတ်သန်းသွားလာသူများကို အော်ဟစ်ဆဲနေသူ ကောင်းကျော်ကျော်ထွန်းအား ပေါင်းတည်မြို့မရဲစခန်းမှ
ရဲတပ်သား-စစ်နိုင် နှင့် သူငယ်ချင်း ၂-ဦးတို့သည် သွားရောက်တားမြစ်ရာမှ အချင်းစကားများ၍
ဟော်ဟစ်ဆဲဆိုနေသူ ကောင်းကျော်ကျော်ထွန်း၊ဖခင်ဖြစ်သူ ထွန်းသန်းဦး နှင့် ဦးလေးတော်စပ်
ဇော်နိုင်ထွန်းတို့မှ ရဲတပ်သား-စစ်နိုင်နှင့် လုံးထွေးသတ်ပုတ်ကြရာ ရဲတပ်သား-စစ်နိုင်ထွန်း၏ လည်ပင်တွင် ထိုးသွင်းဒဏ်ရာ၊ဘယ်ဘက်နို့အုံ
နံကြား ထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး ယင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါ သေဆုံးသွားသူ
ပေါင်းတည်မြို့မရဲစခန်း ရဲတပ်သား-စစ်နိုင် ၏အမျိုးသမီးတွင် ကိုယ်ဝန် ၆-လဖြင့်ကျန်ရစ်ခဲ့ရပြီး
ပြစ်မှုကျူးလွန်သူများကို သက်သေခံ နှင့်အတူတူဖမ်းဆီးရမိခဲ့ပြီး ပေါင်းတည်မြို့မရဲစခန်းမှ
ပ-၃၅၃/၂၀၁၆၊ပြစ်မှုပုဒ်မ-၃၀၂/၃၂၅/၁၄၄ တို့ဖြင့် အရေးယူဆောင်ရွက်ထားလျှက်ရှိကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)
No comments:
Post a Comment