Friday, May 13, 2016



အပေါ့သွားရာမှ လက်ပစ်ဗုံးတစ်လုံးတွေ့ရှိခဲ့ တာဝန်ရှိသူများစစ်ဆေးရာ မြန်မာနိုင်ငံထုတ်လက်ပစ်ဗုံးဖြစ်ပြီး စနစ်တံမပါရှိ
ပြည်၊မေ၊၁၂
ပဲခူးတိုင်ဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွာဘဲရပ် ဦးဝင်းမြဆန်စက်လမ်းအတွင်းရှိ ဦးဝင်းမြဆန်စက်ဝန်းအဟောင်းအတွင်းခြံထောင့်တွင် မေလ ၁၂-ရက်နေ့ နေ့လည် ၁၂း၃၀ မိနစ်အချိန်ခန့်က ဆိုက်ကားဆရာ ဦးစိန်မြင့် မှ အပေါ့သွားနေစဉ် ၄င်းခြံတံခါး ညာဘက်ထောင့်တွင် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ပစ်ဗုံးအား တွေ့ရှိခဲ့သည့်ဆိုက်ကားဆရာမှ အနီးရှိ ၀ါးဆိုင်ပိုင်ရှင် ကိုဇော်မင်းနိုင်အားအသိပေးအကြောင်းကြား ထိုဝါးဆိုင်ပိုင်ရှင်မှ ပြည်မြို့မရဲစခန်းသို့ ထိုနေ့ နေ့လည် ၁း၃၀မိနစ်အချိန်ခန့်မှာ ဆက်သွယ်အကြောင်းကြားခဲ့ရာ ပြည်ခရိုင် ခရိုင်ရဲမှူး ဒုရဲမှူးကြီး အောင်သက်နိုင်၊ပြည်မြို့နယ်ရဲမှူး မြင့်ဦး၊ပြည်မြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်-ဇင်မင်းဦး နှင့် တာဝန်မှူး ဒုရဲအုပ်-လှိုင်မိုးဝေတို့အဖွဲ့မှ သက်ဆိုင်ရာအသိသက်သေများနှင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ပစ်ဗုံးတွေ့ရှိခဲ့သည့် ဦးဝင်းမြဆန်စက်ဝန်းအဟောင်းမှာ လူသူနေထိုင်ခြင်းမရှိကြောင်းသိရပြီး ၄င်းခြံတံခါးမှာအမြဲနေ့ရောညပါ ဖွင့်လှစ်ထားခြင်းကြောင့် အများသူများများမကြာခဏ၀င်ရောက်တတ်ကြောင်းသိရပြီး ၄င်းခြံဝန်းအတွင်းမျာ ခြုံနွယ်များဖြင့် ပြည့်နှက်လျှက်ရှိနေကြောင်းသိရသည်။
အဆိုပါ လက်ပစ်ဗုံးတွေ့ရှိမှုနှင့်ပတ်သက်ပြီး လာရောက်စစ်ဆေးသည့်အဖွဲ့များမှ နယ်မြေခံ ဒကစ(ပြည်) နှင့် အမှတ်(၉၁၁)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ဒကစ(ဆွယ်)တို့အားဆက်သွယ်အကြောင်းကြားခဲ့ကြောင်းသိရသည်။အဆိုပါဆက်သွယ်အကြောင်းကြားခဲ့သည့်အတွက်ကြောင့် ၂း၂၀ မိစန်အချိန်ခန့်တွင် ဒကစ(ပြည်)မှ ဗိုလ်ကြီး-ကျော်ဇင်ထက် နှင့် အမှတ်(၉၁၁)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းဒကစ(ဆွယ်) မှ ဒုအရာခံဗိုလ်-အောင်မြင့်နှင့်အဖွဲ့တို့ ရောက်ရှိလာခဲ့ပြီး အဆိုပါ လက်ပစ်ဗုံးအားဆက်လက်စစ်ဆေးခဲ့ရာ ၄င်းလက်ပစ်ဗုံးမှာ မြန်မာနိုင်ငံထုတ် MG-1 လက်ပစ်ဗုံးဖြစ်နေပြီး စနစ်တံမပါရှိကြောင်းသိရသည်။အဆိုပါ လက်ပစ်ဗုံးအား ဗိုလ်ကြီး-ကျော်ဇင်ထက် မှ ဒကစ(ပြည်)သို့ သိမ်းဆည်းယူဆောင်သွားခဲ့ကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉-၂၅၃၃၁၁၀၁၉



No comments:

Post a Comment