မိုးသန်းထန်စွာရွာသွန်းမှုနှင့်လေပြင်းတိုက်ခိုက်မှုကြောင့် ကံမမြို့နယ်အတွင်း ကျေးရွာ ၁၈-ရွာခန့်မှ လူနေအိမ်ခြေပေါင်း ၄၀၀-ခန့်ပျက်စီး
ကံမ၊မေ၊၁၀
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်အတွင်းရှိ ကံမမြို့နယ်အတွင်းမှာ မေလ-၉-ရက်နေ့ ညနေ ၅း၃၀မိနစ်အချိန်ခန့်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်လေပြင်းတိုက်ခိုက်မှုဒဏ်တို့ကြောင့် ကံမမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈-ရွာမှ လူနေအိမ်ပေါင်း-၄၀၀-ခန့် အမိုးလန်ပျက်စီးပြိုကျသွားခဲ့ ကြောင်းသိရသည်။အဆိုပါ ကံမမြို့နယ်အတွင်း ပြီးခဲ့သည့် ဧပြီလ ၂၉-ရက်နေ့တွင် မိုးသည်းထန်းစွာရွာသွန်းမှု နှင့် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ခြေပေါင်း ၄၀-ကျော် အမိုးလန်ပျက်စီးမှု နှင့် 11-KV ဓါတ်တိုင်ပေါင်း ၂၄-တိုင်ခန့် ပြိုကျပျက်စီးသွားခဲ့ောကာင်းသိရသည်။
အဆိုပါ ကံမမြို့နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှု နှင့် လေပြင်းတိုက်ခိုက်မှုတို့ကြောင့် လူနေအိမ်များပျက်စီးခြင်း၊သစ်ပင်ကြီးများ အမြစ်မှပြိုလဲခြင်း၊သစ်ကိုင်းများကျိုးပဲ့ခြင်း၊စပါးကျီများ(စပါးဂိုဒေါင်)များ လွင့်ပါသွားခြင်း၊လမ်းများပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်အထိ ဖြစ်ပွားခဲ့ကြောင်းသိရသည်။၎င်းမိုးသည်းထန်စွာရွာသွန်းမှု နှင့် လေပြင်းတိုက်ခိုက်မှုဒဏ်အားဆိုးရွာစွာခံစားခဲ့ရသည့် ကံမမြို့နယ်၊ကျောက်စောင်းအုပ်စု၊ကျောက်စောင်းကျေးရွာတွင် လူနေအိမ်ခြေပေါင်း ၃၀၀-ခန့်ရှိရာ-အိမိခြေပေါင်း-၂၀၀-ကျော် အမိုးလန်ခဲ့ပြီး လူနေအိမ် ၇-လုံးပြိုကျပျက်စီး၍ စာသင်ကျောင်း-၁-ကျောင်း၊ကျေးလက်ဆေးပေးခန်း ၁-တစ်ခု၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၁-ရုံး နှင့်ဘုန်းတော်ကြီးကျောင်း ၂-ကျောင်းအမိုးလန်ပျက်စီးသွားခဲ့ကြောင်းသိရသည်။
“လေကတော်တော့ကိုကြမ်းတယ်။တစ်ခါမှမကြုံဘူးသေးဘူး။အိမ်ကိုတစ်ခါထဲပြိုကျရော။တစ်ချို့လူတွေက စပါးကျီတွေအောက်ထဲပုန်းသူပုန်း၊ကောက်ရိုးပုံအောက်ထဲပုန်းသူပုန်း၊အိမ်ထဲတွယ်ကပ်နေသူက တွယ်ကပ်နေကြတယ်။တစ်ချို့ကအိမ်အပြင်မထွက်ရဲဘူး။ဦးလေးကတော့ အိမ်လှေခါးကိုဖက်ထားရတယ်။လေကတစ်အားကြမ်းတယ်။မိုးသီးတွေတော့မပါဘူး။လေအရောင်ကအနီရောင်တွေ။ရွာမှာအိမ်ခြေ သုံးရာကျော်ရှိတယ်။အိမ်ခြေ လေးဆယ်လောက်ပဲအကောင်းကျန်ခဲ့တယ်။အိမ်တွေအမိုးလန်တယ်။ပြိုကျပျက်စီးတယ်။သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေရးမှူးအဖွဲ့တွေတော့လာကြည့်နေပါတယ်။ဘာလုပ်ပေးမယ်ဆိုတာတော့ခုထိမသိရသေးပါဘူး။အိမ်တွေပြန်ပြုပြင်ပေးစေချင်ပါတယ်။” ဟု ကျောက်စောင်းကျေးရွာနေထိုင်သူ-အိမ်ပြိုကျသွားသူ-ဦးစံညောင်(ခေါ်)ဦးတင်မောင်-ကပြောသည်။
အဆိုပါလေပြင်းတိုက်ခိုက်မှုဒဏ်ကြောင့် မကွေးတိုင်း၊သရက်ခရိုင်၊ကံမမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှာပိုမိုဆိုးရွာစွာလေပြင်းတိုက်ခိုက်မှုဒဏ်ကိုခံစားခဲ့ရပြီး လက်ရှိအခြေအနေအရ ကျောက်စောင်းအုပ်စု၊ကျောက်စောင်းကျေးရွာ နှင့် ရွာသာယာကျေးရွာ၊ဇွေးမိကျေးရွာ၊ခြောက်ပင်ကျေးရွာစသည့်ကျေးရွာများတွင် ပိုမိုဆိုးရွားစွာ လေပြင်းတိုက်ခိုက်ခံရမှုဒဏ်ကိုခံစားသွားခဲ့ရကြောင်းသိရသည်။
“ပထမအကြိမ်ဖြစ်တုန်းကနည်းနည်းပါးပါးဖြစ်တာ။အဲဒိတုန်းကရထားတဲ့ပစ္စည်းတွေလည်းဒီရွာမှာလှူဒါန်းပြီးပါပြီ။အခုကပိုများတယ်။အခုလိုက်စစ်ဆေးကြည့်ရှုပြီး သက်ဆိုင်ရာတွေကိုဆက်လက်တင်ပြပေးသွားမှာပါ။လတ်တစ်လောအနေနဲ့-တပ်နဲ့ရဲကလည်းသန့်ရှင်းရေးတွေဝင်ရောက်ကူညီပေးနေပါတယ်။အများဆုံးလုပ်ဆောင်နေရတာက ဒေသခံရွာသားတွေပါပဲ။ကံမမြို့ထဲက ရွာပေါင်း ၁၈-ရွာခုလိုဖြစ်သွားတာပါ။ပကျစီးတာက ခန့်မှန်း ၄၀၀-လောက်အိမ်ခြေပျက်စီးတယ်။စာရင်းတွေထပ်ကောက်နေတုန်းပါပဲ။ဒီကျောက်စောင်းရွာက အားလုံးထဲမှာအဆိုးဆုံးပါပဲ။ကျန်တဲ့ရွာတွေကိုလည်းသွားရောက်ကြည့်ရှု့စစ်ဆေးသွားမှာပါ။”ဟု ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်း-ကပြောသည်။
အဆိုပါ ကံမမြို့နယ်အတွင်းရှိ ကျီးမီး၊ကျောက်စောင်း၊ရွာသာယာ၊တောမ၊ကျောက်ပြုပ်၊ကုန်းညှင်း၊စံတုန်း၊ခြောက်က်ပင်၊ရေနံ့သာ၊ဇွေးမိ-စသည့်ကျေးရွာများအတွင်း မေလ-၉-ရက်နေ့ ညနေ ၅း၃၀-မိနစ်အချိန်ခန့်မှ ၆း၃၀-မိနစ်အချိန်ခန့်အထိ တစ်နာရီခန့်ကြာမြှင့်စွာ မိုးသည်းထန်စွာရွာသွန်းမှု နှင့် လေပြင်းတိုက်ခိုက်မှုတို့ကြောင့် လူနေအိမ်ခြေပေါင်း --၄၀၀ခန့်အမိုးလန်ပျက်စီးပြိုကျခဲ့မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပြီး
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment