Saturday, May 7, 2016



ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ရက် ၁၀၀-အတွင်းဆောင်ရွက်ရမည့်ကိစ္စလုပ်ငန်းတစ်ချို့နှင့်လတ်တလောဆောင်ရွက်နိုင်မည့် ပြည်သူလူထုလိုအပ်ချက်များကို ဦးစားပေးလုပ်ဆောင်သွားမည်ဟုဆို
ပြည်၊မတ်၊၆
• ပဲခူးတိုင်းဒေသကြီးအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရအဖွဲ့အနေနှင့် ရက်ပေါင်း ၁၀၀-အတွင်းမှာ ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စတွေနှင့်ပတ်သက်ပြီး ပဲခူးတိုင်းအနောက်ခြမ်း မှ ပြည်သူလူထုများ၊ဌာနဆိုင်ရာများ၊အရပ်ဘက်အဖွဲ့အစည်းများ နှင့် ပြည်မြို့တွင် တွေ့ဆုံခဲ့စဉ်က ပဲခူးတိုင်းဝန်ကြီးချုပ်အနေဖြင့် လုပ်ပေးနိုင်သည့်ကိစ္စရပ်များကို ချက်ခြင်းအမြန်ဆုံးလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
• အဆိုပါ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဝင်းသိန်းသည် မတ်လ ၆-ရက်နေ့ နံနက်ပိုင်းမှာ ပြည်မြို့ သရေခေတ္တရာမြို့တော်ခန်းမအတွင်းတွင် ပြည်၊ပေါင်းတည်၊ပန်းတောင်း၊ပေါက်ခေါင်း၊ရွှေတောင်၊သဲကုန်း စသည့်ပြည်ခရိုင်အတွင်းရှိ ၆-မြို့နယ်မှ အရပ်ဖက်အဖွဲ့အစည်းများ၊သက်ဆိုင်ရာဌာနများ၊နိုင်ငံရေးပါတီများ၊လူမှုရေးအသင်းအဖွဲ့များ နှင့် မြို့မိ မြို့ဖများ၊ပြည်သူလူထုများ နှင့်တွေ့ဆုံခဲ့သည့်အခမ်းအနားပွဲတွင် ပထမဆုံး ရက် ၁၀၀-အတွင်းမှာ ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် လက်ရှိဒေသအတွင်းရှိ ပြည်သူလူထုတို့၏ လိုအပ်ချက်များတင်ပြချက်များကို နားထောင်မှတ်တမ်းတင်ခဲ့ပြီး လတ်တလော ဆောင်ရွက်နိုင်သည့်ကိစ္စများကိုဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ဆောင်ရမည့် ကိစ္စတွေကို အစိုးရအဖွဲ့တွေ နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းတွေ့ဆုံပွဲတွင်ပြောကြားသွားခဲ့သည်။အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ တက်သူအင်အား ၈၀၀-ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။
“လမ်းတံတားတွေကိစ္စ၊စိုက်ပျိုးရေးကိစ္စတွေကိုမိုးမကျမှီလုပ်ဆောင်သွားဖို့နဲ့ ဆယ်မြောင်းကိစ္စလယ်တွေရေမရတဲ့ကိစ္စတွေနဲ့ အန္တရာယ်ဖြစ်စေတဲ့အခုဆိုင်ကယ်ဖမ်းတဲ့ကိစ္စတွေ၊ဈေးတွေမိးလောင်တဲ့ကိစ္စ ၊ဈေးတွေကြောင့်လမ်းတွေကြပ်ပြီးသွားလာလို့မရတဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး၊ရက်(၁၀၀)စီမံကိန်းဆိုပြီးလုပ်သွားမှာဖြစ်တယ်။ရရှိလာခဲ့တဲ့ ဘတ်ဂျက်နဲ့လုပ်ချင်တဲ့အလုပ်တွေက ယခင်အစိုးရ လက်ထက်ကထက် ပိုနေမှုတွေကြောင့် အဆင်မပြေမှာကို စိုးရိမ်မိပါတယ်။”ဟု ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်း-ကပြောသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားတွင် တက်ရောက်လာသူတစ်ချို့မှ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ ဒေသလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။
“ကလေးကစားကွင်းအမည်တပ်ပြီးလောင်ကစားလုပ်နေတာနဲ့ပတ်သတ်ပြီး၊ဒေသဆိုင်ရာအာဏာပိုင်ကခွင့်ပြုထားခဲ့ပါတယ်၊အဲဒိလောင်းကစားဝိုင်းတွေကတနေ့တခြားပိုများလာတာကြောင့်၊လူတွေရဲ့အကျင့်စာရိတ္တတွေ၊စီးပွားရေးတွေပျက်စီးလာခဲ့တာကြောင့် ဒိလောင်းကစားဝိုင်းတွေနဲ့ပတ်သတ်ပြီး ဘယ်လိုဆောင်ရွက်ပေးနိုင်ပါမလည်း။”ဟု ၄င်းတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်မြို့ ရွာဘဲရပ်ကွက်နေထိုင်သူ ဦးကျော်ကျော်ဥာဏ်ဝင်း-ကပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့တက်ရောက်လာသူများထဲမှ ပြည်-ရန်ကုန်လမ်းပျက်စီးနေမှုအခြေအနေများအားတင်ပြခဲ့မှုများလည်းရှိနေခဲ့ပြီး ၄င်းအခမ်းအနားအပြီး နေ့လည်ပိုင်းအချိန်တွင် ပြည်မြို့နယ်အတွင်းရှိ ၀န်ထမ်းများ နျင့်တွေ့ဆုံခဲ့သည့်ပွဲမှာလည်း ပဲခူးတိုင်းဒေသကြီး-၀န်ကြီးချုပ်က- “အစိုးရတွေဘယ်လောက်ပြောင်းပြောင်းဝန်ထမ်းတွေနဲ့ပတ်သတ်ပြီးတော့၊၀န်ထမ်းစည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့နဲ့၊အဂတိတရားကင်းကင်းနဲ့၊တာဝန်ကျေဖို့အတွက်ကို”ပြောကြားခဲ့ပါတယ်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉

No comments:

Post a Comment