နှစ်-၇၀-ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်အနား ယခင်နှစ်ထက်ပိုမိုစည်ကားစွာကျင်းပခဲ့
ပြည်၊မေ၊၅
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် နှစ်(၇၀)ပြည့်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားအား မေလ-(၅)ရက်နေ့ နံနက် ၆-နာရီအချိန်မှစတင်ကာ ပြည်ခရိုင်အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ နှစ် ၇၀-ပြည့်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မီးသတ်နေ့ဖြစ်ပေါ်လာပုံကို၎င်းကဆက်လက်ရှင်းလင်းပြောကြားသွားခဲ့ကြောင်းသိရသည်။၎င်းအခမ်းအနားတွင် မီးငြိမ်းသတ်ရေးသရုပ်ပြအဖြစ် အိမ်ရှင်မများချက်ပြုပ်ကျော်လှော်ရာမှ ဂတ်(စ့်)မီးဖို၊လျှပ်စစ်မီးဖို နှင့် ရိုးရိုးမီးများလောင်ကျွမ်းခဲ့ပါက မီးငြိမ်းသတ်ပုံများ နှင့် သုံးထပ်တိုက်မီးလောင်မှုသရုပ်ပြ မီးငြိမ်းသတ်မှုများပြုလုပ် ပြသခဲ့ကြောင်းသိရသည်။
“နှစ် ၇၀-ပြည်ထိမ်းအမှတ်အနေနဲ့ ပြည်ရွှေဆံတော်ဘုရားမှာ သန့်ရှင်းရေးလုပ်အားဒါနကို အင်အား ၂၀၀-နဲ့ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။ဒုတိအနေနဲ့ ကုတင် ၅၀၀-ပြည်ဆေးရုံကြီးမှာ သွေးလှူဒါန်းခြင်း၊ရေမြောင်းများသန့်ရှင်းရေးပြုလုပ်ခြင်းများကို အင်အား ၆၀၀-ကျော်နဲ့ဆောင်ရွက်ခဲ့ပါတယ်။ရပ်ကွက်အလိုက်အရန်မီးသတ်တွေကလည်း တပ်ခွဲအလိုက်ရပ်ကွက်ထဲမှာ မီးသတိပေးခြင်းကိစ္စတွေဆောင်ရွက်ခဲ့ကြပါတယ်။ဒီအခမ်းအနားပြီးရင် သက်ဆိုင်ရာရေရှားတဲ့နေရာတွေ၊ဘုန်းတော်ကြီးကျောင်းတွေကို ရေလှူဖို့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ရှို့မီးဆိုတာတွေက လက်တွေ့ကျကျမမိတော့ပြောရခက်ပါတယ်။နည်းနည်းဖြစ်တာကိုတွန်းအားပေးတဲ့အနေနဲ့ အဖျက်အနေနဲ့ပြောဆိုနေတာတွေလဲရှိနေပါတယ်။အမှန်တစ်ကယ်လှောင်မီးသွားတဲ့မီးလောင်မှုဖြစ်စဉ်တွေနောက်ပိုင်းမှာ အဖျက်အနေနဲ့ပြောဆိုနေတာတွေလည်းရှိနေတယ်။ပြည်မြို့မှာမီးကအစဉ်အလာကောင်းပြီးသားပါ။ရပ်ကွက်တိုင်းနေရာတိုင်မှာ အရန်မီးသတ်တပ်ဖွဲ့တွေရှိနေပါတယ်။ အရန်မီးသတ်တွေကစိတ်တအားထက်သန်နေတော့ အန္တရာယ်ဖြစ်မှာဆိုးလို့သတိပေးတာတွေပြုလုပ်ပေးနေရပါတယ်။ပြည်မြို့မှာတော်ရုံမီးလောက်တော့ အလွယ်တကူငြိမ်းသတ်နိုင်ပါတယ်။ပြည်မြို့ မီးငြိမ်းသတ်ရေးက အရမ်းအားရဖို့ကောင်းပါတယ်။”ဟု ပြည်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်-ကပြောသည်။
အဆိုပါ အခမ်းအနားတွင် ပြီးခဲ့သည့် မေလ ၂-ရက်နေ့ ညနေတွင်ကျင်းပခဲ့သည့် မီးငြိမ်းသတ်ရေးစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် အရန်မီးသတ်တပ်စုများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကိုပှုးတွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါ အခမ်းအနားအပြီးတွင် ပြည်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အားရှေ့သို့ မီးငြိမ်းသတ်ယာဉ်များဖြင့် တန်းစီချီတက်၍ နိုင်ငံတော်အလံအလေးပြုခြင်း၊ကျဆုံးသွားခဲ့သည့် မီးသတ်ရဲဘော်များအားအလေးပြုခြင်းများပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်အား မီးငြိမ်းသတ်ယာဉ်အားလုံးမှ ရေများဖြင့်ပတ်ဖျန်း၍ နှစ် ၇၀-ပြည့်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အားဂုဏ်ပြုကြိုဆိုခဲ့ကြောင်းသိရသည်။
ပြည်ခရိုင်အတွင်း ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ မှ ဧပရယ်လကုန်အထိ မီးလောင်မှု-၂၄-ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ပြည်မြို့နယ်အတွင်းမှာ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ မှ ဧပရယ်လကုန်အထိ -၁၁-ကြိမ်မီးလောင်မှုဖြစ်ပွားသွားခဲ့ကြောင်းသိရသည်။ အဆိုပါ နှစ် ၇၀-ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားအား ပြည်ခရိုင်အတွင်းရှိ ပြည်၊ရွှေတောင်၊ပေါင်းတည်၊ပေါက်ခေါင်း၊ပန်းတောင်း၊သဲကုန်းမြို့အတွင်းများမှ မီးတပ်တပ်ဖွဲ့ပေါင်းအင်အား ၆၅၀-ကျော်တက်ရောက်ခဲ့ပြီး ပြည်ခရိုင်အတွင်းရှိ မီးငြိမ်းသတ်ယာဉ်ပေါင်း ၄၀-ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment