လေပြင်းတိုက်ခိုက်မှုကြောင့်
ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူထီးတော်ယိုင်လဲခဲ့ပြီး စိန်ဖူးတော်မြေခသွားခဲ့
ပြည်၊မေ၊၃
ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင်၊ပြည်မြို့နယ်၊ထမ္မကောက်အုပ်စုအတွင်းမှာ မေလ ၂-ရက်နေ့ညတွင် တိုက်ခိုက်ခဲ့သည့်
လေကြောင့် ထမ္မကောက်အုပ်စုအတွင်းတည်ထားသည့် ရှေးဟောင်းသမိုင်းဝင် သောက်ြမာစေတီတော်မြတ်ကြီထီးတော်ယိုင်လဲခဲ့ပြီး
စိန်ဖူးတော်မြေခခဲ့ရကြောင်းသိရသည်။
အဆိုပါ ပြည်မြို့နယ်
တမ္မကောက်အုပ်အတွင်းမှာတည်ထားလျှက်ရှိသည့် ရှေးဟောင်းသမိုင်းဝင် သောက်ြမာစေတီတော်မြတ်ကြီးထီးတော်အတွင်းရှိ
မဏ္ဍိုင်(ခေါ်)ပန်းလည်တိုင်မှာ မေလ ၂-ရက်နေ့ည ၆း၃၀မိနစ်အချိန့်မှာတိုက်ခိုက်သွားသည့် လေဒဏ်ကြောင့်
အရှေ့အရပ်သို့ယိုင်လဲကာ စေတီ၏ထိပ်တွင်ရှိသော စိန်ဖူးတော်မှာ ကျွတ်ထွက်၍ မြေခသွားခဲ့တာဖြစ်ကြောင်းသိရသည်။
“လေစတိုက်တာက
ရာဟုထောင့်ကနေစတိုက်တယ်။လေကတစ်ဝေါဝေါနဲ့စတိုက်တာ။ခဏနေတော့ လေကထီးတော်ကြီးကို စောင့်တိုက်လိုက်သလိုဖြစ်ပြီး
အရှေ့အရပ်ဘက်ကို မဏ္ဍိုင်ကယိုင်လဲခဲ့ပြီး စိန်ဖူးတော်မြေခခဲ့ရတာ။အခု သက်ဆိုင်ရာဆရာတော်တွေနဲ့
အုပ်ချုပ်ရေးမှူးအဖွဲ့တွေဒေသခံတွေပေါင်းစုပွဲ တိုင်ပင်ဖို့အစီစဉ်ရှိပါတယ်။အလှူရှင်မရှိသေးဘူး။အလှူရှင်လိုအပ်နေပါတယ်။”
ဟု သောက်ြမာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးသုစိတ္တသာရ-ကမိန့်ကြားခဲ့သည်။
အဆိုပါ ထမ္မကောက်အုပ်စုအတွင်းမှာတည်ထားခဲ့သည့်
ရှေးဟောင်းသမိုင်းဝင်သောက်ြမာစေတီတော်မြတ်ကြီးမှာ သရေခေတ္တရာမင်းဆက်တစ်ခုဖြစ်သည့် ဒွတ္တပေါင်မင်းကြီးကိုယ်တိုင်တည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင်စေတီကိုးဆူအနက်
တစ်ဆူအပါဝင်ဖြစ်ပြီး ယခုလိုမြေခသွားမှုကြောင့် ရွှေထီးတော်ပြန်လည်တင်ရန် အလှူများလိုအပ်လျှက်ရှိနေကြောင်းသိရသည်။
“လေပြင်းတိုက်တာက
၆း၃၀ခန့်လောက်မှာစတင်တိုက်ခိုက်တယ်။စိန်ဖူးမြေခတဲ့သတင်းကို ၈-နာရီလောက်မျာစတင်ကြားရလို့လာပြီးစိန်ဖူးဝိုင်းရှာကြတာမတွေ့ခဲ့ရဘူး။
ပြန်သွားကြပြီး နောက်တစ်ကြိမ်ထပ်ပြီး စိန်ဖူးဝိုင်းရှာကြတော့မှ စိန်ဖူးက မုဒ်ဦးအ၀င်
အမိုးပေါ်ကပြန်တွေ့တယ်။စိန်ဖူးက ထိပ်ပိုင်းကျိုးသွားလို့ အသစ်ပြန်လည်တင်ရမှာပါ။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး
သက်ဆိုင်ရာ ဆရာတော်ကြီးတွေနဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတွေကို အစည်းဝေးခေါ်ထားပါတယ်။ထီးက
မွန်မြန်မာနှစ်ထပ်ထီးဖြစ်ပါတယ်။မဏ္ဍိုင်ယိုင်လဲသွားတာဖြစ်လို့ မဏ္ဍိုင်ကိုအသစ်လဲရပါတယ်။ထီးတော်ကိုပြန်ပြင်ရပါမယ်။စိန်ဖူးတော်ကို
အသစ်လဲလှယ်ရပါမယ်။”ဟု သောက်ြမာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးဌေးဝင်း-ကပြောသည်။
အဆိုပါ ရှေးဟောင်းသမိုင်ဝင်သောက်ြမာစေတီတော်မြတ်ကြီး
စိန်ဖူးမြေခသွားမှုအား သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးများထံတင်ပြထားခဲ့ပြီး မြို့နယ်သံဃနာယကဆရာတော်များနှင့်ဂေါပကအဖွဲ့များနှင့်ညှိနိုင်းတိုင်ပင်၍
စိန်ဖူးတော်အသစ်လဲလှယ်ကာ ရွှေထီးတော်တင်လှူပွဲပြန်လည်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။ပြီးခဲ့သည့်
ဧပြီလကုန်ခါနီးခန့်တွင် ယခုလိုလေပြင်းတိုက်ခိုက်မှုကြောင့် ထမ္မကောက်အုပ်စုကျေးရွာအတွင်းရှိ
လူနေအိမ် ၅-လုံးခန့် ပြိုကျပျက်ဆီးခဲ့ပြီး လူနေအိမ်ခြေ ၃၀-ကျော်အမိုးလှန်ပျက်ဆီးခဲ့ကြောင်းသိရသည်။ယခုဒုတိယအကြိမ်လေပြင်းတိုင်ခိုက်မှုကြောင့်
သောက်ြမာစေတီတော်ဘုရားအနီးရှိ သောက်ြမာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ သီလရှင်တဲကျောင်းတစ်ခု
အမိုးလှန်ပျက်ဆီးခဲ့ရပြီး ထိခိုက်မှုမရှိကြောင်းသိရသည်။၎င်းရှေးဟောင်းသမိုင်းဝင်သောက်ြမာစေတီတော်မြတ်ကြီး၏
ဗုဒ္ဓပှုဇနိယဘုရားပွဲတော်အား နှစ်စဉ် ပြာသိုလဆန်း ၁၃၊၁၄၊၁၅-ရက်နေ့အထိ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment