ပြည်ထဲရေးဝန်ကြီးဋ္ဌာနပြည်ထောင်စုဝန်ကြီးမှ ဒီ
ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ တပ်ဖွဲ့ဦးစီးဋ္ဌာန၀န်ထမ်းများတွေ့ဆုံခဲ့
ပြည်၊မေ၊၁၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊မှုယာပင်ရပ်ကွက်ရှိ ခေတ္တရာမြို့တော်ခန်းမတွင် မေ-၁၇ရက်နေ့ နံနက်-၉ နာရီအချိန်ခန့်တွင် ပြည်ထဲရေးဝန်ကြီးဋ္ဌာနပြည်ထောင်စုဝန်ကြီးသည်
ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ တပ်ဖွဲ့ဦးစီးဋ္ဌာန၀န်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
ပြည်ထောင်စု ၀န်ကြီးမှ အမှာစကားပြောကြားရာတွင် ပြည်ထဲရေးဝန်ကြီးဋ္ဌာန
လက်အောက်ရှိ ဋ္ဌာနဆိုင် ရာအဖွဲ့အစည်းအချင်းချင်း
စည်းလုံးညီညွတ်ကြစေလိုကြောင်း၊ပြည်ထဲရေး ၀န်ကြီးဋ္ဌာန၏ ကောင်းမွန်သော
အစဉ်အလာများကို ဆက်လက်စောင့်ထိမ်းစေလိုကြောင်း ၄င်းအခမ်းအနားတွင် ထည့်သွင်းပြောကြားသွားကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို
ရှင်းလင်းတင်ပြခြင်း၊ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက
လမ်းညွှန်အမှာစကားပြောကြားခြင်း၊ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထောက်ပံ့ငွေများ
ပေးအပ်ခြင်း များ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်လာကြသော
ဋ္ဌာနဆိုင်ရာများမှ ၀န်ထမ်းများကို ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခေတ္တရာမြို့တော်ခန်းမတွင် ပြည်ထဲရေး ၀န်ကြီးဋ္ဌာနပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေမှ ပြည်ခရိုင်၊သာယာဝတီခရိုင် အတွင်းရှိ
တပ်ဖွဲ့ဦးစီးဋ္ဌာန၀န်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခရိုင်
အထွေထွေအုပ်ချုပ်ရေးမှူးဋ္ဌာနမှ အင်အား ၁၀၆
ဦး၊ပြည်ခရိုင်ရဲတပ်ဖွဲ့မှ အင်အား
(၁၀၀)ဦး၊ပြည်ခရိုင်အကျဉ်းဦးစီးဋ္ဌာနမှ အင်အား (၁၀)ဦး၊ပြည်ခရိုင်
စုံစမ်းစစ်ဆေးရေးနှင့် သတင်းတပ်ဖွဲ့မှ အင်အား ၆ ဦး၊ပြည်ခရိုင်
မီးသတ်ဦးစီး ဋ္ဌာနမှ အင်အား (၃၀)ဦး နှင့် သာယာဝတီခရိုင်
အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဋ္ဌာနမှ တက်ရောက် အင်အား(၉)ဦး၊သာယာဝတီခရိုင်
ရဲတပ်ဖွဲ့မှ တက်ရောက်အင်အား(၉)ဦး စုစုပေါင်း တက်ရောက်အင်အား (၂၇၀)ဦး
တက်ရောက်ခဲ့ကြောင်း သိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း-၀၉၂၅၃၃၁၁၀၁၉
No comments:
Post a Comment