Sunday, May 8, 2016



အလယ်ကုန်းတိုက်နယ်ဆေးရုံရှိ ၀န်ထမ်းအိမ်ရာများပျက်စီးလာမှုနှင့် ဆေးရုံအတွင်းလိုအပ်ချက်များ နိုင်ငံတော်ကအကူညီပေးစေလို
ကြို့ပင်ကောက်၊မေ၊၈
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြိုပင်ကောက်မြို့နယ်အတွင်းရှိ နိုင်ငံတော်ငွေမပါပဲ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် အလယ်ကုန်းတိုက်နယ်ဆေးရုံသည် သက်တမ်းအားဖြင့် နှစ်သုံးဆယ်ကျော်နေပြီဖြစ်သောကြောင့် ယခင်တည်ဆောက်ထားသည့် ၀န်ထမ်းအိမ်ရာများ ပျက်စီးလာနေမှုကြောင့် ဒေသခံများက နိုင်ငံတော်မှ ပြန်လည်ပြင်ဆင်ပေးရန်လိုအပ်နေပြီဖြစ်ကြောင်းသိရသည်။
“သူများမြို့နယ်တွေမှာတော့လုပ်ပေးတာတွေချပေးတာတွေခဏခဏကြားရတယ်၊ဒီမှာကတခါမှဘတ်ဂျက်ချပေးတာမရှိဘူး၊လူကြီးတွေနဲ့သက်ဆိုင်ရာအာဏာပိုင်တွေကိုတင်ပြတာလဲအထပ်ထပ်အခါခါပဲမရပါဘူး၊၀န်ထမ်းအိမ်ယာလေးတော့လုပ်ပေးစေချင်ပါတယ်။”ဟု ကြို့ပင်ကောက်မြိ့နယ်၊အလယ်ကုန်းတိုက်နယ်ဆေးရုံ-ကြီးကြပ်ရေးကော်မတီ၊ဥက္ကဌ-ဦးသိန်းကို-ကပြောသည်။
အဆိုပါဆေးရုံတွင် ပင်မဆေးရုံ၊သံဃာဆေးရုံ၊၀န်ထမ်းလိုင်းခန်း စသည့်မြေနေရာများအားလုံးကို စေတနာရှင်ပြည်သူများလှူဒါန်းခဲ့ပြီးတည်ဆောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။နိုင်ငံတော်အနေဖြင့် ဓါတ်မှန်ခန်းတစ်ခုကိုသာ နောက်ပိုင်းမှာပြုလုပ်ပေးခဲ့ပြီး ၄င်းဆေးရုံတွင် ဆရာဝန်၂-ဦး၊သူနာပြု-၃-ဦး၊အကူဝန်ထမ်း-၈-ဦးတို့မှ ဆေးရုံကိစ္စအရပ်ရပ်များတာဝန်ယူလျှက်ရှိကြောင်းသိရသည်။
“လေတိုက်ရင်တောင်မနေရဲဘူး၊အောက်ပိုင်းတွေကပျက်စီးနေတာ၊ကျမ်းခင်းတွေကလဲ၊ပေါက်ပြဲနေပြီ၊ကိုယ့်ဟာကိုယ်ဖာထေးနေရတာ၊သွပ်တွေကလဲအပေါက်တွေချည်းပဲဖြစ်နေပြီ၊ပြန်ပြုပြင်ပေးမယ်ဆိုရင်တော့ကောင်းမှာ။”ဟု အလယ်ကုန်းတိုက်နယ်ဆေးရုံ၊သန့်ရှင်းရေးဝန်ထမ်း-ဒေါ်လှလှဝင်း-ကပြောသည်။
ဆေးရုံဆောက်ဖို့မြေနေရာလျှူတဲ့တဲ့လူကလျူထားခဲ့ပေမဲ့ဒီနေ့အထိ ပိုင်ဆိုင်ခွင့်တရားဝင်မဖြစ်တာနဲ့ပတ် သတ်ပြီး၊နိုင်ငံတော်ကိုလုပ်ပေးစေချင်နေပါတယ်။
“ဆေးရုံဆောက်ဖို့ လျူတဲ့သူကလျူထားခဲ့တာဒီနေရာကို နှစ်(၃၀)ကျော်နေပြီ အခုထိ ပုံစံ(၇)ထုပ်မပေးသေးဘူး၊၀န်ထမ်းလိုင်းခန်းကလဲအောက်ခြေတိုင်တွေလဲပျက်နေပြီ၊တခါးတွေကလဲ ရွဲနေပြီ၊အဲဒါတွေကိုလုပ်ပေးစေချင်ပါတယ်။”ဟု ကြို့ပင်ကောက်မြို့နယ်၊အလယ်ကုန်းကျေးရွာ၊ဒေသခံ၊ကိုရန်နိုင်ထွန်း-ကပြောသည်။
“ဒေသခံတွေလာရောက်တင်ပြထားခဲ့ကြလို့ပြီးခဲ့တဲ့ရက်က လွှတ်တော်မှာ အဆိုတင်သွင်းထားပါတယ်၊အခုလာမဲ့လွှတ်တော်အစည်းအဝေးမှာလဲ ထပ်ပြီးမေးပေးဖို့အစီအစဉ်ရှိပါတယ်။”ဟု ကြို့ပင်ကောက်မြို့၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်-ဦးအောင်ကိုမင်း-ကပြောသည်။
အဆိုပါ အလယ်ကုန်းတိုက်နယ်ဆေးရုံရှိ ပျက်စီးလျှက်ရှိနေသည့် ၀န်ထမ်းအိမ်ရာမှာ သစ်သားပျဉ်ထောင်၊ ခြေတံရှည် တစ်ထပ်အဆောင်လိုင်းတွဲတွေ ဖြစ်ပြီး၊သက်တမ်းအားဖြင့် (၃၄)နှစ်ရှိနေကြောင်းသိရသည်။ အဆိုပါ ၀န်ထမ်းအိမ်ရာ တည်ဆောက်ပြီးထဲက တခါမှပြင်စဉ်ပြုပြင်ခဲ့မှု မရှိသောကြောင့် ပျက်စီးစပြုလာတဲ့ ၀န်ထမ်းအိမ်ရာတွေပြုပြင်ပေးဖို့နဲ့ဆေးရုံ ၊လိုင်းခန်းတွက အိမ်သာတွေ၊ပြင်ပေးဖို့၊ မြေနေရာအတွက်ပိုင်ဆိုင်ခွင့်၊ပုံစံ(၇)တို့ပါ ရရှိဖို့တို့အတွက်၊တင်ပြတောင်းဆိုထားပေမယ့် အခုအချိန်အထိ ပြင်ဆင်ပေးခြင်း မရှိသေးတာကြောင့် နိုင်ငံတော်ရဲ့အကူအညီတွေလိုအပ်လျှက်ရှိနေကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
09-253311019


No comments:

Post a Comment