သတင်းအတို...
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၏ အထင်ကရစေတီတစ်ဆူဖြစ်သည့် လေးဆူးဓါတ်ပျော်-ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးအထွတ်တင်ရတနာများ ပြန်လည်ပင့်ဆောင်တင်လှူခြင်း နှင့် အရံစေတီတော်များ ထီးတော်အသစ်တင်လှူခြင်းမင်္ဂလာအခမ်းအနားအား မေလ-၁၄ ရက်နေ့ နံနက် ၈-နာရီအချိန်က လေးဆူးဓါတ်ပျော် ပြည်-ရွှေဆံတော်စေတီတော်မြတ်ကြီး အင်္ဂါထောင့်တွင်စတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စိန်ဖူးတော်၊ငှက်မြတ်နားတော်၊ရွှေဟင်္သာတော်၊ဆပ်သွားဖူးတော်၊ရွှေခေါင်းလောင်းပဒေသာများ၊ရွှေဇွန်းတော်၊ဆရာတော်ကြီး
နှစ်ပါးခေါင်းလောင်းတော်၊အဘပထမံဘိုးဘိုးအောင်၏ ခေါင်းလော်တော်တို့အား မေလ-၁၄-ရက်နေ့နံနက်တွင်ပင့်ဆောင်တင်လှူခဲ့တာဖြစ်ပြီး
အရံစေတီတော်များ၏ ရွှေထီးတော်အသစ်တင်လှူခြင်းမင်္ဂလာအခမ်းအနားအား မေလ-၁၅-ရက်နေ့ နံနက်၆း၃၀မိနစ်-အချိန်တွင်
အခမ်းအနားစတင်၍ ၇-နာရီအချိန်တွင် စေတီရံထီးတော်များအသစ်တင်လှူခြင်းမင်္ဂလာအခမ်းအနားအား
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်-ပြည်သတင်း
၀၉၂၅၃၃၁၁၀၁၉
No comments:
Post a Comment