Thursday, May 12, 2016

အာင်မြေသာယာကျွန်းတောကျောင်းတိုက် (၃၂)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုအောင်ဆုလက်မှတ် ပေးအပ်ပွဲနှင့်(၃၃) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

အောင်မြေသာယာကျွန်းတောကျောင်းတိုက် (၃၂)ကြိမ်မြောက် 
ဗုဒ္ဓဘာသာယဉ်ကျေးမှုအောင်ဆုလက်မှတ် ပေးအပ်ပွဲနှင့်(၃၃)
ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲအခမ်းအနား
ကျင်းပ

ပြည် မေလ (၁၂) ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မူယာပင်ရပ် အောင်မြေသာယာ
ကျွန်းတောကျောင်းတိုက် (၃၂)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု
အောင်ဆုလက်မှတ် ပေးအပ်ပွဲနှင့်(၃၃)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်
ကျေးမှု သင်တန်းဖွင့်ပွဲအခမ်းအနားအား မေလ(၁၂)ရက်နေ့ နေ့လည်
(၁)နာရီအချိန်တွင် အဆိုပါကျောင်းတိုက်၌ကျင်းပပြုခဲ့သည်။

အခမ်းအနားအစီအစဉ်အရ နမောတသ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့
၍အခမ်းအနားဖွင့်လှစ်ခြင်း အောင်မြေသာယာကျွန်းတောကျောင်းတိုက်
ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူခြင်းနှင့်ဆရာတော်ဘုရားကြီး၏သြ
ဝါဒမိန်ကြားမှုကို နာယူခြင်း ပညာရေးကောလိပ်ကျောင်းအုပ်ဆရာမကြီး
ဒေါ်ကြည်မြိုင်(ငြိမ်း)မှ ဆရာတော်ဘုရားအား ကျေးဇူးတင်ဂုဏ်ပြုစကား
လျှောက်ထားခြင်း ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးလှမြင့်မှသင်
တန်းသူ သင်တန်းသား သားသမီးလေးများ၏ မိဘများကိုယ်စား ဆရာ
တော်ဘုရားအား ကျေးဇူးတင်စကားလျှောက်ထားခြင်းနှင့်(၃၂)ကြိမြော
က် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် ဆုရရှိသော ကျောင်းသားကျောင်း
သူများအား ဆုချီးမြှင့်ခြင်းနှင့်အောင်လက်မှတ်ပေးအပ်ခြင်းများ ဆောင်ရွက်
ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား
အားရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





No comments:

Post a Comment