Thursday, April 21, 2016
သင်္ကြန်ပြီးတော. ဘာတွေ ကျန်ခဲ.သလဲ သရ၀ဏ်(ပြည်)
သင်္ကြန်ပြီးတော. ဘာတွေ ကျန်ခဲ.သလဲ
သရ၀ဏ်(ပြည်)
သင်္ကြန်ပြီးတော.အားလုံးဖတ်ဖတ်မောသွားကြသည် ။ ရေပက်ခံထွက်သူတွေလဲ မောသည် ။ သင်္ကြန်လည်ဖို.ကားခတွေကုန်သည် ။ မဏ္ဍပ်ထိုင်ကြသူတွေလဲမောသည် ။ ပိုက်ဆံလဲကုန်သည် ။ ကိုယ်.အိမ်ကနေကိုယ် သင်္ကြန်ကို ရုပ်သံကတဆင်.ခံစားသူတွေကတော.အမြတ်ထွက်သည် ။ နေမပူ ၊ ရေမစိုပဲ Sky Net နှင်. MTRV 4 တို.ကျေးဇူးကြောင်. မြန်မာနိုင်ငံအနှံ.ရှိသင်္ကြန်မြင်ကွင်းများကိုမြင်ရတာ အမြတ်ထွက်သည် ။ သို.သော် အပြင်မှာတကယ်မြင်ရသလိုတော. တက်ကြွရွှင်လန်းသောစိတ်မဖြစ်ပေါ်တာတော.သေချာသည် ။ ကျွန်တော်လည်း အသက်အရွယ်ရလာသဖြင်.သင်္ကြန်ရောက်လျှင် ထွက်မလည်ဖြစ်ပဲ အိမ်ကနေ၍ TV ကပဲအားပေးနေရသည်မှာ နှစ်အတန်ကြာပေပြီ ။ ယခုနှစ်သင်္ကြန်သည် ကျက်သရေ မင်္ဂလာရှိပြီး ထူးခြားမုအပြည်.ရှိ၏ ။ ယခင်က ကြိတ်ကြိတ်တိုးအောင်စည်ကားခဲ.သော ရန်ကုန် ကန်တော်ကြီးပါတ်လမ်း သည် ရေကစားမဏ္ဍပ်များမရိတော.သဖြင်. အနိစ္စသဘောနှင်.ကိစ္စချောကာ ကျီးနှင်.ဖုတ်ဖုတ်ဖြစ်နေ၏ ။ ပြည်လမ်းအင်လျားကန်တ၀ိုက်ကတော.ယခင်ထက်တိုးမပေါက်အောင်စည်ကားနေလေသည် ။ ကန်တော်ကြီးကန်ပါတ်လမ်းကိုလမ်းနောင်နှစ်များတွင် စည်စည်ကားကားရှိစေချင်ပါ၏ ။ NLD အစိုးရတက်လာသောအခါ အချို.နေရာများတွင် Over Reaction လေးတွေရှိနေတာ ၊လုပ်နေတာသတိထားမိသည် ။
သင်္ကြန်ရေပက်ခြင်းဆိုသည်မှာနေရာတကာတွင်မဏ္ဍပ်ထိုး၍မရ ရေဖောဖာသီသီရနိုင်သော အင်းလျားကန် ၊ ကန်တော်ကြီး ကန်ပါတ်လည်နေရာများတွင်သာ ရေရနိုင်ရန်အဆင်ပြေနိုင်မည်ဖြစ်သည် ။ အယ်လ်နီညိုတို. ၊ လာနီညိုတို.ကိုအပြစ်ဖို.၍ မဏ္ဍပ်မလုပ်လျှင်လည်း ထို အယ်လ်နီညိုသည် ကန်တော်ကြီးပါတ်လမ်းတစ်ခုတွင်သာကျရောက်လာမည်မဟုတ် ၊ မြန်မာတနိုင်ငံလုံးကျရောက်နေခြင်းဖြစ်သဖြင်. ကန်တော်ကြီးနဲ.တော.သိပ်ဆိုင်သည်မဟုတ်ချေ ။ အဓိကက စီးပွားရေးသောင်းကျန်းလွန်းသော အခကြေးငွေယူသည်.ရေကစားမဏ္ဍပ်များ ၊ စီးပွားရေးကုမ္မဏီ မဏ္ဍပ်များကို တားဆီးချင်သည်ဆိုလျှင် ထိုအရာများကိုတားဆီးပြီး လူငယ်များတနိုင်တပိုင်ပျော်ပါးကြရန်တည်ဆောက်သောရေကစားမဏ္ဍပ်ကလေးများကို ကန်တော်ကြီးတွင် ခွင်.ပြုပေးဖို.ကောင်းလေသည် ။ ရေမကုန်စေချင်ပါဆိုလျှင်လည်း မီးသတ်ပိုက်လိုပိုက်ကြီးများကိုတားဆီးလိုက်လျှင်ရပါသည် ။ရေပက်ပိုက်ကလေးများသည် ရေသိပ်ကုန်သည်မဟုတ်ပါ ။ ။ရေသေဖြစ်၍ မသုံးတာကြာလျှင် ရေတွေပုတ်၍သွားနိုင်ပေသည် ။ ကန်တော်ကြီးထဲမှရေများကိုမည်သူကမှသောက်သုံးနေသည်လဲမဟုတ်ပါ ။ ယခုလိုသင်္ကြန်အခါတွင် ရေထုတ်သုံးခြင်းသည် ရေကန်လှယ်ပြီးသားပင်ရသေးသည် ယခုအခါ ရန်ကုန်သင်္ကြန်၏ဗဟိုချက်မဖြစ်သော ကန်တော်ကြီးကန်ပါတ်လမ်းကိုဖြိုဖျက်ပစ်သည်မှာ မြန်မာလူငယ်တို.ပျော်ပါးရမည်နေရာတခုကို ခြေမှုန်းပစ်လိုက်သလိုရှိသည် ။တနည်းပြောရလျှင် ဖိနပ်နှင်.မတော်သောကြောင်.ခြေဖနောင်.ကိုလှီးလိုက်သလိုရှိသည် ။ နောက်နောင်တွင် ဆင်ခြင်သင်.ပါ၏ ။ ၀န်ကြီးချုပ်အသစ်ကစေတနာဖြင်. လုပ်သော်လည်း အစဉ်အလာဆိုတာတွေ ၊ လူငယ်သဘာဝဆိုတာတွေ ကိုထည်.စဉ်းစားဖို.လိုမည်ဖြစ်သည် ။ ပြောသာပြောရသည် NLD ကိုဝေဖန်ရမှာလည်းကြောက်သည် ။ ကောင်းစေချင်၍ဝေဖန်သော်လည်း NLD လော်ဘီများက မကြိုက်ကြ ။ မဝေဖန်ပါနဲ.ဦး ၊ စောနေသေးတယ် ၊စောင်.ကြည်.ဦးမှပေါ. စသည်ဖြင်. ပြောကြသည်ကိုတွေ.ရ၏ ။
ကျွန်တော်သည်ထိုအယူအဆကိုသဘောမတူပါ ။စာရေးဆရာဆိုသည်မှာ မိုးလေ၀သ ပညာရှင်နှင်.တူ၏ ။ မိုးလေ၀သပညာရှင်သည် သူ.တွေ.ရှိချက်အတိုင်း ဘယ်နေရာတွင်တိမ်ထူထပ်နေသည် ၊ဘယ်နေရာတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသည် ။ ဘယ်နေရာတွင် နေရာကွက်ကြားမိုးရွာနိုင်သည်ကို ကြေငြာပေးရစမြဲဖြစ်သည် ။ ထိုသို.ထုတ်ပြန်ကြေငြာပေးဖို. စောသေးသည်တို. ၊စောင်.ကြည်.ပါဦးတို. လုပ်၍မရပါ ။ လိုက်နာတာမလိုက်နာတာ ယုံတာမယုံတာ လူတွေအပိုင်းဖြစ်၍ ကိုယ်သိတာကို ပြောဖို.(ထုတ်ပြန်ကြေငြာပေးဖို.)က မိုးလေ၀သသမားတွေ၏တာဝန်ဖြစ်သည် ။စာရေးဆရာသည်လည်းဤနည်းနှင်နှင်ဖြစ်သည် ။ ၀န်ကြီးတပါးကိုဖြစ်စေ ၊ ၀န်ကြီးချုပ်များကိုဖြစ်စေ ၊ ဒုသမ္မတများကိုဖြစ်စေ ၊ သမ္မတကိုပင်ဖြစ်စေ ၊ အောက်ခြေ၀န်ထမ်းများကိုဖြစ်စေ ၊လွှတ်တော်ကိုဖြစ်စေ ၊ တရားစီရင်ရေးကိုဖြစ်စေ စာရေးသူသည် ထိမ်းကျောင်းပေးရသည်. အတွက် လေးခုမြောက်ဒေါက်တိုင် (စတုတ္ထမဏ္ဍိုင်)ဟုခေါ်ဆိုကြခြင်းဖြစ်သည် ။ ထိုသို.ထောက်ပြပြောဆိုခြင်းကို မိမိပါတီအား တိုက်ခိုက်သည်ဟု မယူဆအပ် ၊ ချစ်သောမျက်စိဖြင်.ဝေဖန်သည်ဟုသာမှတ်ယူအပ်၏ ။ စောသေးသည်တို. ၊ မဝေဖန်သင်.သေးတို.၊စောင်.ကြည်.ပါဦးတို. မပြောသင်.ပေ ။ စောစောရေး၍ စောစောသိလျှင်စောစောပြင်ကြဖို.ဖြစ်သည် ။ လူဆိုတာအမှားနှင်.မကင်းကြ ။ ကိုယ်.အမှားကိုယ် ၊ ကိုယ်.အဖွဲ.အမှားကိုယ် အနီးကပ်နေသူများသည် မြင်ဖို.ခက်ခဲလှ၏ ။ မနီးဝေးမှကြည်.နေသူကပိုမြင်ရပေမည်။
ကြံ.ခိုင်ရေးပါတီကျဆုံးရသည်မှာ ဝေဖန်မှုကိုလက်မခံပဲ စာရေးဆရာများနှင်. စတုတ္ထမဏ္ဍိုင်ကိုရန်သူသဖွယ်ကျင်.သုံးခဲ.သောကြောင်.ဖြစ်သည် ။ ယခုအခါပြည်သူလူထုထောက်ခံမှု တခဲနက်ရရှိထားပြီဖြစ်သော NLD အစိုးရသည် ထို အမှားကိုရှောင်လျှက် မိမိကိုဝေဖန်လာလျှင် အရေထူထူဖြင်.လက်ခံတတ်သောဓလေ.ကိုမွေးစေလိုပါသည် ။ သင်္ကြန်ပြီးသောအခါ လာမည်.နှစ်သစ်အတွက် ကောင်းသောအကြံအစည်များ ၊ကောင်းသော အပြောအဆိုများ၊ကောင်းသောအလုပ်အကိုင်များကျန်ရစ်ပါစေသတည်း ။
သရ၀ဏ်(ပြည်)
Politics ဂျာနယ်
၂၂.၄.၂၀၁၆
No comments:
Post a Comment