ပြည်မြို့ပေါ်တွင် ပထမဦးဆုံး မီးသတ်ဦးစီးဌာန နှင့် မိုးမေတ္တာ နာ/ကူအသင်း(ပြည်)တို့ပှုးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲပြုလုပ်
ပြည်၊ဧပရယ်၊၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မီးသတ်ဦးစီးဌာန နှင့် မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) တို့ပှုးပေါင်းကာ အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲအခမ်းအနား ၁/၂၀၁၆ အား ပြည်မြို့ ပြည်ခရိုင်မီးသတ်ဦးစီးဌာနာ(ဗဟို)တွင် ဧပရယ် ၂-ရက်နေ့နံနက်က ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။
“ခရီးသွားလာရင်းပဲဖြစ်စေ ဘယ်နေရာမှာဘာပဲကြုံတွေ့ကြုံတွေ့ ဒီရှာဖွေကယ်ဆယ်ရေးသင်တန်းက အခြေခံလေးတွေသင်ကြားထားတော့ ကိုယ့်အသက်ကိုယ်ရော သူတပါးအသက်ကိုရော အေးချမ်းစွာကယ်တင်နိုင်မှာပါ။ဒီသင်တန်းကရတဲ့အကျိုးကျေးဇူးက အမြန်ဆန်ဆုံးနဲ့အမှန်ကန်ဆုံးလွယ်ကူရိုးရှင်းတဲ့ အသက်ကယ်နည်းပညာတွေရလိုက်တာပါ။သင်တန်းက နှစ်ပတ်ဆိုပေမယ့် ကျွန်တော်တို့ဘ၀မှာ လုံးဝတန်ဖိုးမဖြတ်နိုင်တဲ့ပညာရပ်တွေပါ။အခြေခံအဆင့်လောက်ပဲရှိနေသေးလို့ နောက်ထပ်သင်ယူစရာတွေကျန်နေပါသေးတယ်။ပြီးပြည့်စုံတယ်တော့မရှိပါဘူး။ကျန်တဲ့လူတိုင်း လူတိုင်း ဒီပညာတွေကိုသင်ထားသင့်တယ်။အများစု ဒီပညာတွေတတ်ထားရင် ကျွန်တော်တို့ကယ်ဆယ်ရန်နောက်ကျခဲ့သည်ရှိသော်မှ ဒီပညာတွေတတ်ထားတဲ့အတွက်လိုအပ်တာလေးတွေဝိုင်းဝန်ကူညီနိုင်မျာဖြစ်လို့ လူတိုင်းတတ်ထားသင့်ပါတယ်။” ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)၏ လီတာတစ်ဦးဖြစ်သူ သင်တန်းသား ကိုအောင်ထွန်း ကပြောသည်။
အဆိုပါ မီးသတ်ဦးစီးဌာန နှင့် မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)တို့ ပှုးပေါင်းကာ ပြုလုပ်သည့် မိုးမေတ္တာနာရေးကူညီမှုအသင်းမှ ပရဟိတအဖွဲ့ဝင်များအား အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းအား ပြီးခဲ့သည့် နှစ်ပတ်ခန့်မှစတင်၍ သင်တန်းများပို့ချခဲ့တာဖြစ်ကြောင်းသိရသည်။
“ဒီပွဲက မီးသတ်ဦးစီးဌာနနဲ့ လူမှုရေးအသင်းအဖွဲ့တို့ ပထမဦးဆုံးပှုးပေါင်းမိတဲ့လုပ်ငန်းအခမ်းအနားပွဲပါ။ဒီအခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းပေးဖို့ ကျွန်တော်တို့က သွားရောက်ကမ်းလှမ်းခဲ့တာပါ။ရှာဖွေကယ်ဆယ်ရေးဆိုတဲ့အထဲ မှာ လူကြောင့်ဖြစ်တဲ့ဘေးအန္တရာယ် နှင့် သဘာဝဘေးအန္တရာယ်တွေ မကျရောက်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ဒါ့ကြောင့် ဒီပညာကို သင်ကြားနိုင်အောင်စီစဉ်လိုက်တာပါ။ဒီလိုပညာသင်ယူထားမှ အချိန်နှင့်တပြေးညီ မီးသတ်ဦးစီးဌာနနဲ့ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေ စနစ်တကျပှုးပေါင်းဆောင်ရွက်သွားနိုင်မှာဖြစ်လို့ပါ။နာရေးကူညီမှုတွေအပြင် လူမှုစောင့်လျှောက်မှုကိစ္စတွေ ကယ်ဆယ်ရေးကိစ္စတွေပါလုပ်ဆောင်နေသောကြောင့် အခုလိုရှာဖွေကယ်ဆယ်ရေးသင်တန်းဖြစ်အောင်ဆောင်ရွက်ခဲ့ကြတာပါ။သူများအသက်ကယ်တယ်ဆိုတာ ကိုယ့်အသက်ကိုရင်းပြီးကယ်ဆယ်ရတဲ့ပရဟိတလုပ်ငန်းတစ်ခုပါ။ကြိုးနဲ့အချက်ပေးစနစ်ရှိတယ်။ခရာနဲ့အချက်ပေးစနစ်ရှိတယ်။ ဒါတွေမသိပဲသွားပြီးပှုးပေါင်းဆောင်ရွက်ရင် အကုန်လုံးအမှားမှားအယွင်းယွင်းတွေဖြစ်နိုင်တယ်။ဒါ့ကြောင့် လူတိုင်း အသင်းအဖွဲ့တိုင်း သင်ကြားသင့်ပါတယ်။”ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) ဥက္ကဌ ဦးမိုးကြီး ကပြောသည်။
အဆိုပါ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းအား မီးသတ်ဦးစီးဌာန အနေဖြင့် ယခုလို ပရဟိတအဖွဲ့အား ပြည်မြို့ပေါ်တွင် ပထမဦးဆုံး သင်တန်းအဖြစ် သင်ကြားပို့ချခဲ့တာဖြစ်ပြီး ကျန်ရှိနေသည့် အရပ်သားပြည်သူ နှင့် ပရဟိတအဖွဲ့များအားဆက်လက်သင်ကြားပေးလိုကြောင်းသိရသည်။
“သင်တန်းကအခက်ခဲမရှိပါဘူး။သာမာန်အရပ်သားတေါဖြစ်လို့ စိတ်ဓါတ်နဲ့ကြံ့ခိုင်မှုပိုင်တွေတော့အမာခံလိုအပ်လို့နှစ်ပတ်ကြာသွားတာပါ။ နှစ်ပတ်ဆိုတာက အခြေခံလောက်ပဲရှိပါတယ်။သင်တန်းကတစ်ကယ်သင်မယ်ဆိုပြီးတယ်လို့မရှိပါဘူး။အိမ်တိုင်း လူတိုင်း အဖွဲ့တိုငင်းသင်ထားသင့်ပါတယ်။မီးချိတ်မီးကပ်အိမ်တိုင်းထားခိုင်းတယ်။ဒီမိးချိတ်မီးကပ်တွေအိမ်မှာမြင်နေရသည့်အတွက် မီးဘေအန္တရာယ်အတွက်သတိပြုမိတာပေါ့။ဒါကပထမဦးဆုံးပြုလိုက်တဲ့သင်တန်းပါ။လူတိုင်း အနည်းဆုံး ၇-ရောက်အထိ သင်တန်းပြပေးမယ်။ကုန်ကျမှုမရှိပါဘူး။ နေရာမရှိရင်နေရာပေးသင်ပေးမယ်။အချိန်မအားရင် ညလူခြေတိတ်ချိန်အားမဲ့ချိန်သင်ပေးမယ်။အဓိက လူသားတိုင်းတတ်မြောက်ထားသင့်တယ်။သင်မဲ့သူတွေကိုလည်း ကြိုဆိုမျှော်လင့်နေပါတယ်။”ဟု ပြည်ခရိုင် မီးသတ်ဦးစီးဌာန ဗဟိုမီးသတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော် ကပြောသည်။
အဆိုပါ မီးသတ်ဦးစီးဌာနမှ သင်ကြားပို့ချပေးသည့် အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းအား မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)မှ သင်တန်းသား ၁၄-ဦးတက်ရောက်ခဲ့ပြီး အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖြစ်၍ ပြည်စုံသည်ဟူ၍ မရှိကြောင်း ဆက်လက်ကြိုးစားစရာများစွာကျန်ရှိနေကြောင်းသိရသည်။၎င်းသင်တန်းဆင်းပွဲအခမ်းအနားအပြီးတွင် လက်တွေ့သရုပ်ပြ ရှာဖွေကယ်ဆယ်နည်းများထဲမှ ကြိုးချည်နည်းများ၊မီးလောင်ပြင်တွင် လူနာရှာဖွေနည်းများ၊မီးလောင်ပြင် နှင့် အခြားနေရာများတွင်ရှိသည့် လူနာများအား ကယ်ဆယ်နည်းများ နှင့် မီးငြိမ်းသတ်နည်းများအား တက်ရောက်လာသည့် သင်တန်းသား ၁၄-ဦးတို့မှ စာတွေ့ လက်တွေ့သရုပ်ပြအခမ်းအနားများကျင်းပ၍ သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းသိရသည်။
K3(pyay) ဒီမိုကရေစီတူးဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
09-253311019
No comments:
Post a Comment