န၀ဒေးတံတားအောက်လူသတ်မှု သုံးနှစ်ပြည့်သော်လည်း တရားခံများပျောက်ဆုံးနေ၍ ဆုတောင်းဆီမီးမျှောပွဲ နှင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်
ပြည်၊ဧပြီ၊၂၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပြည်မြို့၊န၀ဒေတံတားအောက်လူသတ် မှုဖြစ်ပွားရာ ၃-နှစ်ပြည့်မြောက်သော်လည်းအမှုမှ န် တရာခံယနေ့အထိပေါ်ထွက်လာခြင်းမရှိ သဖြင့် သေဆုံးသွားသည့် အမျိုးသားတစ်ဦး၏ ဆွေမျိုးများ၊ပြည်မြို့ဒေသခြံ ပည်သူများ၊နိုင်ငံရေးတက်ကြွလှုပ် ရှားသူများပှုးပေါင်း၍ ဆန္ဒထုတ်ဖော်မှုများ၊ဧရာဝတီမြစ် အတွင်း ဆီမီးမျှော၍ ဆုတောင်းမှုများအား ဧပြီလ ၂၃-ရက်နေ့ ညနေတွင် ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိ ရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှု နှင့်ဆုတောင်ဆီမီးမျှောပွဲတွင် လွန်ခဲ့သည့် ၃-နှစ်ခန့်က ဧရာဝတီမြစ် သဲသောင်ပြင် န၀ဒေးတံတားအောက်တွင် သမီးရည်းစားချစ်သူစုံတွဲတစ်တွဲ မှ သဲသောင်ပြင်တွင် လမ်းလျှောက်တွေ့ဆုံခဲ့စဉ် အမျိုးသား သုံးဦးက အကြမ်းဖက်လုယက်သတ်ဖြတ်မှုတစ်ခြု ဖစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးသွားခဲ့တာ ဖြစ်ကြောင်းသိရသည်။
“ကိုဇော်မင်းဦးကလွန်ခဲ့တဲ့သုံး နှစ်ကဒီနေရာမှာပဲ လူသုံးဦးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကိုခံခဲ့ရတယ် အဲလိုသေဆုံးခဲ့တဲ့အတွက်ဆုတောင်း ပွဲပြုလုပ်ခြင်းဖြစ်တယ်၊ကိုဇော် မင်းဦးကလူမဆန်စွာသတ်ဖြတ်ခြင်း ကိုခံခဲ့ရတယ် အဲဒိကိစ္စနဲ့ပတ်သတ်ပြီး တရားမျှတမှု၊ လူ့အခွင့်အရေးတွေရရဖို့ ဆုတောင်းကြခြင်းဖြစ်တယ် ဆုတောင်းပွဲစုတန်းလှည်လည်တာမှ အားလုံးပါဝင်နိုင်ကြပါတယ်” ဟု ဦးဆောင်ပါဝင်သူ ဦးမင်းမင်းအောင် ကပြောသည်။
၎င်းအခင်းဖြစ်ပွားချိန်နှင့်တစ် ဆက်တည်းအချိန်တွင် န၀ဒေးတံတာအလွန်သဲသောင်ပြင် ရှိ ကိုင်းတောတောမှ အမျိုးသား သုံးဦးအား ရပ်ကွက်နေပြည်သူများမှ လိုက်လံဖမ်းဆီးခဲ့ရာ အမျိုးသားနှစ်ဦးသာ လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ကျန်အမျိုးသား၁-ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြော င်းသိရပြီး ဖမ်းဆီးရမိသူ နှစ်ဦးအား ရပ်ကွက်နေပြည်သူများမှ သက်ဆိုင်ရာ အမှတ်(၂)ရဲစခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ရာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုဖမ်းမိသူနှစ်ဦးမှာ ခလရ(၇၅)မှတပ်မတော်သားတွေဖြစ်နေေ ကြာင်းသိရပြီး ထွက်ပြေးလွတ်မြောက်သွားသူမှာ လည်း ၄င်းတို့နှင့်အတူတူ တပ်မတ်ာသားဖြစ်နေကြောင်းသိရသည်။
“ဒီလိုမျိုးအများပြည်သူက၀ိုင်း ၀န်းကူညီပြီးဆောင်ရွက်ပေးတဲ့အတွ က် ၀မ်းသာပါတယ် အနယ်နယ်အရပ်ရပ်ကကော ပြည်မြို့ကကောဝိုင်းဝန်းပြီးလု ပ်ပေးကြတဲ့အတွက် ကျွန်မ၀မ်းသာတယ် လှိုက်လှဲစွာကြိုဆိုတယ် ဘာဖြစ်လို့လဲဆိုတော့သုံးနှစ်သာ ပြည့်သွားတယ် ကျွန်မမောင်လေးသေဆုံးမှုက မပေါ်ပေါက်သေးဘူး ကျွန်မမောင်လေးသေဆုံးတယ်ဆိုတာ သုံးနှစ်ပြည့်တယ်ဆိုတာဘယ်လိုမှ မခံစားနိုင်လို့ပါ အခုလိုဝိုင်းဝန်းကူညီကြတဲ့လူထု ကိုကျေးဇူးတင်ပါတယ်” ဟု သေဆုံးသွားသူ ကိုဇော်မင်းဦး ၏အစ်မဖြစ်သူ မသီတာဦး ကပြောသည်။
၎င်းဖြစ်စဉ်များဖြစ်ပြီးနောက်ပိုင်း ဖမ်းဆီးရမိသူတပ်မတော်သား နှစ်ဦးအား ညတွင်းချင်း ၄င်းတို့တပ်မှ အရာရှိတစ်ဦးမှ အမှတ် ၂-ရဲစခန်းသို့ ကားဖြင့်ကိုယ်တိုင်လာရောက်ခေါ်ထု တ်သွားပြီးနောက်ပိုင်း ယနေ့အချိန်အထိ ၄င်းလူသတ်မှုတရားခံအား ယနေ့ သုံးနှစ်ပြည့်သည့်အချိန်အထိဖမ်း ဆီးရမိခြင်းများမရှိတော့ပဲ ဆက်လက်စုံစမ်းနေမှုများဖြင့်သာ အချိန်ကုန်နေခဲ့ရသည်။
အဆိုပါအမှုကိစ္စနှင့်ပတ်သက်ပြီး အာရှလူအခွင့်အရေးကော်မရှင်(A.H. R.C)ကလည်း အရင်အစိုးရနှင့်တကွ ဌာနဆိုင်ရာအသီးသီး၊ နိုင်ငံတစ်ကာအဖွဲ့အစည်းတွေထံ အရေးပေါ်ပန်ကြားချက်များထုတ်ပြန် ခဲ့ပေမဲ့၊ယနေ့အချိန်ထိ သတ်ဖြတ်ခဲ့သူတွေကို ဖော်ထုတ်ပေးနိုင်ကြမရှိသလို လက်ရှိအချိန်ထိ CID မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေထံကသိရသည်။
အဆိုပါ န၀ဒေးတံတားအောက် သေဆုံးမှု သုံးနှစ်ပြည့်ပွဲအား ညနေ ခြောက်နာရီမှစတင်ကာ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်တွင် စုဝေးခဲ့ပြီး ရန်ကုန်-ပြည်၊လမ်းအတိုင်း လမ်းလျှောက်ကာ အခင်းဖြစ်ပွားခဲ့တဲ့ န၀ဒေးတံတားအောက်မှာ စုပေါင်းဆုတောင်းခြင်း ဧရာဝတီမြစ်အတွင်း ဆီမီးမျှော်ခြင်းတို့ကို ကျောင်းသားတွေ၊ မြို့ခံတွေ။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ စုပေါင်းကာ အင်အား နှစ်ရာခန့်ဖြင့် ပြုလုပ်ခဲ့ကြပြီး ထိုနေ့ည ၈-နာရီကျော်အချိန်အထိကျင်းပပြု လုပ်သွားခဲ့ကြောင်းသိရသည်။
K3(pyay)
No comments:
Post a Comment