ဘူးရိုးချောင်းကမ်းပါးပြိုမှုကြောင့်နေအိမ်သုံးလုံးပြောင်းရွေ့ထားပြီး သက်ဆိုင်ရာဌာနများအမြန်ဆုံးလာရောက်ဖြေရှင်းပေးစေလို
ပန်းတောင်း၊မတ်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ တလုပ္ပင်အုပ်စု
ခြံစုရွာ၊ကျွဲရဲရွာ၊ရှားဖြူကွင်းရွာ နှင့် တလုပ္ပင်ကျေးရွာရှိ
ဘူးရိုးချောင်းကမ်းပါးပြိုကျမှုကြောင့် လယ် နှင့် ယာမြေ
ဧကတစ်ရာကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီး တလုပ္ပင်ကျေးရွာ
ချောင်းကမ်းပါးဘေးနေထိုင်သည့် အိမ်ခြေသုံးလုံး
ချောင်းကမ်းပါးပြိုကျမှုထဲသို့ ပါဝင်မသွားစေရန်
အမြန်ဆုံးပြောင်းရွေ့ထားခဲ့ရကြောင်းသိရသည်။
အဆိုပါ
ဘူးရိုးချောင်းကမ်းပါးပြိုကျနေမှုသည် ၂၀၁၅-ခုနှစ် ၈-လပိုင်းခန့်ကတည်းက
စတင်၍တအိအိပြိုကျနေခဲ့တာဖြစ်ပြီး
တလုပ္ပင်ကျေးရွာချောင်းကမ်းပါးဘေးနေထိုင်သည့်
နေအိမ်သုံးလုံးအမြန်ဆုံးပြောင်းရွေ့ခဲ့ရပြီး ၄င်းကိစ္စနှင့်ပတ်သက်ပြီး
၂၀၁၅-ခုနှစ် ၈-လပိုင်းခန့်မှာ
ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ ဒေသခံရွာသားများမှ
တင်ပြခဲ့ပြီး ၂၀၁၆-ခုနှစ် ၁-လပိုင်းတွင်
ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာတာဝန်ရှိသူများလာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး
ယနေ့အချိန်ထိ ဘူးရိုးချောင်းကမ်းပါးပြိုကျနေမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ
ညှိနိုင်းဆွေးနွေးဆောင်ရွက်ပေးမှုမရှိကြောင်း ဒေသခံများထံမှသိရသည်။
“အခုကျွန်တော့အိမ်ကရွေ့းထားရတယ်။ရပ်ရွာကလူတွေကူညီပြီးဝိုင်းရွေ့ပေးထားတာပါ။ချောင်းကမ်းပါးတွေကထပ်ပြိုနေတုန်းပဲ။ဒီတစ်ခါထပ်ရွေ့လို့မရတော့ဘူး။လမ်းကခံနေပြီ။ဘယ်ဌာနဆိုင်ရာကမှလာရောက်ကူညီပေးတာမရှိသေးဘူး။အခုကမ်းပါးပြိုတာပိုဆိုးလာတယ်။ဒီတစ်ခါထပ်ရွေ့ဖို့မဖြစ်နိုင်တော့ဘူး။ရေကာတာဖြစ်ဖြစ်
ရေလမ်းကြောင်းလွဲပေးတာဖြစ်ဖြစ်လုပ်ပေးစေချင်ပါတယ်။အဲဒါမှပိုအဆင်ပြေပါလိမ့်မယ်။”
ဟု တလုပ္ပင်အုပ်စု တလုပ္ပင်ကျေးရွာနေထိုင်သူ (အိမ်ပြောင်းရွေ့ထားရသူ)
ဦးကြည်သန်း ကပြောသည်။
အဆိုပါ
ဘူးရိုးချောင်းကမ်းပါးပြိုနေမှုနှင့်ပတ်သက်ပြီး
အခုလက်ရှိအခြေအနေဆိုးရွာလာမှုကြောင်း ဒေသခံများမှ အဆိုပါ ဘူးရိုးချောင်းအား
ရေကာတာများဆောက်လုပ်ပေးခြင်း၊ရေလမ်းကြောင်းလွဲပေးခြင်းများပြုလုပ်ပေးရန်ဆန္ဒရှိနေကြောင်းသိရသည်။
“၂၀၁၅-ခုနှစ် ၈-လပိုင်းမှာ
ချောင်းကမ်းပါးပြိုကျနေမှုကြောင့်နေအိမ်သုံးလုံးပြောင်းရွေ့ထားရတယ်။ဒီနေ့အထိ
ဘာမှဒေသခံတွေအပေါ်ဆောင်ရွက်မပေးလို့ ပန်းတောင်းမြို့နယ်ထွေအုပ်ကို
ကျွန်မသွားပြီး ပြောင်းရွေ့ထားတဲ့နေအိမ်သုံးလုံး မြေနေရာပေးဖို့
အစီစဉ်မရှိဘူးလို့ပြောပါတယ်။ ဘူးရိုးချောင်းကမ်းပါးပြိုကျနေမှုကို ၂၀၁၆/၂၀၁၇
Budget
မှာပါလာမလားဆိုတာကြည့်ရအုံးမယ်။မပါဘူးဆိုလွှတ်တော်မှာတင်ပြသွားမယ်။ပါလာမယ်ဆိုရင်
သက်ဆိုင်ရာဌာနတွေနဲ့တိုင်ပင်ညှိနိုင်းပြီးဆောင်ရွက်သွားမယ်။” ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပန်းတောင်းမြို့
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက် ကပြောသည်။
၎င်းဘူးရိုးချောင်းကမ်းပါးပြိုကျနေမှုကြောင့် နေအိမ်သုံးလုံးကိစ္စမပါဝင်
ချောင်းကမ်းပါးပြိုကျနေမှုကိစ္စများအား
ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဒီမိုကရေစီတူဒေးသတင်းစာ
မှ သတင်းထောက်မှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ သွားရောက်တွေ့ဆုံခဲ့သော်လည်း
အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ရပြီး အစည်းအဝေးရှိ၍ဟုဆိုကာ
ကားမောင်းတိမ်းရှောင်သွားခဲ့သည်။၎င်းကိစ္စနှင့်ပတ်သက်ပြီး ကျန်ရှိနေသည့်
တာဝန်ရှိသူများမှလည်း ၄င်းတို့မသိကြောင်း ဖြေဆိုရန်မရှိကြောင်း
ရုံးစာရေးတစ်ဦးမှ ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါဘူးရိုးချောင်းသည်
ဧရာဝတီမြစ်ထဲသို့စီးဝင်လျှက်ရှိသည့်ချောင်းတစ်ခုဖြစ်ပြီး
အဆိုပါဘူးရိုးချောင်းဘေးရှိ တလုပ္ပင်ရွာ၊ကျွဲရဲရွာ၊ခြံစုရွာ နှင့် ရှားဖြူ
တို့တွင် အိမ်ခြေပေါင်း ၆၀၀-ကျော် တည်ရှိနေပြီး
ဘူးရိုးချောင်းကမ်းပါးများတွင်နေထိုင်လျှက်ရှိသည့်အိမ်များထဲမှ
နေအိမ်သုံးလုံးပြောင်းရွေ့ထားခဲ့ရပြီး ချောင်းကမ်းပါးများ
ဆက်လက်ပြိုကျနေမှုကြောင့်
နေအိမ်တစ်ချို့လည်းထပ်မံပြောင်းရွေ့ရန်စီစဉ်နေရကြောင်းဒေသခံများထံမှသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
09253311019
No comments:
Post a Comment