Wednesday, March 2, 2016
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရပ်နားထားမှုမှာကြာမြှင့်နေသော်လည်း ရက်ပိုင်းအတါင်းပြန်လည်စတင်မည်ဟုဆို
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရပ်နားထားမှုမှာကြာမြှင့်နေသော်လည်း ရက်ပိုင်းအတါင်းပြန်လည်စတင်မည်ဟုဆို
ပဲခူး၊မတ်၊၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှာ လွှတ်တော်အစည်းအဝေးများပြန်လည်စတင်နေပြီဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ယနေ့အချိန်အထိ လွှတ်တော်အစည်းဝေးများပြန်လည်စတင်ခြင်းမရှိသေးမှုကြောင့် ပဲခူးတိုင်းအတွင်းက ဒေသခံပြည်သူတွေနှင့်လွှတ်တော်ကိုယ်စားလှယ်တစ်ချို့က ဘာ့ကြောင့်ယခုကဲ့သို့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးစတင်ခြင်းမရှိမှုကို သိချင်နေကြကြောင်း သိရသည်။
“လွှတ်တော်ဥက္ကဌက အစည်းအဝေးတွေတက်နေလို့ ရပ်နားထားရတာပါ။လွှတ်တော်အစည်းအဝေးပြန်ခေါ်မယ့်ရက်အတိအကျကိုတော့ကျွန်တော်တို့မသိရသေးပါဘူး။အခုလိုလွှတ်တော်ရပ်နားထားတဲ့အချိန်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့တာဝန်ဖြစ်တဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေတွေ့ဆုံမေးမြန်းတာတွေနဲ့ ဌာနဆိုင်ရာတွေမှာ သိသင့်သိထိုက်တဲ့အချက်အလက်တွေမေးမြန်းတာတွေတော့လုပ်နေပါတယ်။အခုဆိုရင် လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့တွေရှိနေပါတယ်။လွှတ်တော်ကခေါ်မှ လွှတ်တော်အတွင်းမှာအကြံပေးတာတွေ တင်ပြဆွေးနွေးပြီးလိုအပ်တာတွေလုပ်ဖို့အများကြီးကျန်နေတယ်။လွှတ်တော်အမြန်ဆုံးခေါ်ပေးစေချင်ပါတယ်။လွှတ်တော်ကဒီရက်ပိုင်းမှာပြန်ခေါ်မယ်လို့ထင်ပါတယ်။လွှတ်တော်ရပ်ထားတဲ့အတွက် တင်ပြဆွေးနွေးတာတွေကျန်နေတာတော့ရှိပါတယ်။ဘယ်နေ့တိုင်းဒေသကြီးလွှတ်တော်အစည်းဝေးခေါ်မယ်ဆိုတာတော့မသိရသေးပါဘူး။အစိုးရအဖွဲ့ ဖွဲ့အပြီးလောက်မှာများပြန်ခေါ်မလားလို့ထင်မိပါတယ်။တိတိကျကျပြောထားတာမရှိပါဘူး။ကျန်တဲ့လွှတ်တော်အသီးသီးမှာ သက်ဆိုင်ရာနယ်မြေအလိုက် အရေးကြီးအဆိုတင်သွင်းတာတွေ ဆွေးနွေးမှုတွေ အကြံပေးမှုတွေကိုော့ မြင်တွေ့ကြားသိနေရပါပြီ။ကျွန်တော်တို့လွှတ်တော်ကတော့ လွှတ်တော်ပြန်ခေါ်ချိန် တင်ပြစရာတွေများနေပြီလို့ထင်ပါတယ်။” ဟု ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကပြောသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်နောက်ဆုံးကျင်းပခဲ့သည့် အစည်းအဝေးအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈-ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ ဒုတိယအကြိမ်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်သဘာပတိ နှင့် ဥက္ကဌ ပါအ၀င် ဒုတိယဥက္ကဌများရွေးချယ်တင်မြောက်ခဲ့ကြပြီးနောက်ပိုင်း ယနေ့အထိ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးပြန်လည်စတင်မှုမရှိသေးကြောင်းသိရသည်။
“ရက်ကြာနေတာက ခနခနသွားလိုက်ပြန်လိုက်ဖြစ်နေမှာဆိုးတဲ့အတွက်ရပ်တန့်ထားတယ်လို့ကျွန်တော်မြင်ပါတယ်။လွှတ်တော်ကနေ လာမည့် ဆယ်ရက်နေ့ကို သမ္မတရွေးချယ်သွားမှာကိုး အဲဒိကနေတဆင့် ၀န်ကြီးချုပ်တွေဖော်ဆောင်သွားဖို့ရှိနေတော့ အဲဒါတွေသီးသန့်ထွက်သွားပြီးမှ ကျန်တဲ့လူတွေကို ပြင်ဆင်စရာမလိုတော့ဘဲနဲ့ ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းဖို့ စောင့်နေတယ်လို့ကျွန်တော်ထင်တယ်။ဘယ်သူဘယ်ဝါဘာမှန်းမသိသေးဘဲနဲ့ ကိုယ်စားလှယ်တွေကို ထည့်ဖွဲ့ပြီး နောက်မှဝန်ကြီးအဖွဲ့ထဲပါသွားရင် ပြန်ထုတ်အုံးနဲ့ဆိုတော့ ပုံစံတွေပြောင်းရနဲ့အလုပ်လည်းရှုပ်ကုန်မယ်။ပုံစံကျအောင်စောင့်ပြီးမှ ပြန်ပြီးအစည်းအဝေးခေါ်လိမ့်မယ်လို့ထင်ပါတယ်။ဘယ်နေ့အစည်းအဝေးပြန်စမလည်းဆိုတာမသိရတဲ့အတွက်တော့ စိတ်ထဲမှာ တမျိုးဖြစ်မိတယ်။ ဘာ့ကြောင့်လည်းဆိုတဲ့ သံတရတော့ရှိနေတယ်။ကျွန်တော့မြို့နယ်မှာတော့ ဘာအခက်အခဲမှမရှိပါဘူး။ဌာနဆိုင်ရာတွေဆီအ၀င်အထွက်အကုန်အဆင်ပြေပါတယ်။ဒီတက်ခါလွှတ်တော်ပြန်တက်ရမည့်ရက်ကျရင် ကျွန်တော့အနေနဲ့လုပ်ငန်းကိစ္စတွေအမြန်အကောင်ထည်ဖော်ဆောင်ရွက်နိုင်စေရန် တော့ပြောကြားသွားဖို့ရှိပါတယ်။” ဟု ကြို့ပင်ကောက်မြို့ အမှတ် ၂-မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့် ကပြောသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ကိုယ်စားလှယ် ၅၄-ဦး၊ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ၂-ဦး၊တပ်မတော်သားကိုယ်စားလှယ် ၁၉-ဦး နှင့် ကရင်တိုင်းရင်းသားကိုယ်စားလှယ် ၁-ဦး စုစုပေါင်း ၇၆-ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
“မကြာမှီရက်ပိုင်းအတွင်းမှာ ပြန်လည်စတင်တော့မှာပါ။တိုင်းဒေသကြီးလွှတ်တော်ရပ်တန့်ထားရခြင်းက အများပြည်သူမဲဆန္ဒရှင်တွေနယ်မြေတွေမှာလိုအပ်ချက်မျိုးစုံတွေလုပ်ပေးနေရလို့ပါ။တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးပြန်စမည့် ရက်ကို လွှတ်တော်ကိုယ်စားလှယ်တွေဆီကို အကြောင်းကြားဆက်သွယ်ပေးသွားမှာပါ။ဒီရက်ပိုင်းအတွင်းမှာပြန်လည်စတင်တော့မှာပါ။ဒုတိယအကြိမ်အစည်းအဝေးမှာ ဘာ့ကြောင့် နှစ်ရက်ထဲလုပ်ပြီးရပ်တန့်ထားရတယ်ဆိုတာတော့ ပြောလို့မရပါဘူး။” ဟု ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင် ကပြောသည်။
အဆိုပါ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈-ရက်နေ့မှာ တွင်ကျင်းပခဲ့သည့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်အများဆန္ဒအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လက်ပံတန်းမြို့ မဲဆန္ဒနယ်မှ ဦးခင်မောင်ရင် အားဥက္ကဌအဖြစ်ရွေးချယ်တင်မြောက်ခဲ့ပြီး ဒုတိယဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကျောက်တံခါးမြို့ မဲဆန္ဒနယ်မှ ဦးကြည်ဇင်တို့အားရွေးချယ်တင်မြှောက်ခဲ့ကြီးပြီး တိုင်ဒေသကြီးလွှတ်တော်အစည်းဝေး ၂-ရက်မြောက်သောနေ့မှာပင် အစည်းဝေးရပ်တန့်ထားခဲ့ကြပြီး ယနေ့အချိန်အထိ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးပြန်လည်စတင်ခြင်းမရှိသေးကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019
No comments:
Post a Comment