သူလိုလူ
=======
၁၉၈၈မှစ၍ယခု၂၀၁၆ခုနှစ်ထိခေတ်အဆက်ဆက်ရပ်ကွက်
ကိုအုပ်ချုပ်လာခဲ့သောရပ်ကွက်ဥက္ကဌများထဲမှတမူထူး၍ပေါ်
ထွက်လာခဲ့သောကိုယ်ကျိုးမကြည့်ပြည်သူ့အကျိုးကိုသာဦး
စားပေးရှေးရူ့ခဲ့သောဦးဇော်လွင်ဆိုသောလူတစ်ယောက်
ကျွန်တော်တို့ခေတ္တရာရပ်ကွက်အတွက်အုပ်ချုပ်ရေးမှူးကောင်း
တစ်ယောက်ပေါ်ထွက်လာခဲ့လေပြီ။သူဟာမိမိအကျိုးစီးပွားထက်
ရပ်ကွက်အကျိုးစီးပွါးအတွက်လူနေမှုဘဝတိုးတက်မှုကိုသာအစဉ်
အလာပေးဆပ်နေတဲ့သူတစ်ဦးဆိုလည်းမမှားပေဘူး-----
သူအုပ်ချုပ်ရေးမှူးစတာဝန်ယူသည့်အချိန်မှယနေ့အချိန်ထိကျွန်တော်
တို့ရပ်ကွက်ဟာပြောင်းလဲများစွာပေါ်ထွန်းလာခဲ့ပါတယ်ပထမဦးဆုံး
အနေနဲ့ရပ်ကွက်မှာမရှိမဖြစ်လိုအပ်နေတဲ့အဆင့်မှီမီးသတ်ကားတစ်
စီးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးရပ်ကွက်အတွင်းရှိမြေနီလမ်းများသည်
လဲကတ္တရာလမ်းများအသွင်သို့ပြောင်းခဲ့လေပြီ-----
လမ်းတိုင်းလမ်းတိုင်းမှာရှိနေတဲ့အိုဟောင်းဆွေးမြေ့နေသောဓါတ်မီး
တိုင်များသည်လည်းယခုဆိုရင်ကွန်ကရစ်ကျောက်တိုင်အဖြစ်အစား
ထိုးနိုင်ခဲ့လေပြီ-------
ဒါတင်ပဲလားဆိုရင်ကျန်ပါသေးတယ်ရပ်ကွက်အတွက်မီးအန္တရယ်နှင့်
ကျန်းမာရေးအတွက်ကာကွယ်မှုအနေဖြင့်လမ်းကြိုလမ်းကြားတွင်စွန့်
ပြစ်ထားသောအညစ်အကြေးအမှိုက်များ ကိုလူထုအားနှင့်အပါတ်စဉ်
အပါတ်တိုင်းရှင်းလင်းရေးလုပ်ငန်းများကိုကိုယ်တိုင်ကြီးကြပ်၍ပါဝင်
ဆောင်ရွက်လျှက်ရှိပြီးယခုဆိုရင်ရပ်ကွက်ပိုင်အမှိုက်သိမ်းယာဉ်တစ်
စီးဝယ်ယူ၍ရပ်ကွက်အတွင်းရှိအမှိုက်သရှိုက်များကိုနေ့စဉ်ရှင်းလင်း
ဆောင်းရွက်နေခြင်းဟာသက်သေပြခဲ့ပြီလေ---
ဒါကြောင့်သူလိုလူ ဦးဇော်လွင်(အုပ်ချုပ်ရေးမှူး-ခေတ္တရာ)အားမှတ်တမ်း
တင်ဂုဏ်ပြုလိုက်ပါသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
မိုးမခ(ပြည်)(တိုင်း)မှုခင်းအထူးသတင်းထောက်နှင့်ပြည့်သဲမောင်(ပြည်)ပြည်ခရိုင်မှုခင်းနှင့်သတင်း

No comments:
Post a Comment