ပြည်ခရိုင်အတွင်းကျေးရွာတစ်ချို့ သောက်သုံးရေရှားပါးမှုများကြုံတွေ့နေရ
ပြည်၊မတ်၊၂၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲတိုက်နယ်အတွင်းရှိ
သန္ဓေပင်အုပ်စု နှင့် နွယ်ကောက်အုပ်စုအတွင်းမှာ
သောက်သုံးရေရှားပါးမှုများကြုံတွေ့နေရကြောင်းသိရသည်။
အဆိုပါ
သန္ဓေပင်အုပ်စု နှင့် နွယ်ကောက်အုပ်စုအတွင်းမှ
သောင်းမဲလေးရွာ၊ကြူတောရွာ၊ပေါက်တောကုန်း
စသည့်ကျေးရွာများမှာသောက်သုံးရေရှားပါးမှုပြဿနာပိုမိုဆိုးရွားစွာဖြစ်ပေါ်လျှက်ရှိနေကြောင်းဒေသခံများထံမှသိရသည်။
“ပြီးခဲ့တဲ့နှစ်တွေက
ရွာကကန်ကြီးတွေကို ရေသွင်းထားတာ။ဆည်ရေတွေလည်းသွင်းပြီး
သုံးစွဲခဲ့တယ်။ဒီနှစ် တောင်န၀င်းဆည် နဲ့ မြောက်န၀င်းဆည်က
ပြုပြင်မှုတွေလုပ်မယ်ဆိုပြီး ဆည်ရေလွှတ်မပေးဘူး။ နွေစပါးစိုက်ပျိုးမှု နဲ့
သောက်သုံးရေရှားပါးမှုတွေစတင်ကြုံနေရတယ်။အခုရေရှားတာက
သောင်းမဲလေးရွာ၊ကြူတောရွာ၊ပေါက်တောကုန်းရွာ ပိုဆိုးတယ်။ တစ်ရွာကို အိမ်ခြေ
၃၀-ခန့်ရှိတယ်။စုစုပေါင်း အိမ်ခြေ၉၀-လောက်သောက်သုံးရေရှားပါးနေပါတယ်။” ဟု
သောင်းမဲလေးကျေးရွာနေထိုင်သူ ဦးမောင်ပု ကပြောသည်။
အဆိုပါကျေးရွာများအတွင်းသို့
၂၀၁၅-ခုနှစ်အတွင်းမှာ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ စက်ရေတွင်း
၅-တွင်းတူးဖော်ပေးခဲ့သော်လည်း မြေအောက်သို့ ၁၂၀-ခန့်တူးပြီးမှသာ
၁-တွင်းသာအောင်မြင်ခဲ့၍ သောက်သုံးရေအခက်အခဲအခက်များဆက်လက်ဖြစ်ပေါ်နေခဲ့သည်။
“ဒီဘက်ကရွာတွေက
စက်ရေတွင်းတူးတိုင်းလည်း ရေမအောင်ဘူး။ ရွာမှာစက်ရေတွင်းတွေကို
ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန နဲ့ မိုးမေတ္တာ ပရဟိတအဖွဲ့တွေ
စက်ရေတွင်းလာတူးတယ်။ မအောင်မြင်ဘူး။အခုစက်ရေတွင်းလေးတစ်တွင်းက
အောင်မြင်နေပေမယ့်
ရေထွက်ဖို့ဆီထည့်ရတယ်။ဆီနဲ့ရေနဲ့လဲသုံးနေသလိုဖြစ်နေတယ်။ရေက
လုံလောက်မှုမရှိဘူး။နှစ်တိုင်းရေပြဿနာကြုံတယ်။ဒီနှစ်ကပိုဆိုးတယ်။
တောင်န၀င်းဆည်နဲ့မြောက်န၀င်းဆည်ပြုပြင်မယ်ဆိုပြီးရေမလွတ်လို့
နွေစပါးစိုက်ခွင့်မရဘူး။ နွေစပါးစိုက်ခွင့်မရတော့
စိုက်ပျိုးစရိတ်ချေးငွေပြဿနာပါထပ်ကြုံနေရတယ်။
ရေပြဿနာကလည်းရှိနေပါတယ်။အခုထိတော့ရေအလှူရှင်တွေလာတာမရှိသေးပါဘူး။”
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။
၎င်းကျေးရွာအုပ်စုများအတွင်း
ဘိုးဘွားစဉ်ဆက်မှ သောက်သုံးရေသိုလှောင်ကန်ကြီး သုံးကန်ရှိနေခဲ့သော်လည်း
ရာသီဥတုဒဏ်အမျိုးမျိုးကြောင့် ယခုနှစ်တွင် ရေသိုလှောင်နိုင်မှုမရရှိတော့ပဲ
သောက်သုံးရေအတွက် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တူးဖော်ပေးခဲ့သည့်
စက်ရေတွင်းတစ်တွင်းကိုသာ အားကိုးအားထားသုံးစွဲနေရပြီး
ရေနှင့်ဆီလဲလှယ်သုံးနေရသကဲ့သို့ဖြစ်ပေါ်နေပြီး
အမှန်တကယ်သောက်သုံးရေလုံလောက်မှုမရှိတော့သဖြင့် ၄င်းကျေးရွာများနှင့်
၃-မိုင်ခန့်ဝေးသော နေရာများတွင်
သောက်သုံးရေသွားရောက်သယ်ယူသုံးစွဲနေရကြောင်းသိရသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း) နှင့် K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ 09253311019
No comments:
Post a Comment