Thursday, March 3, 2016

ကွဲပြားမှုတို့ ပေါင်းဆုံရာ ကမ့်ပိန်း နှင့် စာပေဟောပြောပွဲကျင်းပပြုလုပ်သွားမည်။



ကွဲပြားမှုတို့ ပေါင်းဆုံရာ ကမ့်ပိန်း နှင့် စာပေဟောပြောပွဲကျင်းပပြုလုပ်သွားမည်။

ကွဲပြားမှုတို့ ပေါင်းဆုံရာ ကမ့်ပိန်းအား ၂ ရက်ဆက်တိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခုလာမည့် မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်မှာ ပြည်မြို့ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာ လက်ဖက်ရည်ဆိုင်မှ ပြည်မြို့တွင်းသို့ ထွက်ခွာ၍ ကမ့်ပိန်းများကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ပြည်မြို့ မြို့သစ် ကားကြီးဂိတ်ဝန်းမှ စတင်ကာ ကမ့်ပိန်းများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ကွဲပြားမှုတို့ပေါင်းဆုံရာ စာပေ အနုပညာ နှင့် ပညာရပ်ဆိုင်ရာ စာပေဟောပြောပွဲအား ဆရာချစ်ဦးညို  ဆရာ ဒေါက်တာခင်မောင်ညို ဆရာဇေယျသူ တို့မှ ယခု မတ်လ ၇ ရက်နေ့ ည ၇ နာရီမှ ၁၁ နာရီအထိ ပြည်မြို့ ခေတ္တရာပြည်သူ့ခန်းမကြီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် ပြည်သတင်းဖတ်ရှုသူုများမှတဆင့် မိမိတို့အပါဝင် မိမိတို့ မိတ်ဆွေ ဆွေမျိုး ညီအကို မောင်နှမ အားလုံးတို့ ပါဝင်ပူးပေါင်းနိုင်ပါကြောင်းနှင့် စာပေဟောပြောပွဲအား တက်ရောက်နိုင်စေရန် အထူးအလေးထား ဖိတ်ကြားအပ်ပါသည်။

ဘာသာမတူ
လူမျိုးမတူ
အတွေးအခေါ်မတူတဲ့
အလှတရားတွေကြားမှာ
ညီညွှတ်မှုအားမာန်ဖြင့်
ငြိမ်းချမ်းသော
နိုင်ငံတော်သစ်ဆီသို့
ချီတက်ကြပါစို့။

ပြည်သတင်းလူငယ်
09253311019

No comments:

Post a Comment