မီးသတ်သမားနဲ့အရီးသက်သား
ပြည့်သဲမောင်(ပြည်)094236 71883
အရီးသက်သား မေး…….ဟိတ်ကောင်…..မီးသတ်သမား
မင်းတို့မီးသတ်သမားတွေကဘာလို့မီးလောင်တဲ့နေရာကို
နောက်ကျမှရောက်တာလဲကွ……
မီးသတ်သမား ဖြေ……အရီးသတ်သား ဘယ်နေ့ ၊ ဘယ်
အချိန် ၊ဘယ်ရပ်ကွက် ၊ဘယ်သူ့အိမ် ၊ဘယ်နေရာက မီးစ
ပြီးလောင်ပါမယ်လို့ဘယ်သူသိလဲ…..မီးလောင်တယ်ကြိ
တ်ငြိမ်းမယ်မနိုင်တော့မှမီးသတ်ကိုအကြောင်းကြားတာ
မဟုတ်ဘူးလား….ဒါတောင်ပတ်ဝန်းကျင်က အကြောင်း
ကြားလို့ကွ….မင်းသိလား…….
အရီးသက်သား မေး……ထားပါတော့ကွာ….ဒါဆိုမင်းတို့..
မီးသတ်ကားတွေက ရေပတ်တာမှဘယ်လောက်မှမကြာေ
သးဘူး ….ရေကုန်ပြီဆိုပြီးဘာလို့ ဆက်မပက်တော့တာလဲ…
ပိုက်ဆံမပေးလို့လား…
မီးသတ်သမား ဖြေ….အရီးသက်သား…..မီးသတ်ကား
တစ်စီးဟာ…အမှန်တကယ်ရေပက်မယ်ဆိုရင်…မီးငြိမ်း
သတ်မယ်ဆိုရင်….(၃)မိနစ်ပဲပက်ရတယ်ကွ…အဲဒီ(၃)မိ
နစ်မှာရေကုန်လို့နောက်ကားမလာသေးရင် အရှေ့မှာပို
က်ကိုင်ပြီး….မီးငြိမ်းသတ်နေတဲ့ တပ်ဖွဲ့ဝင်တွေအသက်
သေနိုင်တယ်ဆိုတာရော…မင်းသိလားကွ…..မီးသတ်ရဲ
ဘော်တွေက မီးငြိမ်းဖို့အဓိကဦးစားပေးပြီး…မိမိအသက်
ကို အဓိကမထားပဲမီးငြိမ်းသတ်နေတဲ့သူတွေဆိုတာ …မင်း
နားလည်စမ်းပါ…….မင်းတို့တွေပိုက်ဆံပေးလိုက်ရတယ်
ဆိုရင်….ငါတို့ကတပ်ဖွဲ့ဖြစ်တဲ့အတွက် …ငါတို့ကို အုပ်
ချုပ်တဲ့အရာရှိတွေဆီကို …တပ်စုအမည်လေးနဲ့ဒါမှမဟုတ်
..ဘယ်သူဆိုတာတိတိကျကျလေးတိုင်လိုက်စမ်းပါကွာ..
အရီးသက်သားရာ…..
အရီးသက်သား မေး……ရှိစေပေါ့ကွာ….မင်းတို့မီးသတ်
ကားတွေက…ဘာကြောင့်မီးသတ်ဥသြမဆွဲတာလဲမီးသတ်
ဥသြမဆွဲတော့…အခြားမှာအလုပ်သွားလုပ်နေတဲ့သူတွေ
က..သူတို့အိမ်နားမှာ မီးလောင်တာတောင်မသိတော့ဘူးေ
ပါ့ကွ…တောမီးမှန်းမသိ …အိမ်မီးမှန်းမသိနဲ့…
မီးသတ်သမား ဖြေ….အေး ….အရီးသက်သား…..ငါတို့မီး
သတ်ဆိုတာ…တပ်ဖွဲ့ကွ….တပ်ဖွဲ့ဆိုတာ…စာနဲ့ထွက်လာ
တဲ့အမိန့်ကိုလဲနာခံရသလို…ဒေသန္တအမိန့်ဆိုတဲ့နုတ်မိန့်ကို
လဲနာခံရတယ်ကွ…..အထက်ဌာနက မီးတောက်မြင်မှမီး
သတ်ကားဥသြဆွဲရမယ်တဲ့…..မင်းတို့ပြည်သူတွေ အထိတ်
တလန့်ဖြစ်မှာဆိုးလို့တဲ့လေ…..အဲဒီလိုနုတ်မိန့်နဲ့ညွန်ကြား
ထားကိုရော…မင်းသိသလား အရီးသက်သား…..
အရီးသက်သား မေး……ထားပါတော့ကွာ….ဒါဆိုရင်မင်း
တို့မီးသတ်တွေက …မီးလောင်တဲ့အခါမှာ မမြဲတမ်းဆုံးရှုံး
မှုတန်ဘိုးတွေလျှော့တွက်တယ်…အဲဒါဘာကြောင့်လဲ…..
မင်းသိသလားကွ……
မီးသတ်သမား ဖြေ….အော်….အရီးသက်သားရယ်…
အမှန်တကယ်တော့…ဆုံးရှုံးမှုတန်ဘိုးလျှော့တွက်တာ
တချို့နေရာတွေမှာကောင်းပါတယ်…ဘာကြောင့်လဲ
ဆိုတော့…ပြည်သူတွေအနေနဲ့ကဆုံးရှုံးမှုတန်ဘိုးများ
ရင်..ပြစ်ဒဏ်ကပိုများမယ်….ဆုံးရှုံးမှုတန်ဘိုးနည်းရင်
…ပြစ်ဒဏ်ကနည်းမှာပေါ့….ဒါပေမဲ့အရီးသက်သား…
မင်းသိထားရမှာက…အဲဒီဆုံးရှုံးမှုတန်ဘိုးကိုတွက်တာ
..မြို့နယ်/ခရိုင်မှာအမြင့်ဆုံရာထူးရှိတဲ့သူ….သူကပဲ
တွက်ပိုင်ခွင့်ရှိတယ်ကွ….အရီးသက်သားရ…..
အရီးသက်သား မေး……အေးထားကွာ…မင်းတို့
မီးသတ်ကားတွေက..အရမ်းမောင်းပြီးဘာကြောင့်
ယာဉ်တိုက်မှုဖြစ်ရတာလဲကွာ….
မီးသတ်သမား ဖြေ….အော်….အရီးသက်သားရယ်
…မေးမှမေးရက်တယ်…မီးသတ်ကားဆိုတာ…. ဇိမ်ခံ
ကားပါကျဲဒိုးကြီးမဟုတ်သလို….မာစီးတီးစ်ကားလဲ
မဟုတ်ဘူးကွ…..မိနစ်အနဲငယ်နောက်ကျတာနဲ့အမျှ
….ပြည်သူတွေရဲ့..အသက်အိုးအိမ်စည်းစိမ်…ကုန်မှာ
ဆိုးတဲ့အတွက်မောင်ရတဲ့ကားဆိုတာ..မင်းနားလည်
စမ်းပါ….မင်းတို့ကရော…မီးသတ်ကားလာနေတာေ
တာင် အသိစိတ်နဲ့လမ်းဘေးဘယ်/ညာကိုချပေးလို့
လား….မချပေးမဲ့အပြင်မီးသတ်ကားနဲ့တောင်..အပြိုင်
မောင်းလိုက်သေးတယ်မဟုတ်လား…မင်းတို့ကြောက်
တာ အဘကားပါကွာ….မင်းတို့တချို့ပြည်သူတွေ …
အဲဒီလိုနားလည်မှုမရှိလို့…ကိုယ့်ထမင်းကိုယ်စားပြီး
မီးသတ်ကားတက်မောင်းပေးတဲ့သူတွေထောင်ထဲမှာ
….ရပ်ကွက်က မီးသတ်ကားမှာယာဉ်မောင်းမရှိလို့…..
အခက်ကြုံရတဲ့ရပ်ကွက်တွေရှိတယ်ကွ…မင်းသိသ
လား…အရီးသက်သား……
အရီးသက်သား မေး……မင်းတို့မီးသတ်သမားတွေကို…
ငါအရမ်းလေးစားသွားပြီကွာ…ငါမေးခဲ့တာတွေမင်းစိတ်
မဆိုးပါနဲ့နော်..မီးသတ်သမား….ငါ့လိုပဲတစ်ခြားပြည်သူ
တွေလဲသိချင်နေမှာပါကွာ………..
မီးသတ်သမား ဖြေ….ငါတို့မီးသတ်သမားတွေက..ပြည်
သူတွေရဲ့ခံစားချက်ကိုနားလည်ပါတယ်ကွာ..ဘာကြောင့်
နားလည်လဲဆိုရင်…ငါတို့ကလဲ ပြည်သူထဲက ပြည်သူတွေ
ပါပဲကွာ...................“
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

No comments:
Post a Comment