Saturday, February 20, 2016

ပြည်ခရိုင်တွင်းရှိရဲတပ်ဖွဲ့ဝင်များပြည်သူ့အကျိုးပြုလုပ်န်းဆောင်ရွက်


ပြည်ခရိုင်တွင်းရှိရဲတပ်ဖွဲ့ဝင်များပြည်သူ့အကျိုးပြုလုပ်န်းဆောင်ရွက်
ပြည် ဖော်ဝါရီ(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်တွင်းရှိရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ
(၂၀)ရက်နေ့နံနက်(၆း၃၀)အချိန်ခန့်တွင် ပြည်မြို့ ၊နဝင်းနယ်မြေ၊ဗာရာ ဏသီဘုန်းတော်ကြီးကျောင်း၌ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်
ခဲ့ကြောင်းသိရသည်။

၎င်းနဝင်းနယ်မြေ၊ဗာရာဏသီဘုန်းတော်ကြီးကျောင်း၌ ကျောင်းဝင်းအ
တွင်းအပြင်သန့်ရှင်း ရေးဆောင်ရွက်ခြင်း၊ရေစီးရေလာကောင်းမွန်စေရန်
ရေနုတ်မြောင်များတူးဖော်ခြင်း၊ချုံနွယ်မျက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း
လုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး၊နေ့လည်ပိုင်းသံဃာတော်အပါး(၈၀)
အားနေ့ ဆွမ်းဆပ်ကပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးအောင်သက်နိုင် ဦးစီး၍ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဦးနှင့်ပြည်
မြို့နယ်ရဲရုံးရှိ ရဲတပ်ဖွဲ့ဝင်များ၊ပြည်မြို့မရဲစခန်းမှူးဒုရဲမှူးမျိုးမြင့်နှင့်တပ်ဖွဲ့ဝင်များ
ပြည်အမှတ်(၁)ရဲစခန်းမှူးရဲအုပ်မျိုးဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ပြည်အမှတ်(၃)စခန်း
မှူးရဲအုပ်စိုးလှိုင်ဦးနှင့်တပ်ဖွဲ့ဝင်များ၊တပ်ဖွဲ့ဝင်မိသားစုများစုပေါင်းလုပ်အားပေး
ခဲ့ကျကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



No comments:

Post a Comment