Monday, February 8, 2016

ပြည်



ပြည်မြို့တွင် ချင်းမျိုးနွယ်စုရေတွက်ခြင်းဆိုင်ရာဆွေးနွေးပွဲကျင်းပခဲ့



ပြည် ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မင်္ဂလာဥယျာဉ်ဟော်တယ်တွင် ဖော်ဖော်ဝါရီလ ၇-ရက်နေ့ နံနက် ၉-နာရီအချိန်ခန့်က ပြီးခဲ့သည့် ၂၀၁၄ခုနှစ်တွင်စတင်ကောက်ခံခဲ့သော သန်းခေါင်စာရင်းတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုး၁၃၅မျိုးရှိပြီး ချင်းမျိုးနွယ်စု ၅၃မျိုးဖော်ပြရာတွင် မှားယွင်းမှု့များရှိနေသောကြောင့်အဆိုပါ မှားယွင်းမှု့များကို ပြင်ဆင်နိုင်ရန် ချင်းမျိုးနွယ်စုရေတွက်ခြင်းဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဆလိုင်းလှထွန်း၊အရှိုးချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဆလိုင်းပာန်ကြည်၊NACC မှဆလိုင်းအောင်မင်းလှိုင်၊ဆလိုင်းဆန်လှေးမန်၊သမိုင်းသုသေတီဆရာဦးရိုဆန်း တို့မှ ချင်းမျိုးနွယ်စု ၅၃မျိုးဖော်ပြရာတွင် မှားယွင်းမှု့များကိုပြင်ဆင်နိုင်ရန်ပောာပြောခဲ့ပြီး အနယ်နယ်အရပ်မှအဖွဲ့အစည်းများ ချင်းလူမျိုးလူဦးရေ ၁၀၀-ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။



“ ကုတ်နံပါတ်၄၀၂မှာ အရှိုချင်းကို ဆလိုင်းချင်းဆိုပြီးတစ်ခါပါတယ်။ နောက်ကုတ်နံပါတ်၄၅၂မှာ အရှိုချင်း(မြေပြန့်)ဆိုပြီးပါတယ်။ အဲ့ဒါကမှန်ပြီးကုတ်နံပါတ်၄၀၂မှာကမှားပါတယ်။ နောက် ကျနော်တို့ချင်းမှာက ဆလိုင်းဆိုတာမျိုးနွယ်စုအပာုတ်ပါဘူး ဗမာတွေနံမည်ရှေ့မှာ ဦးတို့ ဒေါ်တို့တပ်ခေါ်သလိုပါပဲ။” ပာု အရှိုချင်းအမျိုးသားပါတီ ဆလိုင်းပာန်ကြည် ကပြောသည်။



အဆိုပါ အခမ်းအနားတွင် ချင်းမျိုးနွယ်စုအကြောင်းများ ဖြစ်တည်လာပုံ သမိုင်းအထောက်ထားများ ရှင်းလင်းပြောကြားခဲ့ကြပြီး ချင်းစာပေနှင့်ယျာဉ်ကျေးမှု့ဆိုင်ရာစာအုပ်များကိုဝေငှခဲ့ကြောင်းသိရသည်။သန်းခေါင်စာရင်းမှ ချင်းလူမျိုးများအတွက်ပြန်လည်စီစစ်နိုင်ရန် အထောက်အကူပြုအဖွဲ့ကိုဖွဲ့စည်းထားပြီးနိုင်ငံတော်ကိုပြန်လည်တင်ပြသွားမည်ဖြစ်ပြီး ယခုဆွေးနွေးပွဲကိုပြည်မြို့အပါအ၀င်မြို့မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး ၅-မြို့တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။



K3(PYAY)09253311019

No comments:

Post a Comment