မုန်လာဥများ စားသုံးသူနည်းလာသလို နယ်ရှိပွဲရုံနှင့်ဒိုင်များကောက်ယူမှုနည်းပါးလာသဖြင့် အဆမတန်ကျဆင်းလျှက်ရှိနေ
ပြည် ဇန်န၀ါရီ ၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ယခုနှစ်ထွက်ရှိသည့် မုန်လာဥဈေးများ အဆမတန်ကျဆင်းလျှက်ရှိရာ ခြံစိုက်တောင်သူများ အခက်ခဲများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။ ပြည်ခရိုင်အတွင်း ပြီးခဲ့သည် သတင်းကျွတ်လမှစတင်ထွက်ရှိခဲ့သည့် မုန်လာဥများသည် ယခုနှစ် ရန်ကုန်ဈေးကွက် နှင့် သီးနှံပွဲရုံများမှ လာရောက်ကောက်ယူသူရှားပါလာခဲ့သလို စိုက်ပျိုးသည့်တောင်သူများ ပေါများလာခြင်းများကြောင့် ယခုလိုမုန်လာဥဈေးနူန်းများ အဆမတန်ကျဆင်းခဲ့တာဖြစ်ကြောင်း ခြံစိုက်တောင်သူမျာထံမှသိရသည်။
ယခင်ပြီးခဲ့သည့် နှစ်က မုန်လာဥ သန့်သန့်ချောချော ရှစ်လုံးခန့်ပါသော အစည်းတစ်စည်းအား ၁၃၀-ကျပ်ဖြင့် အနယ်နယ်အရပ်ရပ်မှ သီနှံပွဲရုံ နှင့် သီးနှံဒိုင်များ လာရောက်ကောက်ယူခဲ့ကြသော်လဲ ယခုနှစ်တွင် မုန်လာဥတစ်စည်းအား ၃၀-ကျပ်ဖြင့်သာလာရောက်ကောက်ယူနေကြကြောင်းသိရသည်။
“ပြီးခဲ့တဲ့ နှစ်က အိတ်စပိုစ့် နိုင်ငံခြားကိုတင်သွင်းရတယ်လို့ပြောတယ်။ ပြီးခဲ့တဲ့နှစ်က ဈေးနူန်းရတာကောင်းတယ် အရမ်းကြီးမဟုတ်ပေမယ့် အနည်းငယ်အဆင်ပြေကြပါတယ်။ ဒီနှစ်က ရေလောင်း ပေါင်းသင် အလုပ်သမားခ သယ်ယူစရိတ် အကုန်လုံးရှုံးခဲ့ရတယ်။မုန်လာဥ နဲ့ ပန်းဂေါ်ဖီအပြိုင်ရောင်း အပြိုင်စိုက်ပျိုးနေရတာတွေကြောင့် လူတော်တော်များများက မုန့်လာဥ သိပ်မစားဖြစ်ဘဲ ပန်းဂေါ်ဖီစားတာများလာတော့ ခုနှစ်ဈေးနှိမ်ခံရသလိုဖြစ်သွားတယ်။”ဟု ပြည်မြို့ မှော်ဇာတိုက်နယ်ခြံစိုက်တောင်သူ ကိုသိန်းဇော်ကပြောသည်။
ပြည်ခရိုင်အတွင်း သဲကုန်း၊ပုတီးကုန်း၊ဇီးကုန်း၊ပြည်၊မှော်ဇာ၊ပေါင်းတည်၊ပေါက်ခေါင်း၊ပေါင်းတလည် စသည့်ဒေသအတွင်းမှ မုန်လာဥများ နှင့် ပန်းဂေါ်ဖီများ စိုက်ပျိုးမှုများပြားလာသလို ယခုနှစ် မုန်လာဥဈေးနူန်းများ ကျဆင်းလာမှုကြောင့် ခြံစိုက်တောင်သူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“ဆန်ဈေး နဲ့ ကြက်သွန်နီဈေးကတက်လိုက်တာများ တနေ့ ၅ထောင်လုပ်အားခရတာတောင်မလောက်ဘူး။ မုန်လာဥဈေးက ဒီနှစ်အရမ်းကျသွားတော့ ရွာထဲမှာနေ့သွင်း လသွင်းတွေချေးယူကြရတဲ့အဖြစ်ကိုရောက်တယ်။ အလုပ်တွေမကောင်းတော့ ယောက်င်္ကျားလေးတော်တော်များများလဲ ရွာထဲက အရက်ဆိုင်မှာစုနေကြတော့တယ်။ အကြွေးမဆပ်နိုင်လို့ ထွက်ပြေးရတဲ့သူတွေလဲရွာထဲမှာရှိနေတယ်။”ဟု မှော်ဇာတိုက်နယ် ခြံစိုက်တောင်သူ မငယ်မ ကပြောသည်။
ပြည်ခရိုင်အတွင်း ယခုနှစ် မုန်လာဥစိုက်ပျိုးသူပေါင်း 80%ရှိနေပြီး ယခုနှစ်မုန်လာဥဈေးနူန်းများ အဆမတန်ကျဆင်းမှုကြောင့် ခြံစိုက်တောင်သူများ စားဝတ်နေရေးကအစခက်ခဲမှုများဖြစ်ပေါ်လာခဲ့သလို ပန်းဂေါ်ဖီ နှင့် မုန်လာဥ ယှဉ်ပြိုင်လာပါက ယခုနှစ်တွင် ပန်းဂေါ်ဖီစားသုံးသူများပိုမိုများလာနေမှုများ၊ပြည်ပသို့တင်သွင်းမှုလျော့ကျလာခြင်းများ ကြောင့် ယခုနှစ် မုန်လာဥစိုက်ပျိုးကြသည့်တောင်သူတွေ စိုက်ပျိုးမှုစရိတ်များ ရှုံးခြင်းများကြောင့် တစ်ချို့သော မုန်လာဥအခင်းများကို နွားစားကျက်အဖြစ် ပြောင်းလဲပစ်သည်အထိ ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။
K3(pyay)
No comments:
Post a Comment