Monday, January 25, 2016

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူအား ဓါးဖြင့်ထိုး ပြည့်သဲမောင်(ပြည်)09 4236 71883


လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူအား ဓါးဖြင့်ထိုး

ပြည့်သဲမောင်(ပြည်)09 4236 71883 

ပြည် -ဇန်န၀ါရီ (၂၅)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပြည်မြို.နယ်တွင်
ဇန်န၀ါရီ(၂၃)ရက်နေ. နေ.လည်(၁း၀၀)နာရီ
အချိန်ခန်.က ဆံတော်ရပ်ကွက်၊မြောက်စောင်း
တန်းလမ်းရှိ နေအိမ်အပေါ်ထပ်တွင် လင်မယား
ချင်း စကားများရန်ဖြစ်ကျရာမှ ဇနီးဖြစ်သူအား
ဓါးဖြင့်ထိုးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို.၊ဆံတော်ရပ်ကွက်၊အနောက်
စောင်းတန်းလမ်း၊အမှတ်(၄၈၈)နေအိမ်ရှိ သား
သားလေး ရေခဲမုန်.ဆိုင်အပေါ်ထပ်တွင်နေသော
ရဲကျော်စွာ (၃၅)နှစ်(ဘ)ဦးအေးမောင် ကျဘမ်း
လုပ်သူနှင့်  သူ၏ဇနီးဖြစ်သူ မနီလာ(၄၂)နှစ်(ဘ)
ဦးမောင်မောင်သန်းမှီခိုသူတို.၏ လင်မယားချင်း
စကားများရန်ဖြစ်ကျရာတွင် ရဲကျော်စွာမှအရှည်
(၆)လက်မခန်.ရှိသစ်သားရိုးတပ် ဓါးဦးချွန်ဖြင့်ထိုး
ခဲ့ကြောင်း ရဲစခန်းမှသိရသည်။

ထိုသို. ဓါးဦးချွန်ဖြင့် ထိုးခဲ့ရာ မနီလာတွင် ကျောခုံး
ယာဘက်လက်ပြင်အောက်ထိုးသွင်းဒဏ်ရာ(၁)ချက်
(ဓါးတန်းလန်းနှင့်)ရရှိသွားခဲ့သဖြင့် ပြည်ဆေးရုံကြီး
တွင် အတွင်းလူနာအဖြစ်ဆေးရုံတက်ရောက်ကုသ
မူခံယူနေကြောင်း။

ထိုကြောင့် ဓါးနှင့်ထိုးသူ ရဲကျော်စွာအားအရေးယူပေး
ပါရန် မနီလာ၏ အကိုဝမ်းကွဲတော်သူ ဦးဝင်းအောင်
ကျော်(၄၃)နှစ်(ဘ)ဦးမောင်ဝင်း သားသားလေးရေ
ခဲမုန်.ဆိုင်ပိုင်ရှင်မှ တရားလိုပြုတိုင်းတန်းချက်ရ ပြည်
မြို.မရဲစခန်း (ပ)၆၁/၂၀၁၆ ၊ ပြစ်မူပုဒ်မ-၃၂၆ဖြင့် အမူ
ဖွင့်ကာ အမူအား ဒုရဲအုပ်မြတ်သူစိုး မှလက်ခံစစ်ဆေး
လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




No comments:

Post a Comment