ပေါင်းတလည်မြို့တွင် ဆန်စက်အတွင်းရှိ ဘွိုင်လာအိုးမီးဖိုမှ
အပူလွန်ကဲကာမီးလောင်မှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်
ပေါင်းတလည်မြို့ အနောက်ရပ်ကွက်ရှိ
ဆန်စက်အတွင်း ဘွိုင်လာအိုး မီးဖိုမှအပူလွန်ကဲ၍ဇန်န၀ါရီ(၂၃)ရက်နေ့
နံနက်(၃)နာရီ(၄၀)အချိန်ခန့်က မီးလာင်မှုဖြစ် ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာပြည်ခရိုင် ပေါင်းတလည်မြို့၊အနောက်ပိုင်းရပ်ကွက်၊ပြည်
-ပေါက်ခေါင်းကားလမ်း၊မိုင်တိုင်အ
မှတ် (၇/၁)နှင့်(၇/၂)အကြားရှိ ဦးလှမိုး(၅၀)နှစ်(ဘ)ဦးသက်စိုး၊ဆန်စက်လုပ်၊အရှေ့ပိုင်းရပ်ကွက်
၊ပေါင်း
တလည်မြို့နေသူ(ယခုမိတ္ထီလာမြို့တွင်နေထိုင်သူ)ပိုင်ဆန်
စက်အား ဦးဟန်ညွန့်(၆၇)နှစ်(ဘ)ဦးအောင်ဗ၊ဆန်စက်လုပ်၊ပိုရွာ
၊မြောင်းဆုံအုပ်စု၊ပေါင်းတလည်မြို့နေသူမှတာဝန်ခံအဖြစ်တာဝန်
ယူလုပ်ကိုင်လျှက်အလျား(၉၀)ပေ၊အနံ(၅၀)ပေ၊အမြင့်(၂၅)ပေ၊
အုတ်ကာ၊သွပ်မိုး၊မြေစိုက်အမျိုးအစား၊သုခပြည့်စုံဆန်စက်အတွင်း
ရှိ
ဆန်ကြိတ်ရာတွင် အသုံးပြုသော ဘွိုင်လာမီးဖိုမှအပူလွန်ကဲကာ
မီးစတင်လောင်ကျွမ်းခဲ့ ခဲ့သည်ဟုမီးသတ်တပ်ဖွဲ့မှသိရသည်။
ထိုသို့ ဘွိုင်လာမီးဖိုမှအပူလွန်ကဲကာမီးစတင်လောင်ကျွမ်းခဲ့သဖြင့်
ဆန်စက်အဆောက်အဦ၊ ဆန်စက် အတွင်းရှိစပါး(၁၀၀) တင်းခန်
့နှင့်ဘွိုင်လာမီးဖိုတို့မီးကူးစက်လောင်ကျွမ်းခဲ့ပြီးဆုံးရှုံးမှုတန်ဘိုး(၁၆
၇၀၀
၀၀ိ/)ကျပ်ခန့် မီးလောင်ဆုံးရှုါံ်ခဲ့ပြီးအခြားနေအိမ်များမီးကူးစ
က်လောင်ကျွမ်းခြင်းမရှိဟုသိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ပြည်ခရိုင်မီးသတ်ဦးစီးမှူး
ဦးအေးကျော်
ဦးစီး၍ မီးသတ်ဦးစီးမှူးရုံး မှမီး ငြှိမ်းသတ်ရေးယာဉ်၂စီးနှင့်တပ်ဖွဲ့ဝင်များ
၊ပေါင်းတလည်
မြို့ မီးငြိမ်းသတ်ရေးယာဉ်၂စီးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊
ပြည်မြို့ရှိ ဆံတော်ရပ်ကွက်
မီးငြိမ်းသတ်ရေးယာဉ်(၁)စီးနှင့်မီးသတ်တပ်
ဖွဲ့ဝင်များ၊ ရွှေကူရပ်ကွက် မီးငြိမ်းသတ်ရေးယာဉ်(၁)စီးနှင့်မီးသတ်တပ်ဖွဲ့
ဝင်များ
၊ခရမ်းကုန်းရပ်ကွက်မှ မီးငြိမ်း သတ်ရေးယာဉ်(၁)စီးနှင့်မီးသတ်
တပ်ဖွဲ့ဝင်များ
၊စုစုပေါင်း မီးသတ်ရေယာဉ်(၇)စီးဖြင့် ပေါင်းတလည် မြို့ဒေ
သခံ ပြည်သူများကပါ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့သဖြင့်(၄)နာရီ(၂၀)မိနစ်အ
ချိန်ခန့်တွင်
မီးငြိမ်း သတ်နိုင်ခဲ့သည်။
ထို့ကြောင့်မီးလောင်မှုနှင့်ပတ်သက်၍ ဦးဟန်ညွန်အားအရေးယူပေးပါရန်
ဦးဌေးဝင်း၊အရန်မီးသတ်ဒုခွဲမှူး၊ပေါင်းတလည်မြို့နေသူမှတရားလိုပြုလုပ်
တိုင်တန်းခဲ့သဖြင့်
ပေါင်းတလည်နယ်မြေရဲစခန်း(ပ) ၁၆/ ၂၀၁၆၊ပြစ်မှု
ပုဒ်မ-၂၈၅ အရမှုရေးဖွင့်ကာ အမှုအားဒုရဲအုပ်ထွနးထွန်းဦးမှလက်ခံ
စစ်ဆေးလျှက်
ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

No comments:
Post a Comment