Wednesday, December 9, 2015

စစ်ဘေးရှောင် ပြည်သူများအတွက် ပြည်မြို့တွင် အလှူခံမည်

စစ်ဘေးရှောင်ပြည်သူများအတွက် ပြည်မြို့တွင် အလျှူခံမည့်အကြောင်း နှိုးဆော်လွှာ
ကိုယ့်ရပ်ကိုယ့်ဒေသမှာတော့ စားကောင်း၊သောက်ကောင်း၊အိပ်ကောင်းခြင်းတွေပြည်စုံပြီး ပုံမှန် စီးပွါးရေးတွေလုပ်နိုင်၊ဘာသာရေးပွဲတော်တွေကိုပျော်ရွှင်စွားနွှဲပျော်နေနိုင်ကြပေမယ့် ကျီးလန့်စာ စားရသလိုဘယ်တော့များ ဗုံးတစ်လုံးကျလာမလဲ၊ဘယ်တော့များ မိတကွဲ၊ဖတကွဲ မိသားစုလေးတွေပြိုကွဲသွားမလဲ  ဆိုပြီး အိပ်ရေးပျက်ပေါင်းများစွာ၊အနေအထိုင်အစားအသောက်ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ ငါတို့တိုင်းရင်းသားပြည်သူ တွေ ရှမ်းပြည်ဘက်မှာအတော်များများရှိနေတယ်၊စစ်ရဲ့ဆိုးကျိုးကြောင့် အပြစ်မဲ့ ပြည်သူတွေရဲ့ဒုက္ခကို တို့တတွေတက်နိုင်သလောက် ကူညီလျှူဒါန်းရအောင်၊စစ်ဘေးရှောင်ြပည်သူတွေရဲ့မျက်ရည်တွေ၊၀မ်းနည်းပူဆွေးမှုသောကတွေကို တို့ပြည်သူတွေကပဲ နှစ်သိမ့်ဖြေသိမ့်မှုတွေ့ပေးကြအောင်လား
ပြည်မြို့သူမြို့သားများရဲ့စည်းလုံးခြင်းအင်အား ပုံရိပ်ကိုဖော်ပြမယ့်စုပေါင်းအလျှူခံအဖွဲ့ ဒီဇင်ဘာ ၁၀ရက်မနက်ကစပြီး ဖျော်ဖြေရေးအစီစဉ်များနဲ့ စတင်အလျှူခံပါတော့မယ်၊တက်နိုင်သလောက် အလျှူဒါန ပြူကြပါဦး  စေတနာရှင် အပေါင်းတို့ခင်ဗျား……..


စစ်ဘေးရှောင် ပြည်သူများအတွက် ပြည်မြို့တွင် အလှူခံမည်
By
ဇော်မင်းထိုက်

ရှမ်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းနိုင်ရန် ပြည်မြို့တွင် အလှူခံခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း  ပြည်မြို့ဒေသခံများ အလှူခံရေးကော်မတီမှ သိရသည်။

အဆိုပါ အလှူခံအဖွဲ့ကော် မတီကို ဒီဇင်ဘာ ၈ ရက်တွင် ဖွဲ့ စည်းခဲ့ပြီး  ပြည်မြို့ရှိ  နည်းပညာ တက္ကသိုလ်ကျောင်းသားများ၊ နိုင် ငံရေးအကျဉ်းသားဟောင်းများ၊ ပန်းချီနှင့် ကာတွန်းပညာရှင်များ၊ ဂီတအစည်းအရုံး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ မိုးမေတ္တာနာရေးကူညီမှုအသင်း၊ CPRCG အဖွဲ့၊        ပြည်ဒေသခံသတင်းထောက်များ၊ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် စုပေါင်းဖွဲ့စည်း၍ အလှူခံသွားမည် ဖြစ်သည်။

‘‘အခုလို အလှူခံရေးကော် မတီဖွဲ့ပြီး လုပ်ဆောင်ရတာက တော့ ပြည်မြို့ရဲ့ စည်းလုံးမှုကို ပြ ချင်တာရယ်၊ ပြည်မြို့ဒေသခံတွေ ရဲ့ အလှူဆိုတဲ့ ပုံရိပ်ကို ထင်ဟပ် စေချင်တာကြောင့် အသင်းတစ်ခု တည်း မဆောင်ရွက်ဘဲ စုပေါင်း ဆောင်ရွက်ကြတာ ဖြစ်ပါတယ်’’ ဟု မိုးမေတ္တာနာရေးကူညီမှုအ သင်းမှ ဦးမိုးကြီးက ပြောသည်။


အလှူခံရာတွင် ဂီတဖျော် ဖြေရေးများနှင့် ကာတွန်း၊ ပန်းချီ ဆရာများလိုက်ပါ၍ အမှတ်တရ ပန်းချီ၊ ကာတွန်းများရေးဆွဲမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်က စတင် ကာ လှည့်လည်အလှူခံသွားမည် ဖြစ်သည်။ ခုနစ်ရက်ခန့် အလှူခံ ရန် စီစဉ်ထားကြောင်း သိရသည်။

‘‘ရရှိလာမယ့် အလှူငွေတွေ ကို သွားရောက်လှူဒါန်းမှာက တော့ ရှမ်းပြည်နယ်အတွင်းက လဲ ချား၊ မိုင်းဆတ်စတဲ့နေရာတွေကို အဓိကသွားဖို့ရှိတယ်။ အဲဒီနေရာ တွေမှာ အခုလက်ရှိတိုက်ပွဲမဖြစ်တော့ဘူးလို့ သိရပေမယ့် စစ်ဘေးရှောင်နေသူတွေအများကြီးရှိတယ်လို့ သိရတယ်။ အလှူငွေတွေအပြင် ဆေးကုသဖို့ ဒီချုပ်က လွှတ်တော်ကိုယ်စားလှယ်ဆရာဝန်၊ ဆေးဝါးတွေရယ် ဆေးကုသမှုအစီအစဉ်ပါလုပ်နေတယ်’’ဟု မိုးမေတ္တာနာရေးကူညီမှုအသင်းမှ ဦးညီညီအောင်က ပြောသည်။

7 Day Daily


No comments:

Post a Comment