Friday, December 11, 2015
ဘယ်လိုဖယ်ဒရယ်စနစ်မျိုးကိုကျင်.သုံးကြမလဲ သရ၀ဏ်(ပြည်)
ဘယ်လိုဖယ်ဒရယ်စနစ်မျိုးကိုကျင်.သုံးကြမလဲ
သရ၀ဏ်(ပြည်)
အချို.ကဖယ်ဒရယ်ဟုခေါ်သည် ။ နိုင်ငံခြားသားများကတော.ဖက်ဒရယ်လ်ဟုခေါ်သည် ။ အချို.ကဖယ်ဒရယ်မူဟုခေါ်သည် ။အချို.ကဖယ်ဒရယ်စနစ်ဟုခေါ်သည် မည်သို.ပင်ရှိစေ သူ.မူရင်းကတော. Federalism ဟူသော အင်္ဂလိပ်စာလုံးမှလာသည် ။ဖက်ဒရယ်သည် ကတိစကားဟူသော လက်တင်ဘာသာ (Foedus ) မှဆင်းသက်လာသည် ။ အဘယ်ကတိစကားနည်းဟူမူ ပြည်ထောင်စုအစိုးရနှင်. ပြည်နယ်များအကြား အတူတကွ ပူးပေါင်းနေထိုင်ရန် သဘောတူညီချက်ကတိစကားဖြစ်သည် ။ ဖယ်ဒရယ်၏မူလအစမှာ ပြည်နယ်ကလေးများသည် သီးခြားစီနေထိုင်လျှင် အင်အားနည်းသဖြင်. အခြားအင်အားကြီးသူများမှဝင်ရောက်သိမ်းပိုက်ခြယ်လှယ်မည်ကိုစိုးရိမ်သဖြင်. ပြည်နယ်များစုစည်းပြီး ပို၍ကြီးသော နိုင်ငံတစ်ခုအဖြစ်ထူထောင်လိုက်သည် ။သို.သော် ပြည်နယ်တစ်ခုခြင်းစီ၏အာဏာနှင်.လုပ်ပိုင်ခွင်.များကိုလည်းဆက်လက်ကိုင်စွဲထားနိုင်ရန် အခြေခံဥပဒေ (အချို.နိုင်ငံများတွင် Basic Law ဟုခေါ်ကြသည် ) ကိုရေးဆွဲကာ ထိုဥပဒေအရ ဗဟိုအစိုးရနှင်. ပြည်နယ်အစိုးရဟူ၍ အာဏာခွဲဝေအုပ်ချုပ်ကြသည် ။ အခြေခံဥပဒေထဲတွင် ပြည်နယ်အစိုးရ၏လုပ်ပိုင်ခွင်. နှင်. ဗဟိုအစိုးရ (ဖယ်ဒရယ်အစိုးရဟုလည်းခေါ်သည် ၊ အမျိုးသားအစိုးရဟုလည်းခေါ်သည် ၊ ပြည်ထောင်စုအစိုးရဟုလည်းခေါ်သည် ) ၏လုပ်ပိုင်ခွင်.တို.ကိုပိုင်းခြားသတ်မှတ်ထားသည် ။ ဘယ်အရာသည်ပြည်ထောင်စုအစိုးရ၏လုပ်ပိုင်ခွင်. ၊ ဘယ်အရာသည် ပြည်နယ်အစိုးရ၏လုပ်ပိုင်ခွင်.ဟူ၍ ဖွဲ.စည်းပုံအခြေခံဥပဒေတွင်ထည်.ရေးဆွဲထားကြသည် ။ ထိုအတိုင်းအပြန်အလှန်အာဏာခွဲဝေကျင်.သုံးကြသည် ။ဒါသည်ဖယ်ဒရယ်၏ ကနဦးအစဖြစ်သည် ။ ထို.ကြောင်.ဖယ်ဒရယ်ဟူသည်မှာ ခွဲထွက်ရေးကိုဦးတည်သောစနစ်တခုမဟုတ် ။ အစကနဦးကတည်းက သီးခြားစီရှိနေသော နိုင်ငံငယ်များ (သို.မဟုတ်) ပြည်နယ်များသည် ပိုမိုအင်အားကြီးမားသော ပြည်ထောင်စုအဖြစ် စာချုပ်ချုပ်ဆိုပေါင်းစည်းလိုက်ကြခြင်းကိုဖယ်ဒရယ်ဟုခေါ်သည် ။ မြန်မာနိုင်ငံဝယ် အာဏာရှင်ဦးနေ၀င်းနှင်.စစ်အစိုးရအဆက်ဆက်ဝါဒဖြန်.နိုင်ငံရေးမှိုင်းတိုက်မှုကြောင်. ဖယ်ဒရယ်ကိုပြည်ထောင်စုပြိုကွဲစေမည်. ခွဲထွက်မည်.စနစ်တခု၏ ပြည်သူလူထုကအထင်မှားခဲ.သည် ။ ဖယ်ဒရယ်သည်ခွဲထွက်ရေးမဟုတ် ။ပိုမိုအင်အားကြီးအောင်ပေါင်းစပ်သောစနစ်ဖြစ်သည် ။ ဝေလ ၊ စကော.တလန် ၊မြောက်ပိုင်းအိုင်ယာလန် ၊ အင်္ဂလန်တို. ဖယ်ဒရယ်စနစ်ဖြင်.ပေါင်းစပ်လိုက်သောအခါ ယူနိုက်တက်ကင်းဒမ်း ( UK) နိုင်ငံကြီးဖြစ်လာပေသည် ။
တသီးတခြားစီရပ်တည်လာခဲ.သော ပြည်နယ်ငါးဆယ်ကိုပေါင်းစည်းညီညာလိုက်သောအခါ အမေရိကန်ပြည်ထောင်စု ( United States of America ) ဖြစ်လာပါသည် ။မြန်မာနိုင်ငံတွင်လည်း ရှေးအခါက ရှမ်းတို.သည် ရှမ်းစော်ဘွားတို.ဖြင်. ကိုယ်.မင်းကိုယ်.ချင်းကိုယ်ပိုင်နိုင်ငံအဖြစ်နေထိုင်ခဲ.ကြသည် ။ ရခိုင်တို.သည်လည်း ရခိုင်ပြည် ၊ ရခိုင်မင်းဆက်ဖြင်.နိုင်ငံသပ်သပ်ရှိခဲ.သည် ။ မွန်တို.သည်လည်း မွန်မင်းဆက်ဖြင်. မွန်နိုင်ငံရှိခဲ.ကြသည် ။အခြားတိုင်းရင်းသားများသည်လည်း မိမိပိုင်နက်နယ်မြေ ၊မိမိလူမျိုး ၊မိမိအကြီးအကဲဖြင်.နေလာခဲ.သည်ချည်းဖြစ်ခဲ.ကြသည် ။ သို.သော် အားကောင်းသောမင်းများလက်ထက်တွင်ပြည်ထောင်စုပုံစံဖြင်. မင်းတပါးတည်းလက်အောက်တွင်နေထိုင်ကြရသည် ။ အားနည်းသောမင်းများလက်ထက်တွင် သူတလူငါတမင်း မိမိဘာသာသီးခြားနေထိုင်ကြသည် ။ ပထမမြန်မာနိုင်ငံတော် ၊ဒုတိယမြန်မာနိုင်ငံတော် ၊ တတိယမြန်မာနိုင်ငံတော် တို.ထူထောင်ခဲ.ရာတွင် ပြည်ထောင်စုစနစ်ဖြင်.တစည်းတလုံးနေထိုင်ခဲ.ကြသည် ။ ထိုခေတ်ထိုအချိန်က ဖယ်ဒရယ်ဟူသောစနစ်ဖြင်.အာဏာခွဲဝေနေထိုင်အုပ်ချုပ်သောစနစ်တော.မြန်မာနိုင်ငံမှာမပေါ်ပေါက်သေးပါ ။ လွတ်လပ်ရေးရပြီးကာစပါလီမန်ဒီမိုကရေစီစနစ်တွင် ဖယ်ဒရယ်ပြည်ထောင်စုပုံစံလေးအနည်းငယ်ပေါ်ထွက်လာသည် ။ ဖယ်ဒရယ်ကိုပိုမိုပီပြင်စေရန် တိုင်းရင်းသားတို.ကိုရန်ကုန်သို. ၀န်ကြီးချုပ်ဦးနုကဖိတ်ခေါ်ပြီး ဖယ်ဒရယ်စနစ်ကိုဆွေးနွေးစေသည် ။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များက ရှမ်းဖယ်ဒရယ်မူကိုတင်ပြကြသည် ။ ဦးနုက ၀မ်းသာအားရကြိုဆိုသည် ။နောက်နေ.တွင်ထပ်ဆွေးနွေးမည်ပြောသည် ။ ထိုနေ.ည ၁၉၆၂ မတ်လ ၂ ရက်နေ.တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းကအာဏာသိမ်းလိုက်သည် ။ အကြောင်းပြသည်ကတော. တိုင်းပြည်ချောက်ထဲကျဖို.လက်နှစ်လုံးသာလိုတော.သဖြင်. ကယ်တင်လိုက်ခြင်းဟုဆို၏ ။ ကျောင်းသင်ခန်းစာများတွင်ဖယ်ဒရယ်ကိုကြောက်မက်ဖွယ်စနစ်ဆိုးဖြစ်အောင် ကလေးတို.ခေါင်းထဲရိုက်သွင်းလိုက်သည် ။ ယခုအခါတော.တိုင်းရင်းသားတို.ကြားတွင်ဖယ်ဒရယ်စကားသံပြန်လည်ကြားလာရသည် ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုနှင်.ပြည်နယ်များ၊တိုင်းဒေသကြီးများကြားတွင် အာဏာခွဲဝေမှု ၊ လုပ်ပိုင်ခွင်.ခွဲဝေမှု တို.ကိုဇယားဖြင်.ထည်.သွင်းဖော်ပြဖော်ရလာသည် ။သို.သော်ထိုအချက်များသည် ဖယ်ဒရယ်အစစ်မဟုတ်သေးဟု နိုင်ငံရေးသုတေသီတို.ကဆိုကြသည် ။ အနာဂါတ်မြန်မာနိုင်ငံတွင်ဖယ်ဒရယ်စနစ်ကိုကျင်.သုံးမည်ဟု ဆိုသူကဆိုကြသည် ။ NLD ကလည်းတိုင်းရင်းသားတို.ရပိုင်ခွင်.ကိုလေးစားသည်ဟု ရွေးကောက်ပွဲမဲဆွယ်စဉ်ထည်.သွင်းပြောလာသည် ။တိုင်းရင်းသားတို.နှင်. အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရာတွင်လည်း နိုင်ငံရေးဆွေးနွေးပွဲများကိုရှေ.ဆက်ဆွေးနွေးသွားမည်ဟု ဦးသိန်းစိန်အစိုးရနှင်.တပ်မတော်ခေါင်းဆောင်များမှကတိပြုသည် ။ တိုင်းရင်းသားတို.က စစ်မှန်သောဖယ်ဒရယ်စနစ်ကိုလိုလားသည် ။ အချို.ပြည်ပမှ ကျွမ်းကျင်ပညာရှင်များကပြောသည်မှာ မြန်မာနိုင်ငံသည်ဖယ်ဒရယ်စနစ်ကိုသွားချင်သည်ဟုသာပြောသည် ။ ဘယ်ဖယ်ဒရယ်စနစ်မျိုးကိုလိုချင်သည်ဟူ၍ကားတိတိကျကျမပြောနိုင်ကြဟုဆိုသည် ။ ထိုအခါ ဖယ်ဒရယ်စနစ်အမျိုးမျိုးကိုအကျဉ်းချုပ်သိကြဖို.လိုအပ်ပေမည် ။ အောက်ပါဖယ်ဒရယ်စနစ်များမှာကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ.သော၊ကျင်.သုံးနေကြသော ဖယ်ဒရယ်စနစ်များဖြစ်ပါသည် ။
၁။ Dual Federalism ( နှစ်ဘက်ခွဲ ဖယ်ဒရယ်စနစ် )
ထိုစနစ်မှာ ၁၇၉၀ မှ ၁၉၃၀ ပြည်.နှစ်များအတွင်း အနောက်တိုင်းနှင်.အမေရိကန်ပြည်ထောင်စုအတွင်းကျင်.သုံးခဲ.သောစနစ်ဖြစ်သည် ။ ထိုစနစ်မှာရှင်းသည် ။ တိုင်းပြည်အာဏာကိုနှစ်ပိုင်းပိုင်းလိုက်သည် ။ ဗဟိုအစိုးရလက်ထဲသို. တိုင်းပြည်ကာကွယ်ရေးနှင်.နိုင်ငံခြားရေးကိုသာအပ်နှင်းလိုက်ပြီး ကျန်အာဏာအားလုံးကို ပြည်နယ်အစိုးရများကကျင်.သုံးသည် ။ဆိုလိုသည်မှာ တရားစီရင်ရေး ၊ ဥပဒေပြုရေး ၊အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ယဉ်ကျေးမှု ၊အကောက်ခွန် စသောကိစ္စအားလုံးတွင် ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ )သည် ၀င်ရောက်စွက်ဖက်ခွင်.မရှိပဲ ၊ ပြည်နယ်အစိုးရတွင်လုံးဝအာဏာရှိသည်.စနစ်ဖြစ်သည် ။ ယူနိုက်တက်ကင်းဒမ်း (UK) နိုင်ငံ၏လက်အောက်ခံ စကော.တလန်နိုင်ငံသည်ထိုစနစ်မျိုးကိုကျင်.သုံးသည် ။ စကော.တလန်သို.ကျွန်တော်ရောက်ဖူးစဉ်က ဈေးဝယ်သောအခါ ပြန်အမ်းသောပိုက်ဆံမှာ ကျွန်တော်မြင်ဖူးနေကျ အင်္ဂလိပ်ပိုက်ဆံ စတာလင်ပေါင်မဟုတ်ပဲ တမျိုးဖြစ်နေသည် ။ ထိုအခါကျွန်တော်.မိတ်ဆွေ စကော.လူမျိုးက “ ဒီပိုက်ဆံကတရားဝင်ပိုက်ဆံပဲကွ စတာလင်ပေါင်နဲ.တန်ဖိုးအတူတူပဲ ဒါပေမယ်. စကော.တလန်မှာပဲသုံးလို.ရတယ် ၊ အလွန်ဆုံး ယူကေ နိုင်ငံကြီးအတွင်းမှာသုံးလို.ရတယ် ၊ မင်းအတွက်တော.သုံးရတာခက်လိမ်.မယ် ၊ပေးပေး စတာလင်ပေါင်နဲ.ငါလဲပေးမယ် ဟုဆိုကာ ကျွန်တော်.လက်ထဲမှ စကော.တလန်ပိုက်ဆံကို အင်္ဂလိပ်ပိုက်ဆံ နှင်.လဲပေးပါသည် ။ စကော.တလန်ပိုက်ဆံမှာ ငွေစက္ကူပေါ်တွင် သူတို.စကော.တလန်ပါလီမန်အဆောက်အဦပုံကြီးကို ဂုဏ်ယူစွာပုံနှိပ်ဖော်ပြထားပါသည် ။ဆိုလိုရင်းမှာ စကော.တလန်သည် ယူကေနိုင်ငံအောက်တွင် နှစ်ဘက်ခွဲဖယ်ဒရယ်စနစ်( Dual Federalism ) အရနေထိုင်ခြင်းဖြစ်ပြီး နိုင်ငံခြားရေးနှင်. ကာကွယ်ရေး ကို၊ယူကေ၏စီမံခန်.ခွဲခံယူပြီးကျန်အရေးအရာအားလုံးကိုသူတို.ဘာသာကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်သဖြင်. သူတို.ကိုယ်ပိုင်ပါလီမန်လဲရှိသည် ။ ငွေစက္ကူကိုပင် သူတို.ကိုယ်ပိုင်ရိုက်နှိပ်သုံးလိုက်သေးသည် ။ အခြားပညာရေးမူဝါဒ ၊ ဓါတ်သတ္တုတူးဖော်ရေး ၊ဘဏ္ဍာအခွန် စသည်တို.ကိုလည်းသူတို.ဘာသာလွတ်လပ်စွာ လုပ်သည် ။ ဘောလုံးအသင်းဖွဲ.စည်းရာတွင်ပင် အင်္ဂလန်ကသပ်သပ် ၊စကော.တလန်ကသပ်သပ် ကမ္ဘာ.ဘောလုံးအဖွဲ.ချုပ်သို.၀င်သည် ။အင်္ဂလန်တွင် ပရီးမီးယားလိဂ်ရှိသလို ၊ ဝေးလ် ၊စကော.တလန်တို.တွင်ပြည်တွင်း လိဂ်များရှိသည် ။ ထိုစနစ်မျိုးကိုယခုအခါအမေရိကန်ပြည်ထောင်စုမှာပင်မသုံးတော. ။ မြန်မာပြည်မှာလည်းသုံး၍ဖြစ်မည်မထင် ၁၉ ရာစုနှောင်းပိုင်း ၊ ၂၀ ရာစုအစောပိုင်းကာလများက အမျိုးသားရေးစိတ်ဓာတ်အလွန်တက်ကြွနေသောနိုင်ငံများကျင်.သုံးသည်.စနစ်မျိုးဖြစ်သည် ။ မြန်မာနိုင်ငံနှင်.မကိုက်သောစနစ်ဖြစ်သည် ။
၂။ ပူးပေါင်းဆောင်ရွက်ရေးဖယ်ဒရယ်စနစ် ( Cooperative Federalism )
၁၉၃၀ နှင်. ၁၉၆၀ ကြားကာလများတွင်ခေတ်စားခဲ.သည် ။ဤစနစ်ကို မာဘယ်လ်ကိတ် ဖယ်ဒရယ်မူဟုခေါ်သည် ။ မာဘယ်လ်ကိတ်မုန်.မှာ အကန်.အကန်.နှင်.မတည်ရှိပဲ အလွှာနှစ်လွှာမှာတွန်.လိန်ရောယှက်နေသဖြင်. ၊ဤဖယ်ဒရယ်မူမှာ ပြည်ထောင်စုအစိုးရနှင်. ပြည်နယ်အစိုးရ၏လုပ်ပိုင်ခွင်.အာဏာမှာရောယှက်နေသည် ။ သူ.မှာလဲလုပ်ပိုင်ခွင်.ရှိ ၊ ကိုယ်.မှာလဲလုပ်ပိုင်ခွင်.ရှိပြီး ၊အရေးအရာပေါ်ပါကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြသောစနစ်မျိုးဖြစ်သည် ။ ဗဟိုအစိုးရ၏ညွှန်ကြားချက်ကို ပြည်နယ်အစိုးရကလိုက်လုပ်ရပြီး ၊ ပြည်နယ်အစိုးရတောင်းဆိုချက်ကိုလည်းဗဟိုအစိုးရကဖြည်.ဆည်းပေးရသည် ။အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ရသောစနစ်မျိုးဖြစ်သည် ။ ဒုတိယကမ္ဘာစစ်ကာလအတွင်းနှင်. စစ်ပြီးခေတ် ၊ စစ်အေးခေတ်များတွင် ခေတ်စားခဲ.သော်လည်း ပြည်နယ်အစိုးရနှင်. ပြည်ထောင်စုအစိုးရကြားပိုင်းခြားထားသော အာဏာနှင်.လုပ်ပိုင်ခွင်.မှာ ရှင်းလင်းပြတ်သားမှုမရှိတောသဖြင်. ယခုအခါ မကျင်.သုံးကြတော.ပေ ။
၃။ ပေးတာယူ ကျွေးတာစား ဖယ်ဒရယ်စနစ် ( Creative Federalism )
၁၉၆၀ နှင်. ၁၉၈၀ ကြားကာလများတွင်ခေတ်စားခဲ.သည် ။ Picket Fence Federalism ဟုလည်းခေါ်သည် ။ဗဟိုကချုပ်ကိုင်သောဖယ်ဒရယ်စနစ်ဖြစ်သည် ။ ပြည်နယ်များဘာလိုသည်ဆိုခြင်းကို ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) ကဆုံးဖြတ်ပြီးထောက်ပံ.မှုများလုပ်သည် ။ ပြည်နယ်တွေ၏လိုအပ်ချက်ကို ဗဟိုကဖြည်.ဆည်း ( Create ) ပေးသောဝါဒဖြစ်သည် ။ ပြည်နယ်များတွင်ဟန်ပြ ပါဝါသာရှိသည် ။ အားလုံးနီးပါးကိုဗဟိုမှချုပ်ကိုင်ထားသည် ။ပြည်နယ်များ၏ ဘဏ္ဍာရေးအသုံးစ၇ိတ်များကိုလည်းဗဟိုမှကိုင်ထားသည်။မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ.စည်း ပုံအရခွင်.ပြုထားသော ပြည်နယ်အစိုးရနှင်. တိုင်းဒေသကြီးအစိုးရ၏လုပ်ပိုင်ခွင်.များမှာ ဤဖယ်ဒရယ်ပုံစံမျိုးဖြစ်သည် ။အရာရာကိုဗဟိုအစိုးရမှချုပ်ကိုင်သည် ။၂၀၀၈ မြန်မာဖွဲ.စည်းပုံအခြေခံဥပဒေ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် နိုင်ငံတော်ကာကွယ်ရေးနှင်.လုံခြုံရေးကဏ္ဍ တွင်ရဲတပ်ဖွဲ.အပါအ၀င် ( ၇ချက်) ။ နိုင်ငံခြားရေးကဏ္ဍတွင် (၇ချက်)၊ဘဏ္ဍာရေးနှင်.စီမံကိန်းကဏ္ဍတွင် (၂၀ချက်)၊ စီးပွားရေးကဏ္ဍတွင်(၇ချက်)၊ စိုက်ပျိုးရေးနှင်.မွေးမြူရေးကဏ္ဍတွင် (၁၂ချက်)၊စွမ်းအင်၊လျှပ်စစ် ၊သစ်တောကဏ္ဍတွင် (၇ချက်) ။စက်မှုလက်မှုကဏ္ဍတွင်(၆ချက်) ၊ ပိုဆောင်ရေး၊ဆက်သွယ်ရေးနှင်.ဆောက်လုပ်ရေးကဏ္ဍတွင်(၁၄ချက်) ၊ လူမှုရေးကဏ္ဍတွင် (၂၁ချက်) ၊ စီမံခန်.ခွဲရေးကဏ္ဍတွင် (၁၁ချက်)၊ တရားစီရင်ရေးကဏ္ဍတွင် (၁၁ချက်) တို.ကို ပြည်ထောင်စုအစိုးရ၏လုပ်ပိုင်ခွင်.အောက်သို.သွတ်သွင်းထားသဖြင်. ပြည်နယ်အစိုးရ နှင်. တိုင်းဒေသကြီးအစိုးရတို.မှာ ဖယ်ဒရယ်စနစ်ရှုထောင်.မှကြည်.လျှင် တုပ်တုပ်မှလှုပ်၍မရတော.ပေ ။ ဥပမာ ပြည်နယ်အစိုးရသည် သူ.ပြည်နယ်အတွင်း အခွန်ဘဏ္ဍာရရှိစေရန် အောင်ဘာလေထီဖွင်.ခွင်.ပင်မရှိ ။ စာချုပ်စာတမ်းမှတ်ပုံတင်ခွင်.မရှိ ၊ ပင်လယ်ငါးလုပ်ငန်းလုပ်ခွင်.မရှိ ၊ ဓါတ်မြေသြဇာနှင်.ပိုးသတ်ဆေးထုတ်လုပ်ခွင်.မရှိ ။ မီးသတ်တပ်ဖွဲ.ကိုပင်စိတ်ကြိုက်စီမံခန်.ခွဲခွင်.မရှိ ။ စသည်ဖြင်. မလုပ်ရဟုတားမြစ်ထားသောအချက်ပေါင်း ၁၂၃ ချက်ရှိသည် ။ထို.ကြောင်. ၂၀၀၈ အခြေခံဥပဒေကခွင်.ပြုထားသောစနစ်မှာဖယ်ဒရယ်ဟုပင်မခေါ်ထိုက်ပါ ။ ခေါ်မည်ဆိုလျှင်လည်း ကမ္ဘာတွင် ၁၉၈၀ မှစကာဘယ်သူမှမသုံးတော.သော ပေးတာယူကျွေးတာစားဖယ်ဒရယ်စနစ်သာဖြစ်မည် ။ သူများနိုင်ငံတွင် မသုံးတော.တာ ၃၅ နှစ်ရှိပြီဖြစ်သော ဖယ်ဒရယ်စနစ်တခုကိုဆက်သုံးခြင်းအားဖြင်. မြန်မာနိုင်ငံသည် ကမ္ဘာထက် ၃၅ နှစ်အမြဲတမ်းနောက်ကျနေမည်ဖြစ်သည် ။
၎။ ဖယ်ဒရယ်စနစ်သစ် ( New Federalism )
၁၉၈၀ မှ ၂၀၀၁ ကာလအတွင်းထွန်းကားခဲ.သည် မှာ ဖယ်ဒရယ်စနစ်သစ်ဖြစ်သည် ။ နံပါတ် (၃) တွင်ဖော်ပြခဲ.သော ဗဟိုချုပ်ကိုင်မှုများလွန်းသည်.ပုံစံကို ပြင်ဆင်ရာမှဤစနစ်ပေါ်ပေါက်လာသည် ။ ဗဟိုကချုပ်ကိုင်ထားသော လုပ်ပိုင်ခွင်.အတော်များများကို ပြည်နယ်များ သို.ပြန်လည်ခွင်.ပြုလုပ်ပိုင်ခွင်.ပေးသည်.စနစ်ဖြစ်သည် ။ ထူးခြားချက်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေတွင် ဖော်ပြမထားသော(ကြွင်းကျန်သော လုပ်ငန်း) အားလုံးကိုပြည်နယ်အစိုးရများ၏အာဏာဟုသတ်မှတ်ခြင်းဖြစ်သည် ။ ဖွဲ.စည်းပုံတွင်ပါလျှင်ပါ ၊မပါလျှင် ပြည်နယ်အစိုးရနှင်.သာဆိုင်သည်ဟူသည်.သဘောဖြစ်သည် ။
၅။ ဂျော.ဘုရှ် ဖယ်ဒရယ်စနစ် ( Bush Federalism )
၂၀၀၁မှ ၂၀၀၈ အထိကျင်.သုံးခဲ.သည် ။ ဖယ်ဒရယ်စနစ်၏အခြေခံမူကိုမထိခိုက်စေပဲ ၊ ပြည်နယ်များ၏ရပိုင်ခွင်.ကိုမထိခိုက်စေပဲ တဖက်တွင် FBI စသော ပြည်ထောင်စု ရဲတပ်ဖွဲ.၏လုပ်ပိုင်ခွင်.ကိုချဲ.ထွင်ခြင်းဖြစ်သည် ။၂၀၀၁ တွင်သမ္မတဂျော.ဘုရှ်ပြဌာန်းလိုက်သောမျိုးချစ်ဥပဒေအရ အမေ၇ိကန် FBI ရဲများမှာ ပြည်သူလူထုလုံခြုံရေးကိစ္စများ၌အမေရိကန်တ၀ှမ်း မည်သည်.ပြည်နယ်မဆိုမသင်္ကာသူတဦးတယောက်၏ စာကြည်.တိုက်မှတ်တမ်းများကိုတောင်းယူစစ်ဆေးကြည်.ရှုပိုင်ခွင်. ( ဘယ်သူ ဘာစာအုပ်တွေ ဖတ်ထားသည်ဆိုတာကိုစုံစမ်းခွင်. ) ကိုပြဌာန်းခဲ.သည် ။ထို.ကြောင်. ပြည်နယ်များသည် မည်သည်.ဥပဒေကိုပြဌာန်းထားစေကာမူ ဘုရှ်ဥပဒေအရ ပြည်ထောင်စုရဲကိုကြည်.ရှုပိုင်ခွင်.ပေးရတော.မည်ဖြစ်သည် ။သူတို.နိုင်ငံတွင် ပြည်နယ်တစ်ခုချင်းစီတွင် ကိုယ်ပိုင်စီမံခန်.ခွဲနိုင်သောရဲတပ်ဖွဲ.များရှိသည် ။ နယူယောက်ရဲတပ်ဖွဲ. ( NYPD ) ၊ လော.စ်အိန်ဂျလီရဲတပ်ဖွဲ. ( LAPD)စသည်ဖြင်.ရှိသည် ။ပြည်နယ်အစိုးရကကွပ်ကဲသည် ။ သို.သော်တနိုင်ငံလုံးနှင်.ဆိုင်သောအမှုကိစ္စများတွင် ဖယ်ဒရယ်စုံစမ်းထောက်လှမ်းရေးဗျူရို ( FBI ) ကကိုင်တွယ်သည် ။
၆။တိုးတက်သောဖယ်ဒရယ်စနစ် ( Progressive Federalism )
၂၀၀၉ မှ ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုတွင်အသုံးပြုနေသည် ။ သမ္မတအိုဘားမား အသုံးပြုသောစနစ်ဖြစ်သည် ။ ယခင်က ဗဟိုအစိုးရချုပ်ကိုင်ထားသော လုပ်ပိုင်ခွင်.များကို ပြည်နယ်အစိုးရများသို.ပိုမိုလုပ်ကိုင်ခွင်.ပြုခြင်းဖြစ်သည် ။ ဥပမာအားဖြင်. သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင်.ပါတ်သက်သောကိစ္စများ၊ စားသုံးသူအခွင်.အရေးကာကွယ်ရေးကိစ္စများတွင် ပြည်နယ်အစိုးရသည်လွပ်လပ်စွာစီမံခန်.ခွဲနိုင်သည် ။ ဗဟိုကိုအမိန်.ခံနေစရာမလို ။သူတို.ပြည်နယ်ဥပဒေကိုစိတ်ကြိုက်ဆွဲခွင်.ရလာသဖြင်. ဥပမာ မော်တော်ယာဉ်များမှမီးခိုးထွက်ရှိမှုကြပ်မတ်ရေးဥပဒေတွင် ကယ်လီဖိုးနီးယားပြည်နယ်သည် အခြား တနိုင်ငံလုံးထက်တင်းကြပ်စွာကိုင်တွယ်နိုင်ခဲ.သည် ။
၇။ အပြိုင်အဆိုင်ဖယ်ဒရယ်စနစ် ( Competitive Federalism )
ပြည်နယ်တခုနှင်.တခုမတူကွဲပြားသောဥပဒေများကို ပြဌာန်းကြပြီး နိုင်ငံသားများသည်မိမိကြိုက်သည်.ပြည်နယ်တွင်သွားရောက်အခြေချနေထိုင်ကြခြင်းဖြစ်သည် ။ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်အားလုံးသည် အစိုးရကိုအခွန်နှစ်မျိုးပေးရ၏ ။ ပြည်ထောင်စုအစိုးရ(အစိုးရကြီး)ကိုပေးရသောအခွန် နှင်. ပြည်နယ်အစိုးရ (အစိုးရလေး) ကိုပေးရသောအခွန်ဖြစ်သည် ။ ၀င်ငွေ၏သုံးဆယ်မှလေးဆယ်ရာခိုင်နှုန်းမှာအခွန်ပေးရတာနှင်.ပြောင်လေ၏ ။ အစိုးရဘက်ကထိုငွေများကိုပြည်သူလူထုကျန်းမာရေး၊ပညာရေး၊လူမှုဖူလုံရေး၊အခြေခံအဆောက်အဦ လုပ်ငန်းများတွင်သုံးသည် ။ နီဗားဒါးသဲကန္တာရထဲတွင်ရှိသော လောင်းကစားမြို.တော်လပ်စ်ဗီးဂတ်ရှိရာ နီဗားဒါးပြည်နယ်တွင်တော. ပြည်နယ်အခွန်လုံးဝပေးစရာမလိုပါ ။ ပြည်နယ်အခွန်မကောက်ဟုဥပဒေပြုထားသဖြင်. အချို.လူများသည် အငြိမ်းစားယူပြီးသောအခါ နီဗားဒါးပြည်နယ်တွင်သွားနေကြပါသည် ။ အမေ၇ိကန်ပြည်ထောင်စုရှိအချို.ပြည်နယ်များသည် သေဒဏ်ပေးခြင်းကိုဆန်.ကျင်သည် ။အချို.ကသေဒဏ်စီရင်ချက်ကိုကျင်.သုံးသည် ။အချို.ပြည်နယ်က အရင်အိမ်ထောင်ကိုကွာရှင်းပြီးမှလက်ထပ်ခွင်.ပြုသည် ။ အချို.ပြည်နယ်က ယခင်အိမ်ထောင်ကိုမကွာလဲ တရားသူကြီးရှေ.တွင်လက်ထပ်ကတရားဝင်သည် ။ တိုင်းသူပြည်သားများသည် ကိုယ်ကြိုက်နှစ်သက်ရာဥပဒေတွေရှိသောပြည်နယ်မှာသွားရောက်အခြေချနေထိုင်ကြသည် ။ ပြည်နယ်တို.သည်ဥပဒေပြုရာတွင်အလွန်လွတ်လပ်သည် ။ ဒါကိုအပြိုင်အဆိုင်ဖယ်ဒရယ်စနစ်ဟုခေါ်သည် ။မြန်မာသည်ဒါလောက်တော.ကျင်.သုံး၍မရသေးဟုထင်သည် ။ အချို.ကိစ္စတွေမှာတော. ပြည်နယ်အစိုးရကိုလွတ်လပ်စွာ ဥပဒေပြုခွင်.ပေးသင်.သည် ။
အထက်ပါရေးသားချက်များမှာ ကမ္ဘာကလက်ခံကျင်.သုံးသောဖယ်ဒရယ်စနစ်အနှစ်ချုပ်ဖြစ်သည် ။ အသေးစိတ်လေ.လာပါက များစွာကျန်ဦးမည်ဖြစ်သည် ။ အနာဂါတ်မြန်မာနိုင်ငံတွင် ပြည်သူလူထုကလိုလားသော ဒီမိုကရေစီအစိုးရလည်းတက်လာတော.မည်ဖြစ်ရာ တိုင်းရင်းသားတို.သည် မိမိလိုလားသောဖယ်ဒရယ်စနစ်မျိုးကိုကြိုတင်လေ.လာပြင်ဆင်တောင်းဆိုဆွေးနွေးကြဖို.လိုသလို ၊ရွေးကောက်ခံလွှတ်တော်အမတ်များ ၊တပ်မတော်သားလွှတ်တော်အမတ်များသည်လည်းဖယ်ဒရယ်မူဆိုတာဘာကိုခေါ်သည်ဟု သိထားကြရမည်ဖြစ်သည် ။ တိုင်းရင်းသားတွေဘက်က ဘယ်လိုဖယ်ဒရယ်ကိုလိုချင်သည် ၊ ပြည်ထောင်စုလွှတ်တော်နှင်.တပ်မတော်ဘက်ကဘယ်လိုဖယ်ဒရယ်မျိုးကိုပေးနိုင်သည်ဆိုတာမျိုးကတော. မဖြစ်မနေကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ ပြည်နယ်ဟုပြောရာ၌ တိုင်းဒေသကြီးများသည်လည်း အကျုံးဝင်ပါသည် ။ အမှန်တော. ပြည်ထောင်စုမြန်မာနိုင်ငံဆိုသောစနစ်တွင် တိုင်းနှင်.ပြည်နယ်သည် အဆင်.တူဖြစ်သဖြင်. တိုင်းရယ်ပြည်နယ်ရယ်ခွဲခြားခေါ်နေမည်.အစား အားလုံးကို ပြည်နယ် ( state ) ဟုခေါ်ပါကပိုရှင်းသွားမည်ဖြစ်သည် ။ မြန်မာနိုင်ငံတွင် ပြည်နယ် ၁၄ ခု၇ှိသည်ဟုပြင်လိုက်က ပို၍ ရှင်းပေမည် ။ ရန်ကုန်တိုင်းဒေသကြီးသည် ရန်ကုန်ပြည်နယ် ( Yangon state ) ဖြစ်သွား၍လည်းဘာမှနစ်နာစရာမရှိပေ ။ တိုင်းလိုလို ၊ပြည်နယ်လိုလို ဖယ်ဒရယ်လိုလို ၊စစ်အစိုး၇လိုလိုနှင်. မရှုပ်မရှင်းလုပ်ထားသော ၂၀၀၈ အခြေခံဥပဒေပါ ရပိုင်ခွင်.များကိုသာပြင်ဆင်နိုင်ဖို.လိုပါကြောင်း။
သရ၀ဏ်(ပြည်)
စောင်.ကြည်. (News Watch ) ဂျာနယ်
သောကြာ ၄.၁၂.၂၀၁၅
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment