ပင်လယ်တွင်းငါးဖမ်းလုပ်ငန်းသွားရောက်လုပ်ကိုင်ကြသည့် အလုပ်သမားများ နှစ်လခန့်မိသားစုနှင့်အဆက်သွယ်ပျက်၍ မိသားစုများ သက်ဆိုင်ရာသို့တိုင်ကြားထား
ပြည်၊ဒီဇင်ဘာ၊၁၄
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက်နယ် ၀ါးရုံဆိပ်အုပ်စု လျှော်ထုံးကျေးရွာ မှ တနင်္သာတိုင်း ရေးမြို့နယ် သို့ ရေလုပ်ငန်းအတွက် တစ်လလျှင် တစ်သိန်းခွဲကျပ်ရမည်ဟုဆိုကာ ငါးရွေးခြင်းလုပ်ငန်းလုပ်ကိုင်ရန် အလုပ်သမားပွဲစားက ခေါ်ဆောင်သွာရာ သွားရောက်ကြသည့် အလုပ်သမားများ ငါးရွေးခြင်းလုပ်ငန်း မလုပ်ကိုင်ရပဲ ပင်လယ်အတွင်းငါးဖမ်းလုပ်ငန်းများအား လုပ်ကိုင်လျှက်ရှိနေပြီး တစ်လ၀င်ငွေ ငါးသောင်းကျပ်သာရရှိပြီး မိသားစုများ နှင့် တစ်လကျော် နှစ်လကြာသည့်တိုင်အောင် အဆက်သွယ်မရဖြစ်နေမှုများကြောင့် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ပြည်ခရိုင်ရုံးသို့ သွားရောက်တိုင်တန်းခဲ့ကြောင်းသိရသည်။
အဆိုပါ အလုပ်သမားများသည် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ၀က်ထီးကန်တိုက်နယ် လျှော်ထုံးကျေးရွာမှ အလုပ်သမား ၁၆ ဦး သွားရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး ပင်လယ်တွင်းငါးဖမ်းလုပ်ငန်းများအား ကြမ်းတမ်းစွာလုပ်ကိုင်လျှက်ရှိနေပြီး တစ်လ၀င်ငွေ ငါးသောင်းကျပ်သာ ရရှိနေခြင်းကြောင့် နေအိမ်သို့ ပြန်ခိုင်းခြင်းမရှိပဲ စက်လှေ၊၀ါးဖောင်၊သင်္ဘောတို့အား ကမ်းကပ်ပေးခြင်းမရှိသောကြောင့် ၄င်းတို့ မိသားစုနှင့် အဆက်သွယ်မရဖြစ်နေကြကြောင်းသိရသည်။
“ခေါ်တုန်းက ငါးရွေးရမယ်ဆိုပြီးခေါ်တာ။ ဟိုရောက်တော့ ပင်လယ်အတွင်း ငါးဖမ်းရတယ်။လစာက အရင်ပြောတုန်းက တစ်သိန်းခွဲ အမှန်တကယ်ရတာက ငါးသောင်း။ ပြန်မယ်လို့စကားတောင်မဟရဲဘူး။ ပင်လယ်အတွင်း ကန်ချမယ်ပြောလို့။ကျွန်တော်ကသေလူလို့တောင်မှတ်ထားတာ။ဟိုမှာအပြင်းဖျားတာ ၁၅ ရက်ရှိတယ်။ယင်ကောင်တွေနားတာတောင် ဘာမှမသိတဲ့အခြေကိုရောက်ခဲ့ရတယ်။ ၀ါးဖောင်ပေါ်မှာ မေ့မျှောနေတယ်။ နောက်ဆုံး ကျွန်တော့ကို အဖွဲ့ခေါင်းဆောင်က ပင်လယ်အတွင်းပစ်ချဖို့လုပ်ကြတယ်။ ကျွန်တော့သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော့ဖောင်ဦးစီးက တားလို့။ အရင်က ကျွန်တော်လိုက်ခဲ့တဲ့ဖောင်ပေါ်မှာ လူနှစ်ယောက်သေခဲ့ပြီးပြီး။ အဖွဲ့ခေါင်းဆောင်က ကျွန်တော့ကို ဒီကောင်သေခဲလိုက်တာ။အရင်ကကောင်းတွေဆို ဒီလောက်သေပြီ။ ကမ်းကပ်ပေးဖို့ ကျွန်တော်သူငယ်ချင်းတွေ နှစ်ကြိမ်တောင်းဆိုတယ်။ ဆောက်ကျင့်ပါတယ်။ကမ်းကပ်မပေးဘူးလို့ အဖွဲ့ခေါင်းဆောင်ကပြောတယ်။ နောက်ဆုံး ဖောင်မှာ ဆန်ကုန်သွားလို့ ကမ်းကပ်ဖို့ပြောရာကနေ ကျွန်တော်ကမ်းပေါ်ပြန်ရောက်လာတာ အဲဒိနောက်ပိုင်း အိမ်ပြန်ရောက်တယ်။ ဟိုမှာ ကျွန်တော့သူငယ်ချင်းတွေအများကြီး အလုပ်ကြမ်းတွေလုပ်နေရတယ်။ လုပ်အားခနဲ့ ရတဲ့ငွေက လုံးဝမတန်ဘူး။သူတို့အားလုံးပြန်ချင်နေကြတယ်။ပြန်ခွင့်မရကြဘူး။” ဟု ပင်လယ်တွင်း ကျန်းမာရေးမကောင်း၍ နေအိမ်သို့ ပြန်လည်ရောက်ရှိလာသူ ကိုထွန်းထွန်း ပြည်မြို့ ကပြောသည်။
အဆိုပါ ရေးမြို့နယ်တွင် ငါးရွေးခြင်းလုပ်ငန်းလုပ်ကိုင်ရမည်၊တစ်လ တစ်သိန်းခွဲရမည်၊ နှစ်ပတ်တစ်ခါ ကမ်းကပ်ပေးမည်ဟု ပွဲစားမှ လိမ်လည်ခေါ်ဆောင်သွားသော်လည်း လုပ်ငန်းလုပ်ကိုင်ကြရသည့်အခါ ပင်လယ်အတွင်း ငါးဖမ်းရခြင်း၊တစ်လ ငါးသောင်းကျပ်သာရရှိခြင်း၊ ကမ်းမကပ်ခြင်း၊နေအိမ်နှင့်အဆက်သွယ်ဖျက်ထားခြင်းများကြောင့် ၄င်းတို့၏ မိသားစုများ စိုးရိမ်ပှုပန်လျှက်ရှိကြောင်းသိရသည်။
“သက်ဆိုင်ရာ ရဲတွေကိုပါခေါ်ထားတယ်။ ကြားကပွဲစားကသုံးဆင့်လောက်ရှိနေတယ်။ ရဲနဲ့လဲ ပှုးပေါင်းဆောင်ရွက်သွားမယ်။ စက်ရုံအလုပ်ရုံမှမဟုတ်ဘူး။ လုပ်ခလစာမရတာရယ်။လူကုန်ကူးသလိုဖြစ်နေတာတွေကြောင့် ကျွန်မတို့မှာလည်း တာဝန်ရှိနေတယ်လို့ယူစတယ်။ လူကုန်ကူးရဲ နဲ့ သက်ဆိုင်ရာ တာဝန်ရှိရဲတွေခေါ်ထားပါတယ်။ အားလုံးပှုးပေါင်းဆောင်ရွက်သွားမှာပါ။ ဟု အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ပြည်ခရိုင်ရုံး ဒုတိယဦးစီးမှူး ဒေါ်စုစုလှိုင် ကပြောသည်။
ယင်းသို့ခေါ်ဆောင်သွားသည့် အလုပ်သမားပွဲစားမှာ ယနေ့ထိ ပုန်းရှောင်နေပြီး အလုပ်သမားမိသားစုများ၏ ဖုန်းခေါ်ဆိုမှုကိုလည်း ကိုင်ဆောင်ခြင်းမရရှိကြောင်းသိရသည်။ အဆိုပါ ရေလုပ်ငန်းတွင် ပါရှိသွားသူတို့၏ မိသားစုများမှ ရေးမြို့သို့ လိုက်သွား၍ ၄င်းတို့မိသားစုများနှင့် တွေ့ဆုံလိုသော်လည်း ငါးဒိုင်ပိုင်ရှင်က ဖုန်းဆက်၍မရကြောင်း ၊ စက်ဖြင့်သား စကားပြော၍ရကြောင်း၊ စက်ကလည်းယခုပျက်နေကြောင်း ပြန်လည်ပြောဆိုခဲ့ကြသဖြင့် မိသားစု နှင့် မတွေ့ရဘဲ နေရပ်မြို့သို့ ပြန်လာခဲ့ကြပြီး ယနေ့ထိအဆက်အသွယ်မရသေးကြောင်းသိရသည်။
K3(pyay)
No comments:
Post a Comment