စပါးဈေးယခုနှစ်ကောင်းသောကြောင့် ထူးခြားစွာကျင်းပသည့် ရွှေတောင်ဘုရားပွဲ ယခင်နှစ်ထက်ပိုမိုစည်ကား
ရွှေတောင်၊ဒီဇင်ဘာ၊၂၄
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင် နှစ်စဉ်ထူးခြားစွာကျင်းပမြဲဖြစ်သည့် သမိုင်းဝင်ရွှေမျက်မှန်ဘုရားကြီး၊သမိုင်းဝင်ချမ်းသာကြီးဘုရား၊သမိုင်းဝင်ရွှေပြောင်ပြောင်ဘုရား စသည့် ရှေးဟောင်းသမိုင်းဝင် စေတီသုံးဆူတို့သည် နှစ်စဉ် နှစ်တိုင်း ပုဒ္ဓပှုဇနိယပွဲတော်အား ဘုရားသုံးဆူစလုံး တစ်ချိန်ထဲ တစ်ရက်ထဲကျင်းပပြုလုက်လျှက်ရှိကြောင်းသိရသည်။
အဆိုပါ ရွှေတောင်မြို့နယ်အတွင်းက ရှေးဟောင်းသမိုင်းဝင်ဖြစ်သည့် ယင်းဘုရားသုံးဆူ စုပေါင်း၍ ဗုဒ္ဓပှုဇနိယပွဲတော်အား နှစ်စဉ် နတ်တော်လဆန်း ၈ ရက်နေ့မှ ၁၅(လပြည့်နေ့)အထိကျင်းပပြုလုပ်လျှက်ရှိပြီး ယခုနှစ်မှာတော့ ဒေသခံတောင်သူများ စပါးဈေးကောင်းမွန်ခြင်းကြောင့် ယခင်နှစ်များနှင့်မတူအောင် စည်ကားသိုက်မြိုက်လျှက်ရှိနေသည်။
“ဒီနှစ်မှာ ဘုရားပွဲကအရမ်းစည်ကားနေတယ်။ ခါတိုင်းပုံမှန်လူစည်တာက ၁၃ ရက်နေ့ကနေ လပြည့်နေ့အထိပဲစည်ကားတာ။အခုနှစ် ပွဲတော်စပြီးနောက်ရက်မှာ စတင်စည်ကားနေတယ်။ အရင်နှစ်ထက် ကောက်ညှင်းကျဉ်တောက်တွေရောင်းကောင်းတယ်။ အရင်နှစ်တွေ တစ်နေ့ ကျဉ်တောက် ၂၀ လောက်တစ်နေကုန်အောင်မနည်းရောင်းနေရတာ။ အခုနှစ် ဇာတ်ပွဲတောင်မ၀င်သေးဘူး တစ်နေ့ ၃၀-၄၀လောက် ကောက်ညှင်းကျဉ်တောက်တွေရောင်းအားကောင်းနေတယ်။” နှစ်ပေါင်း ၂၀ကျော် ဘုရားပွဲဈေးများတွင် ကောက်ညှင်းကျဉ်တောက်ရောင်ချနေသူ ဒေါ်စောရီ က ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။
အဆိုပါရွှေတောင်မြို့နယ်အတွင်း ထူးခြားစွာ နှစ်စဉ်နှစ်တိုင်းဘုရားသုံးဆူမှ ရှေးနှစ်ပေါင်းများစွာကတည်းမှ ဂေါပကများပှုးပေါင်း၍ ဗုဒ္ဓပှုဇနိယပွဲတော်အားကျင်းပပြုလုပ်လျှက်ရှိရာ ယခုနှစ်တွင် သမိုင်းဝင်ရွှေပြောင်ပြောင်စေတီတော်မြတ်ကြီးတွင် အိုးစည်ဒိုးပတ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်၍ အခခမ်းအနားများဖြင့် ဆုကြေးချီးမြင့်ရာ ရွှေတောင်မြို့ နှင့် အနီးဝန်းကျင်မြို့များမှ လာရောက်ယှဉ်ပြိုင်လျှက်ရှိခဲ့ကြောင်းသိရသည်။
“ဒီနှစ် စပါးဈေးကောင်းနေတယ်။ ပြီးခဲ့နှစ်ကမိုးနှောင်းမှာ ရေမရတာရော စပါးဈေးတွေကျခဲ့တာရော တောင်သူတွေ ကြပ်တည်းခဲ့ကြရတယ်။ အခုနှစ်မိုးကလဲကောင်းတယ်။ စပါးဈေးလည်း တက်လာတော့ စပါးစိုက်တောင်သူတွေ စီးပွားဖြစ်လာတယ်။ ဒီနှစ်ဘုရားပွဲလူစည်တာက စပါးဈေးတွေကောင်းတော့ ဘုရားပွဲအများဆုံးလာတဲ့ တောင်သူတွေ လည်နိုင်ပတ်နိုင် စားနိုင်သောက်နိုင် သွားနိုင်လာနိုင်ဖြစ်တာပေါ့။ဆိုင်ကယ်သမားတွေကတော့ ဘုရားပွဲတော်အတွင်းတောင် ဆိုင်ကယ်တွေနဲ့ စီးပြီးသွားလာနေတဲ့အတွက်တစ်ခုပဲ စိတ်ညစ်စရာရှိနေပါတယ်။”ရွှေတောင်မြို့နယ်အတွင်း စပါးစိုက်တောင်သူ ဒေသခံ ဦးအေးသိန်း က ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။
အဆိုပါ ရှေးဟောင်းသမိုင်ဝင်ဘုရားများဖြစ်သည့် ရွှေမျက်မှန်ဘုရား၊ချမ်းသာကြီးဘုရား နှင့် ရွှေပြောင်ပြောင်ဘုရား တို့၏ ဗုဒ္ဓပှုဇနိယပွဲတော်အစကတည်းမှ ကောက်ညှင်းကျဉ်တောက်သည်များ၊ဘေထုတ် အ၀တ်အစားအရောင်းဆိုင်များ၊ထောပတ် ဘိန်းမုန့်သည်များ နှင့် နွားလည်းအပိုပစ္စည်းဆိုင်များမှာ ယခင်နှစ်များထက်မတူအောင် ရောင်းကောင်းလျှက်ရှိကြောင်းသိရသည်။
ယင်းသမိုင်းဝင်ဘုရားများဖြစ်သည့် ရွှေမျက်မှန်ဘုရားဇာတ်ရုံတော်ကြီးတွင် နတ်တော်လဆန်း ၁၁-ရက်နေ့ ၁၅ရက်နေ့အတွင်း ရွှေမြန်မာ အဆင့်မြင့်ဇာတ်သဘင်၊မြန်မာသံအဆိုတော် အောင်ခန့်၊ သရုပ်ဆောင် ညီထွဠ်ခေါင်၊အဆိုတော် ပိုပို နှင့် သရုပ်ဆောင် ဟိန်းဝေယံ တို့မှ အလှည့်ကျရက်များအတွင်း ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်သလို ချမ်းသာကြီးဘုရားဇာတ်ရုံတော်ကြီးတွင် နတ်တော်လဆန်း ၁၂ ရက်နေ့မှ လပြည့်ကျော် ၁ရက်နေ့အထိ ရဲမင်းသွေးဇာတ်သဘင်အဖွဲ့နှင့် အဆိုတော် ရွှေထူး၊စိုင်းခန့်၊ ဖေ့ဘွတ်စတား(Facebook Star ) ဇွန်သဉ္ဇာ တို့မှ ပါဝင်တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အတူ သမိုင်းဝင် ရွှေပြောင်ပြောင်ဘုရားတွင်လည်း နတ်တော်လဆန်း ၁၀ရက်နေ့မှ ၁၁-ရက်နေ့အထိ ဒိုးပတ်ပြိုင်ပွဲများ၊၁၂-ရက်နေ့တွင် မယ်လိုဒီဆုရသူ အဆိုတော် ဖူးဖူး နှင့်အဆိုတော်များ၊၁၃-ရက်နေ့မှ ၁၅-ရက်(လပြည့်နေ့အထိ) နှင်းဆီရင်ခွင်ဇာတ်သဘင် အား ဗလာပွဲအဖြစ်ပါဝင်ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။
ခေတ္တရာမောင်(ပြည်)
No comments:
Post a Comment