Tuesday, December 22, 2015

ရန်ကုန်ဒဂုံဆိပ်ကမ်းက ခိုးယူလာသည့်ကား ပြည်မြို့တွင် ဖမ်းဆီးရမိ ကားပေါ်ပါလာသူများလွတ်မြောက်နေဆဲ



ရန်ကုန်ဒဂုံဆိပ်ကမ်းက ခိုးယူလာသည့်ကား ပြည်မြို့တွင် ဖမ်းဆီးရမိ ကားပေါ်ပါလာသူများလွတ်မြောက်နေဆဲ

 

ပြည်၊ဒီဇင်ဘာ၊၂၁

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မှာ ဒီဇင်ဘာ ၂၀ရက်နေ့ ညပိုင်းတွင် မသင်္ကကာဖွယ် လူလေးဦးမှ DD/8810 CALDINA ခဲရောင်ကားတစ်စီးလိုက်လံရောင်းချနေကြောင်း သိရသဖြင့် ပြည်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းနိုင် နှင့် အဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ မသင်္ကဖွယ်လူလေးဦးမှာ ကားကိုသော့တန်းလန်းဖြင့်ထားခဲ့ကာထွက်ပြေးတိမ်းရှောင်သွားခဲ့၍ ကားကိုသက်သေများနှင့်အတူ ပြည်မြို့မရဲစခန်းတွင် သိမ်းဆည်းထားခဲ့ကြောင်းသိရသည်။

 

အဆိုပါကားမှာ ဒဂုံဆိပ်ကမ်းမြို့နယ် မြို့မရဲစခန်းမှ (ပ)၇၅၂/၂၀၁၅ ၊ပြစ်မှုပုဒ်မ-၃၉၂ အမှုဖြင့် အလိုရှိနေသည့်ကားဖြစ်ကြောင်း ပြည်မြို့မှရဲစခန်းမှသိရသည်။

 

“အင်တာနက်မှာပါလာတာ ဒီကားသတင်းကိုသိနေရတယ်။ ဒဂုံဆိပ်ကမ်း ရတနာလမ်းမှာ အမျိုးသားနှစ်ဦးက အငှားယာဉ်မောင်းတစ်ဦးစီကနေ ကားနဲ့ငွေတွေလုယက်ဖြစ်ပွားခဲ့တယ်ဆိုတာရေးထားပါတယ်။ အဲမှာပါတဲ့ ကားနံပါတ်နဲ့ ကားအရောင်တူနေတယ်။ဟုတ်မဟုတ်တော့ကျိန်းသေးမသိဘူး။ဒီကားကိုမောင်းလာသူတွေက တွေ့သမျှလူတွေဆီ ကားဆီဖိုးလိုက်ချေးနေတယ်။ ကားပွဲစားတန်းတွေဆီကိုလဲ သွားရောင်းတယ်လို့ပြောသံကြားတယ်။ အင်တာနက်မှာပြန့်နေတဲ့ ကားမှန်းလဲသိရော ကားပွဲစားတန်းက လက်မခံဘူးလို့တော့ကြားမိပါတယ်။” ဟု ပြည်မြို့ဒေသခံတစ်ဦးကပြောသည်။

 

အဆိုပါ မသင်္ကကာဖွယ် လူလေးဦးမှ DD/8810 CALDINA ခဲရောင်ကားအား ပြည်မြို့ ဆံတော်ရပ်ကွက် အနောက်စောင်းတန်းလမ်း ချစ်သံဇဉ်(၂)အရက်ဆိုင်အနီးသို့ရောက်ရှိလာခဲ့ပြီး ပြန်ထွက်သွားခဲ့ကြောင်းသိရသည်။ ယင်းကားပေါ်တွင် ဖိုးတုတ် ဂျိတ်တော(၁၀)ရပ်ကွက် သဲတွဲမြို့ ရခိုင်ပြည်နယ်အတွင်းနေထိုင်သူ နှင့် ၄င်းနှင့်အတူ လူငယ် ၃-ဦးပါရှိကြောင်းသိရသည်။ ၄င်းကိစ္စများနှင့်ပတ်သက်ပြီး ကားပေါ်တွင်ပါရှိသူ ဖိုးတုတ်အပါ ၄-ဦးအား ဖမ်းဆီးရမိရန်ရေးအတါက် ပြည်မြို့မရဲစခန်း နယ်ထိန်းခေါင်ဆောင် ရဲအုပ်ဇော်မင်းနိုင် နှင့်အဖွဲ့က မြို့ပေါ်ရပ်ကွက်များအလိုက် လိုက်လံပိတ်ဆို့ရှာဖွေလျှက်ရှိနေကြောင်းသိရသည်။

 

K3(pyay)


No comments:

Post a Comment