ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီ မှ ည ၉ နာရီအထိ လမ်းပျော်ကလေးငယ်များ ပြဇာတ် နှင့် စာပေဟောပြောပွဲ ကို အပြည်ပြည်ဆိုင်ရာ ကလေးအခွင့် အရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
လမ်းပျော်ကလေး ပြဇာတ်ကမယ်။
စာရေးဆရာတွေက ဟောမယ်။
ကာတွန်းဆရာတွေ ပန်းချီဆရာတွေ ကဗျာဆရာတွေ ဓာတ်ပုံဆရာတွေ ဟာသသရုပ်ဆောင်တွေက ကျွမ်းကျင်ရာနယ်ပယ်အလိုက် ကလေးများအားလုံးရဲ့ အရေးအတွက် ဒီပွဲမှာ ပူးပေါင်းလှုံဆော်မယ်။
ကလေး လူကြီး အားလုံးအတွက် ပျော်ရွှင်ဖွယ်အစီအစဉ်များ နှင့်အတူ I love Street Children တီရှပ်မှာ သင့်အမည်ကို အနုပညာရှင်တွေကိုယ်တိုင် ရေးထိုးပြီး မေတ္တာလက်ဆောင် ပေးပါမယ်။
သင်လည်း ကလေးတွေကို ချစ်ခင်သူ တစ်ယောက်ဖြစ်တယ် ဆိုရင် မည်သူမဆို အခမဲ့လာရောက် အားပေးကြပါရန် ဖိတ်ခေါ်လိုက်ပါတယ်။
သတင်းအပြည့်စုံ ဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment