ပြည်မြို့နယ်ရပ်ကွက်ကျေးရွာများအတွင်း အမှန်တစ်ကယ်နာမကျန်းသူမျာထံသို့ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ တစ်အိမ်တက်ဆင်းဆောင်ရွက်
ပြည်၊နိုဝင်ဘာ၊၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း လာမည့် နိုဝင်ဘာ ၈ရက်နေ့တွင် ဆန္ဒမဲအား လူကိုယ်တိုင် သွားရောက်မဲပေးနိုင်ခြင်းမရှိသည့် ရပ်ကွက်/ကျေးရွာ အတွင်းနေထိုင်ကြသူ နာမကျန်းဖြစ်သူ လေဖြတ်ရောဂါခံစားနေရသူ များထံသို့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများမှ အိမ်တိုင်အရောက် သွားရောက်ကာ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အဆိုပါ ရပ်ကွက်ကျေးရွာများအတွင် အမှန်တစ်ကယ် နာမကျန်းဖြစ်လျှက်ရှိသူ များထံသို့ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲများမှ ယနေ့ နိုဝင်ဘာ ၆ရက်နေ့မှစတင်ကာ နိုဝင်ဘာ ၇ ရက်နေ့အထိ ရပ်ကွက်ကျေးရွာအတွင်း နာမကျန်းဖြစ်နေသူများအိမ်တိုင်အရောက် သွားရောက်ကာ ကြိုတင်ဆန္ဒမဲပေးနိုင်မှုများကို ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။
အဆိုပါမှုလပထမအကြိမ်ကြိုတင်မဲကို ပြည်မြို့နယ်အတွင်း ဆံတော်ရပ်ကွက်ရုံးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိကို နယ်မြေခံရဲဝန်ထမ်းများ၊မီးရထားရဲဝန်ထမ်းများမှစတင်ပေးခဲ့ကြတာဖြစ်ပြီး ယခု နိုဝင်ဘာ ၆ရက်နေ့မှ ၇ ရက်နေ့အထိကိုတော့ ရပ်ကွက်ကျေးရွာအတွင်း အမှန်တစ်ကယ်နာမကျန်းဖြစ်နေသည့် မဲရုံသို့ ကိုယ်တိုင်သွားရောက်မဲပေးနိုင်ခြင်းမရှိသည့် မဲဆန္ဒရှင်များနေအိမ်သို့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ များမှ သွားရောက်ကာ ကြိုတင်ဆန္ဒမဲပေးဆောင်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
K3(pyay)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment