Monday, November 16, 2015

အနှိပ်ခန်းမှထွက်ပြေးလာသည့် အမျိုးသမီးများအား သက်ဆိုင်ရာထံအပ်နှံလိုက်ရာ အနှိပ်ခန်းဆိုင်ရှင် နှစ်ဦးအား လူကုန်ကူးမှုဖြင့်အရေးယူ





ပြည်၊နိုဝင်ဘာ၊၁၄


ပဲခူးတိုင်း ပြညမြို့မှာ တရားမ၀င်ဖွင့်လှစ်ထားသည့် မာဆပ်(အနှိပ်ခန်း)မှ နိုဝင်ဘာ ၁၂ ရက်ကအမျိုးသမီးငယ်တစ်ဦး နှင့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ အမျိုးသမီး ၃ ဦး စုစုပေါင်းအမျိုးသမီး လေးဦးထွက်ပြေးလာခဲ့ရာ ရပ်ကွက်တစ်ခုက နေအိမ်မှာ ခေတ္တခဏပုန်းခိုင်းပြီး သက်ဆိုင်ရာ အမှတ် ၃ ရဲစခန်းသို့ပေးပို့ခဲ့ရာမှာ အနှိပ်ခန်းဖွင့်သည့်ဆိုင်ရှင် နှစ်ဦးအား နိုဝင်ဘာ ၁၃ ရက်နေ့ ညမှာ လူကုန်ကူးမှုဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ခြင်းခံလိုက်ရကြောင်းသိရသည်။ နိုဝင်ဘာလ(၁၂)ရဲ့နေ့က၊ပဲခူးတိုင်း၊ပြည်မြို့မှာတရားမ၀င်ဖွင့်ထားတဲ့၊အနိုပ်ခန်းတွေမှ မိန်းခလေး(၄)ဦး၊ထွက်ပြေးလာပြီး၊ရပ်ကွပ်ကထိုမိန်းကလေးများအားသနား၍နေအိမ်တွင် ခေတ္တခဏပုန်းခိုင်းပြီး၊ရဲစခန်းပို့ရာကလူကုန်ကူမှုကျူးလွန်ထားတာကိုတွေရပြီး၊လူကုန်ကူးမှုဥပဒေဖြင့်၊အရေးယူထားခဲ့ကြကြောင်းသိရသည်။ထိုအထဲတွင်(၁၇)နှစ်အရွယ်မိန်းခလေးတစ်ယောက်၊အနိုပ်ခန်းတခုကနေထွက်ပြေးလာတဲ့အတွက်၊ရပ်ကွပ်က၊ဖုန်းကြီးကျောင်းတကျောင်းမှာပို့ပြီး၊ကယ်ဆယ်ထားခဲ့ရကြောင်းသိရသည်။၊နောက်တနေ့မှာလဲ၊အဆိုပါအနှိပ်ခန်းကနေ၊နောက်ထပ်မိန်းခလေး(၃)ယောက်ထွက်ပြေးလာတဲ့အတွက်၊အဆိုပါရပ်ကွပ်ကနေ၊HRDPအဖွဲ့၊ကံသာဖုန်းကြီးတို့ဦးဆောင်ပြီး၊အမှတ်(၃)ရဲစခန်း၊တို့ပူးပေါင်း၍အနိုပ်ခန်းပိုင်ရှင်ကိုလူကုန်ကူးမှုတားဆီးကာကွယ်ရေး  ဥပဒေပုဒ်မ ၂၄ နဲ့  ဖမ်းစီးလိုက်ကြောင်းသိရသည်။
               
           “ဆိုင်ရှင်ကပိုက်ဆံလဲရှင်းမပေးဘူး၊ရေလဲဝယ်သောက်ရတယ်၊ထမင်းလဲမကျွေးဘူး၊၊အသန့်ဆိုပြီး ဖာခန်းကြီးဖွင့်ထားတယ်၊ရဲနယ်ထိမ်းတွေလာရင် အလကားဝင်ပေးရတယ်။ပိုက်ဆံလဲမပေးဘူး။”ဟု ပန်းတနော်မြို့မှ ပြည်မြို့ရှိ အနှိပ်ခန်းတစ်ခုတွင်လာရောက်လုပ်ကိုင်ရင်း ထွက်ပြေးလွတ်မြောက်လာသူ ကပြောသည်။


    “ကျမသမီးကပထမလက်ဖက်ရည်ဆိုင်မှာအလုပ်လုပ်တာ(၅၀၀၀၀)ရတယ်၊အဲဒါကို(၂)သိန်းပေးမယ် ထမင်းချက်ရမယ်ဆိုပြီးခေါ်သွားတာ၊သူတို့ကိုကျမကမကျေနပ်ဘူး၊ဖျားရောင်းသွေးဆောင်မှု၊ကျမသမီးရှိရဲ့သားနဲ့ဖွက်ထားပြီး၊အုပ်တတိုင်းပေါ်ကနေပြစ်ချတာကတမှု၊အနားက အိမ်ရှင်က ကောင်းလို့ကယ်ထားလို့ ကျမသမီးလေးပြန်ရတာ။” ဟု ပန်းတောင်းမြို့ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်၏ မိခင်ဖြစ်သူ ကပြောသည်။

  
             “ရဲတွေလာရင်လဲအလကားဝင်ပေးရတယ်၊တနေ့သစ်သမားတယောက်လာတာ၊ကွန်ဒုံးမရှိပဲသွားမိလို့၊သမိးမှာကိုယ်ဝန်ရှိနေလို့ပြောတော့မှဆေးလာတိုက်တယ်၊အခုသမီးမှာကိုယ်ဝန်ရှိနေပြှီသမီးတို့မှတ်ပုံတင်တွေကိုလဲသိမ်းထားတယ်၊အခုမနေနိုင်လို့သမီးတို့ထွက်ပြေးလာတာ။သူတို့က၊နင်တို့ဘယ်မှသွားလို့မရအောင်ကားဂိတ်တွေကိုလုပ်ထားတယ်။” ဟု ပြည်မြို့ ဖိုးခေါင်ရွာနေထိုင်သူ အသက် ၁၆ နှစ်အရွယ် အနှိပ်ခန်းကထွက်ပြေးလာသည့် အမျိုးသမီးငယ်ကပြောသည်။

     ပြည်မြိုမှာတရားမ၀င်(အနှိပ်ခန်း)(၂၀)ကျော်ခန့်ရှိပြီး လွန်ခဲ့သည့် ၁ နှစ်ကျော်ခန့်ကလဲ ဘုရင်နောင်လမ်းမှာဖွင့်ထားတဲ့အနှိပ်ခန်းတစ်ခုကိုဒေသခံရပ်ကွက်တိုင်ကြားမှု၊ နဲ့ဝင်ရောက်ရှာဖွေဖမ်းစီးခဲ့ပါတယ်အခုအနီုပ်ခမ်းကပြည်မြို့၊အောင်ဆန်းပြည်သာယာရပ်ကွပ်၊(ပြည်တော်သာ(A)လမ်းက(ever one)ဖြစ်ပြီး၊အဲဒိကထွက်ပြေးလာသူလေးဦးထဲမှာ၊၁၆ နှစ်အမျိုးသမီးငယ်တစ်ဦးမှာ ကိုယ်ဝန် ၃လရှိပါပြီ၊အဲဒိအမှု့ကိစ္စနှင့်ပတ်သက်ပြီး အမှတ် ၃ ရဲစခန်းက(ပ)၂၆၅/၂၀၁၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နဲ့ ဖမ်းစီးအရေးယူထားကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်နှိပ်နှင်းရေး အဖွဲ့ ရဲအုပ် ရဲအုပ်ရဲဝင်းနိုင်ထံကသိရပါတယ်။

K3(pyay)


No comments:

Post a Comment