Thursday, November 12, 2015

ကြိုးသုံးချောင်းတော.ကျန်နေမည်



သရ၀ဏ်(ပြည်)

ကျွန်တော် ကျွန်မတို.သည် စစ်အာဏာရှင်တွေလက်အောက်မှာနေထိုင်ရခြင်းကို ဘယ်တုန်းကမျှ မနှစ်သက်ခဲ.ပါ ဆိုခြင်းကိုမြန်မာပြည်သူများသည် ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ.တွင် တကမ္ဘာလုံးသို.သတင်းစကားပါးခွင်.ရလိုက်ပြီဖြစ်သည် ။
ကျွန်တော်တို. အဟောင်းတွေကိုမလိုချင်ဘူး
ကျွန်မတို. လူဟောင်းတွေကို စိတ်ကုန်နေပြီ
ကျွန်တော် ကျွန်မတို. ပြောင်းလဲမှုကိုလိုချင်ပြီ
တိုင်းပြည်ဟာ လူသစ်စိတ်သစ်နဲ.ပြောင်းလဲချိန်တန်ပြီ
လူဟောင်းတွေနေရာဖယ်ပေးဖို.အချိန်တန်ပြီ

စသည်.စကားလုံးများကိုပါးစပ်မှထုတ်မပြောပါပဲ ထိုအနက်အဓိပါယ်ရသောအပြုအမူများကို တတိုင်းပြည်လုံး၏မဲဆန္ဒရှင်အများစုသည် ညီညာဖျဖျဆန္ဒဖော်ထုတ်လိုက်ကြပြီဖြစ်သည် ။ကျွန်တော် ကျွန်မတို.သည် တပ်မတော်မှဗိုလ်ချုပ်ဟောင်းများ ကြီးစိုးလွှမ်းမိုးနေသော အုပ်ချုပ်ရေး စနစ်၊ ဥပဒေပြုရေးစနစ်၊ တရားစီရင်ရေးစနစ်ကိုအလိုမရှိပါ ။ထိုအရာများအစား ပညာတတ်အရပ်သားများနိုင်ငံကိုဦးဆောင်စေချင်ပါသည် ဟု မဲလက်မှတ်များမှတဆင်.ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ရာ သက်ဆိုင်ရာ အာဏာပိုင်များသည် ယခုလောက်ဆိုလျှင် ပြည်သူ.ဆန္ဒကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လောက်ပြီဟုယူဆပါသည် ။ပြည်သူတွေပျော်နေကြပါသည် ။ နိုင်ငံတော်လူကြီးများသည်အရှုံးကိုဂုဏ်သိက္ခာရှိရှိ လက်ခံကြလိမ်.မည်ဟုမျှော်လင်.ပါသည် ။ တိုင်းပြည်သည်ကောင်းသောအနာဂါတ်ဆီသို.ဦးတည်ရွေ.လျားတော.မည်ဟုယူဆပါသည် ။ ကျွန်တော်တို.စာရေးဆရာများသည် ဒီမိုကရေစီဘက်က အသည်းပေါက်အောင်ရေးခဲ.သားခဲ.ရကျိုးနပ်သည်ဟုလည်းယူဆပါသည် ။ ရှုံးသွားသူပြိုင်ဘက်များ ၊တသီးပုဂ္ဂလကိုယ်စားလှယ်အချို.အတွက်လည်းဝမ်းနည်းမိပါသည် ။ မြန်မာပြည်သည် နေ.သစ်စတင်ပေပြီ ။

သို.သော်နိုင်ငံရေးတွင် အဆိုးမြင်လွန်းခြင်း ၊ အကောင်းမြင်လွန်းခြင်းတို.သည် အမှန်တရားနှင်.ဝေးကွာစေ၏ ။ အမှန်ကိုအမှန်အတိုင်းမြင်တတ်မှ ရှေ.ဆက်ရမည်.ခရီးကိုမှန်မှန်ကန်ကန်သုံးသပ် ဆုံးဖြတ်နိုင်မည်ဖြစ်သည် ။ အမှန်အတိုင်းသုံးသပ်သော် ကျွန်တော်တို.ပြည်သူများသည် ဗိုလ်ချုပ်မှူးကြီးဟောင်းစောမောင် ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို.လက်ထက်က ဘာနှင်.တူသလဲဆိုလျှင် ခြေတွေလက်တွေကို ကြိုးနှင်.တင်းကြပ်စွာတုပ်နှောင်၍ တိုင်မှာကြပ်တည်းစွာချည်နှောင်ခံထားရသည်. နွားသတ္တ၀ါတွေနှင်.တူ၏ ။ တုပ်တုပ်မျှလှုပ်၍မရပဲ ငြိမ်ဝပ်ပိပြားစွာလူ.ဂုဏ်သိက္ခာကင်းမဲ.စွာနေလာခဲ.ရသည် ။ ၂၀၁၀ ဦးသိန်းစိန်အစိုးရတက်လာသောအခါတွင် ဒီမိုကရေစီတပိုင်း ၊ စစ်ဗိုလ်ချုပ်ဟောင်းများတပိုင်း ဖားတပိုင်းငါးတပိုင်းအစိုးရကြောင်. ပြည်သူလူထု၏ဘ၀မှာ လွတ်လပ်မှုအတော်အသင်.ရလာရာ ခြေ လက်တို.တွင်ကြပ်တည်းစွာတုပ်နှောင်ထားသော ကြိုးများကိုဖြည်ပေးလိုက်ပြီး အတန်ငယ်ကျယ်ဝန်းသော နွားတင်းကုပ်ထဲ ၊ မြင်းဇောင်းထဲဝယ် တ၀ဲလည်လည်သွားလာခွင်.ရလာသော နွားများ၊မြင်းများနှင်.တူလာပေ၏ ။ ကျွန်တော်တို.သည် တင်းကြပ်သောအနီးကပ်တုပ်နှောင်မှုများမရှိတော.သဖြင်. ဟိုမှသည်မှ သွားနိုင်လာနိုင်၏ ။ အမြီးမြှောက်ခွင်. ၊ ခွာရှပ်ခွင်. တကောင်နှင်.တကောင်ခွေ.ခွင်.များရလာကြသည် ။ သို.သော်စဉ်းစားဆင်ခြင်တတ်၍သေသေချာချာတွေးကြည်.လိုက်လျှင် ခြင်းထဲမှလွတ်၍ လှောင်အိမ်ကြီးထဲသို.ရောက်လာရုံမျှသောလွတ်လပ်မှုမျိုးဖြစ်နေပါသေးသည် ။ ချည်တိုင်မှကြိုးဖြုတ်၍ တင်းကုပ်ထဲဝယ် သွားလာနိုင်သောအဆင်.သို.တိုးတက်လာခြင်းဖြစ်သည် ။ သို.သော်တပြည်လုံးသည် ယခုအခါ ထိုနွားတင်းကုပ်ထဲမှ ညီညာဖျဖျ ရုန်းထွက်လိုက်ကြပါပြီ ။ လွတ်လပ်သောပြင်ပကမ္ဘာဆီသို.ထွက်နိုင်ခဲ.ပါပြီ ။ထွက်ပေါက်တခုကိုရှာတွေ.ခဲ.ပါပြီ ။ ကျွန်တော်တို.သည် စိမ်.ကြီးမြိုင်ကြီးတွင်ကျင်လည်ကျက်စားသောလုံးဝလွတ်လပ်သည် မြင်းရိုင်း ၊နွားရိုင်းတို.ဘ၀ကဲ.သို. မိမိစိတ်ကြိုက် သွားနိုင် စားနိုင် ကိုယ်.ကြမ္မာကိုယ်ဖန်တီးနိုင်သည်.အဆင်.သို.ရောက်ပြီ ဟုထင်ကောင်းထင်နေကြပေလိမ်.မည် ။ သို.သော် ဤသို.မဟုတ်သေး ။ ကျွန်တော်တို.သည် ပိတ်လှောင်ခံထား၇သော ခြံထဲမှ ၀မ်းသာအားရပြေးထွက်ခွင်.ရပြီဖြစ်သော်လည်း ကြိုးရှည်ရှည်ဖြင်.လှန်ထားခံရသလို ကြိုးသုံးချောင်းတော. တဲနှောင်ခံထားရဆဲဖြစ်သည် ။ ပြည်သူလူထုဟူသောနွားကြီးအား ဖွဲ.စည်းပုံဥပဒေဆိုသော ကြိုးကြီးသုံးချောင်းဖြင်.နဖားကြိုးထိုးကာ ထိမ်းချုပ်ထားဆဲပင်ရှိလေသည် ။ လုံးဝလွတ်လပ်သောအဆင်.သို.ရောက်သေးသည်မဟုတ်ပါ ။၂၀၁၅ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအောင်နိုင်ခြင်းသည် ရုပ်ရှင်ဇာတ်လမ်းတစ်ခု၏ ဇာတ်သိမ်းပိုင်းမဟုတ်ပဲ ဇာတ်လမ်းကအခုမှစမည်. အဖွင်.မြင်ကွင်းသာဖြစ်သည် ။ ပြည်သူလူထုမကြည်.ချင်ပဲကြည်.နေရသော ဖန်တရာတေအော်ပရာပြဇာတ်ကြီး ကန်.လန်.ကာချသွားပြီး လူထုအောင်သံပြဇာတ် ကန်.လန်.ကာဖွင်.ကာ ဇာတ်ဝင်ခန်းတခန်းစတင်နိုင်လိုက်ရုံပဲရှိပါသေးသည် ။ ဆက်ကရမည်.ဇာတ်လမ်းကရှည်ပါသေးသည် ။

မြန်မာ.နိုင်ငံရေး၌ ဒီမိုကရေစီကို နဖားကြိုးတဲထားသည်နှင်.တူသောကြိုးသုံးချောင်းမှာ ပြည်သူလူထုကရွေကောက်တင်မြှောက်လိုက်သော အစိုးရအဖွဲ.တွင် ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ နယ်စပ်ရေးရာစသောဝန်ကြီး သုံးဦးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှတိုက်ရိုက်ခန်.အပ်ပိုင်ခွင်.ရှိနေသေးခြင်းဖြစ်သည် ။ အဓိပါယ်မှာ ပြည်သူလူထု ဆန္ဒမဲဖြင်.ရွေးကောက်ပွဲတွင်မည်မျှ အနိုင်ရလာပါတီဖြစ်စေ တိုင်းပြည်ကိုအုပ်ချုပ်ရာ၌ဤဌာနသုံးခုကိုအုပ်ချုပ်ခွင်.ရမည်မဟုတ်ပေ ။ထိုသုံးဌာန (၀ါ) ကြိုးသုံးချောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲတွင်ကိုင်ထားဦးမည်ဖြစ်သည် ။ ထိုကြိုးသုံးချောင်းဖြင်.နဖားကြိုးအထိုးခံရပေဦးမည် ။ ထိုကြိုးသုံးချောင်းတွင်ဒီမိုကရေစီအုပ်ချုပ်ရေးအတွက်အရေးအကြီးဆုံးမှာ Ministry of Internal Affair ခေါ်ပြည်ထဲရေးဝန်ကြီးဌာနဖြစ်သည် ။ မြန်မာနိုင်ငံ၏ ရပ်ကွက် ၊ကျေးရွာ ၊မြို.နယ် ၊ခရိုင် ၊ တိုင်း နှင်.ပြည်နယ် အဆင်.ဆင်.ကိုတကယ်အုပ်ချုပ်သည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( General Administration ) မှဖြစ်သည် ။ ထွေအုပ် ဌာနကြီးသည် ပြည်ထဲရေးဝန်ကြီး၏လက်အောက်တွင်ရှိသည် ။ ပြည်ထဲရေးဝန်ကြီးသည်တပ်မတော် ကာချုပ်မှခန်.အပ်သည်.လက်ရှိစစ်ဗိုလ်ချုပ်တယောက်ဖြစ်သည်။ ထို.ကြောင်.အုပ်ချုပ်ရေးအာဏာသည် တပ်မတော်ကကိုင်ထားဆဲဖြစ်သည် ။ တဖန်မြန်မာနိုင်ငံရှိ တရာရုံးများအားလုံးသည် ပြည်ထဲရေးဝန်ကြီးလက်အောက်မှာပင်ရှိသည် ။ ထို.ကြောင်. တရားစီရင်ရေးသည် စစ်တပ်၏သြဇာအောက်သို.ကျရောက်နေဆဲဖြစ်သည် ။ ရဲတပ်ဖွဲ.သည်လည်း ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာပင်ဖြစ်သည် ။ ထို.ကြောင်.ရဲတပ်ဖွဲ.သည် ပြည်သူကိုဗဟိုပြု၍အလုပ်လုပ်သည်ထက် ယခင်အတိုင်း အမိန်.အာဏာညွှန်ကြားချက်များဖြင်. စစ်တပ်၏လက်အောက်ခံသဖွယ်ပြုမူနေဦးမည်ဖြစ်သည် ။ တဖန် အကျဉ်းဦးစီးဌာနသည်လည်းပြည်ထဲရေးဝန်ကြီးဌာနအောက်မှာပင်ရှိ၍ အကျဉ်းထောင်အရာ၇ှိများသည် ဒီမိုကရေစီ ဘက်တော်သားများထက် စစ်အာဏာပိုင်များကိုသာမျက်နှာမူ၍အမိန်.နာခံကာအလုပ်လုပ်နိုင်ဖွယ်ရှိသည် ။ဖွဲ.စည်းပုံအခြေခံဥပဒေအရ အသာစီးယူထားသော ၀န်ကြီးသုံးပါးတွင် ပြည်ထဲရေးဝန်ကြီးသည် အရေးအကြီးဆုံးဖြစ်သည် ။ အုပ်ချုပ်ရေးကသတင်းပေး၊ ရဲကဖမ်း ၊ တရားသူကြီးကစစ်၍ထောင်ချ ၊ အကျဉ်းထောင်ကထိမ်းသိမ်းအပြစ်ပေးရသည်ဖြစ်ရာ ထိုလေးဖွဲ.စလုံးသည် တပ်မတော်ကခန်.ထားသော စစ်ဗိုလ်ချုပ်ဝန်ကြီးတပါးလက်အောက်သို.ကျရောက်နေခဲ.ပြီဆိုလျှင် ပြည်သူ.အာဏာ ဒီမိုကရေစီဆိုသည်မှာဖော်ဆောင်ဖို.ခက်တော.မည် ။ ပြည်ထဲရေး ၊ကာကွယ်ရေး ၊ နယ်စပ်ရေးရာဟူသောကြိုးသုံးချောင်းတွင် ကာကွယ်ရေးနှင်.နယ်စပ်ရေးရာဝန်ကြီးဌာနများတပ်မတော်လက်အောက်ခံဖြစ်နေသည်မှာ များစွာ ပြသနာမရှိသေး ။ ထိုအချက်များမှာနောက်မှအေးအေးဆေးဆေးဖြေရှင်း၍ရသည် ။ပြည်ထဲရေးဝန်ကြီးသည်စစ်တပ်မှဖြစ်နေခြင်းကားအကြီးမားဆုံး နှောင်ကြိုးကြီးဖြစ်နေပါသည် ။ ယခင်အတိုင်းလာဘ်စားမှု ၊ယခင်အတိုင်း အာဏာအလွဲသုံးမှု ၊ယခင်အတိုင်း ဥပဒေအထက်တွင် စစ်အာဏာပိုင်များရှိနေမှု တို.သည် ဆက်ရှိနေပေလိမ်.မည် ။ထိုအရာများကိုမရပ်တန်.နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်ပြောနေသော တရားဥပဒေစိုးမိုးမှုသည် ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ ။ ဥပဒေစိုးမိုးမှုကိုတကယ်ကိုင်တွယ်ဆောင်ရွက်မည်ဆိုလျှင် ထိုကြိုးသုံးချောင်းကိုဖြတ်နိုင်ဖို.လိုသည် ။ လောလောဆယ်သိပ်အနှောက်အရှက်မဖြစ်သေးသောကြိုးနှစ်ချောင်းကိုဖယ်ထား၍ ပြည်ထဲရေးဝန်ကြီးလက်ထဲတွင်အာဏာများစုပြုံကိုင်ထားသောနဖားကြိုးကို ရတတ်သမျှစတင်ဖြတ်တောက်ရပါလိမ်.မည် ။ မည်သို.လုပ်မည်နည်း ။ ဖွဲ.စည်းပုံအခြေခံဥပဒေသည်လည်းတပ်မတော်သား ၂၅ ရာခိုင်နှုန်းသဘောတူညီချက်မပါပဲပြင်၍မရသေးပါ ။ တပ်ကလဲချက်ခြင်း အခြေခံဥပဒေ၊ စပြင်ဖို.သဘောတူမည်မဟုတ်ပါ ။ပြည်ထဲရေးဝန်ကြီးအား အရပ်ဘက်မှခန်.ခွင်.မရှိပါ ။ သို.နောက်တက်လာမည်. သမ္မတသည် ရဲဝံ.ပါးနပ်ပါက ဥပဒေဘောင်ထဲမှလုပ်၍ရသည်.နည်းရှိပါသည် ။

ဖွဲ.စည်းပုံအခြေခံဥပဒေအခန်း (၅)အုပ်ချုပ်ရေးဟူသောခေါင်းစဉ်အောက်မှ နိုင်ငံတော်သမ္မတ၏တာဝန်နှင်.လုပ်ကိုင်ခွင်. ပုဒ်မ ၂၀၂ တွင်
“ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင်.
(က) ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနများကို လိုအပ်သလိုသတ်မှတ်နိုင်သည် ။ထို.ပြင်ဝန်ကြီးဌာနများကိုပြင်ဆင်သတ်မှတ်ခြင်း ၊ဖြည်.စွက်ခြင်းပြုနိုင်သည်။
(ခ) ပြည်ထောင်စုဝန်ကြီးဦးရေကိုလိုအပ်သလိုသတ်မှတ်နိုင်သည် ။ ထို.ပြင်သတ်မှတ်ဦးရေကိုတိုးခြင်း ၊ လျှော.ခြင်းပြုနိုင်သည် ။ “ ဟုအတိအလင်းပြဌာန်းထားပေသည် ။ ဤသည်မှာကောင်းသောဂယ်ပေါက်တခုဖြစ်သည် ။ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရောက်ရှိနေသော တရားရုံးများနှင်.အကျဉ်းထောင်များကို နိုင်ငံတော်သမ္မသည် ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂ (က) လုပ်ပိုင်ခွင်.ကိုအသုံးပြု၍ ၀န်ကြီးဌာနအသစ်တခုအောက်သို.ပြောင်းရွှေ.ပစ်၍ရသည် ။ ဥပမာအားဖြင်. တရားဥပဒေစိုးမိုးရေးဝန်ကြီးဌာန ( Ministry of Justice ) ဟူ၍အသစ်ဖွဲ.ပြီး တရားရုံးများကို ထို ၀န်ကြီးဌာနအသစ်သို.ပြောင်းရွေ.နိုင်ခဲ.လျှင် ပြည်ထဲရေးဝန်ကြီး (တပ်မတော်)လက်အောက်သို.ရောက်နေသော တရားစီရင်ရေးအာဏာကို ပြည်သူ.လက်အောက်သို.ရောက်အောင်ပြန်ခေါ်နိုင်ပေလိမ်.မည် ။ ဤသို.လုပ်ရာတွင် တပ်မတော်အားထိပါးလိုခြင်းမဟုတ်ပဲတရားဥပဒေစိုးမိုးရေးကိုပိုမိုဦးစားပေးဆောင်ရွက်လို၍ဖြစ်ကြောင်း တပ်မတော်ခေါင်းဆောင်များကိုသေသေချာချာ ရှင်းလင်းတင်ပြပေးရမည် ။ တပ်မတော်သည်လက်နက်ကိုင်တပ်ဖွဲ.များကိုအုပ်ချုပ်လိုစိတ်အာသီသပြင်းထန်လှသဖြင်. သူတို.နှင်.ထိပ်တိုက်မတွေ.စေရန် ရဲတပ်ဖွဲ.ကိုတော. ပြည်ထဲရေးဝန်ကြီးလက်အောက်မှာပင် ယခင်အတိုင်းဆက်လက်ထားပေးရမည် ။ ကာကွယ်ရေး ၊နယ်စပ်ရေးရာဝန်ကြီးများကိုလောလောဆယ်မထိသေးပဲ တပ်မတော်နှင်.အဆင်ပြေသောဆက်ဆံရေးရအောင် ယခင်အတိုင်းဆက်လက်ထား၇ှိပြီး နှစ်ဖက်နားလည်မှု တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရမည် ။အမျိုးသားရင်ကြားစေ.ရေးကိုဆောင်ရွက်ရမည် ။

တရားရုံးများသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှကင်းလွတ်သွားသည်နှင်. တပ်မတော်မှဝင်ရောက်စွက်ဖက် လွှမ်းမိုးမှုမရှိတော.ပဲ လွတ်လပ်သောတရားစီရင်ရေးစနစ်စတင်ဖြစ်ပေါ်လာပေလိမ်.မည် ။ ဥပဒေစိုးမိုးရေးဖြစ်စဉ်များပေါက်ပေါက်လာပေလိမ်.မည် ။ ပြည်သူလူထု၏တရားဥပဒေအပေါ်ယုံကြည်မှု ပြန်လည်မြင်.မားလာလိမ်.မည် ။ ထိုအခါ ငွေပေး၍ဖြေရှင်းခြင်း ၊လက်နက်ဖြင်.အကြမ်းဖက်ဖြေရှင်းခြင်း ၊ အမိန်.အာဏာဖြင်.ဖြေ၇ှင်းခြင်းများနည်းပါးသွားပြီး အရာရာကိုဥပဒေအရဖြေရှင်းတတ်သောဒီမိုကရေစီအလေ.အထများပေါ်ပေါက်လာမည်ဖြစ်သည် ။ဥပဒေအထက်တွင်မည်သူမျှမရှိဟူသောဖုန်တက်နေသည်.ဆောင်ပုဒ်ကလေးအသက်ဝင်လာနိုင်မည်ဖြစ်သည် ။ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံကြမည်. နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာ.ဥပဒေစိုးမိုးမှုကို ပိုမိုသက်ဝင်ယုံကြည်လာမည်ဖြစ်သည် ။ နိုင်ငံ၌အလိုအပ်ဆုံးမှာ လွတ်လပ်သောတရားစီရင်ရေးစနစ်တခုပေါ်ထွန်းလာဖို.ဖြစ်သည် ။ ကျူးလွန်သောပြစ်မှုတူစေကာမူ အဘနှင်.သိလျှင်ထောင်မကျပဲ မျက်နှာမွဲဆိုလျှင် ပြစ်ဒဏ်အတိုင်းခံရသော တလမ်းသွားဥပဒေစနစ်ကိုရပ်တန်.နိုင်မည်ဖြစ်သည် ။ဤကားနှောင်ကြိုးတခုကိုဖြတ်တောက်ခြင်းပင်ဖြစ်သည် ။မဖြတ်နိုင်သည်.တိုင် နဖားကြိုးထဲမှအပြင်သို.ဆွဲထုတ်နိုင်မည်.နည်းလမ်းဖြစ်သည် ။

နိုဝင်ဘာရွေးကောက်ပွဲတွင်အပြတ်အသတ်အနိုင်ရသောပါတီသည် အစိုးရဖွဲပြီး တိုင်းပြည်အုပ်ချုပ်ရာတွင် အခက်အခဲ များမှာမရေတွက်နိုင်အောင်ရှိပေ၏ ။ ပထမဆုံး သမ္မတလောင်းနှစ်ယောက်ရွေးပေးရမည် ။ထိုသမ္မတလောင်းနှစ်ဦးနှင်.တပ်မတော်မှတင်သွင်းလာသော သမ္မတလောင်းတဦး စုစုပေါင်းသုံးဦးထဲမှတဦးကိုရွေးပေးရမည် ။ ထိုရွေးချယ်ခံရသူသမ္မတသည် ပြည်သူလူထုကလက်ခံသူ ၊တပ်မတော်မှလည်းလက်ခံသူဖြစ်ဖို.လိုသေးသည် ။ ထိုသမ္မတကအစိုးရအဖွဲ.ဖွဲ.ရာတွင် ဒီမိုကရေစီလည်းဆန်စေ၇န် ၊ ဖွဲ.စည်းပုံဥပဒေကိုလည်းမကျော်လွန်စေရန်၊တိုင်းရင်းသားတို.လည်းကြေနပ်စေရန် အာဏာခွဲဝေရေး ၊ ၀န်ကြီးဌာနခွဲဝေရေးလုပ်ရပေမည် ။ ဖောင်းပွနေသော ၀န်ကြီးဌာနများကိုဖျက်သင်.တာဖျက် ၊ပေါင်းသင်.တာပေါင်း ၊ အသစ်ထပ်ဖွဲ.သင်.တာဖွဲ. လုပ်ရမည် ။ သမ၀ါယမ၀န်ကြီးဌာနလို ၊ ပြန်ကြားရေးဝန်ကြီးဌာနလို ၊သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုထားသလို စနစ်မျိုးကိုပြင်ရမည်ဖြစ်သည် ။မလိုအပ်သောဝန်ကြီးဌာနများဖျက်သိမ်းရမည် ။ထပ်နေသောဌာနများပေါင်းပစ်ရမည် ။ လိုနေလျှင်ထပ်ချဲ.ရမည် ။သာသနာရေးဝန်ကြီးဌာနဆိုလျှင် နိုင်ငံတကာတွင်မရှိသောဝန်ကြီးဌာနဖြစ်သည် ။ သာသနာရေးသည် ပြည်ထဲရေးနှင်.ပေါင်း၍ရသောဌာနဖြစ်သည် ။ သို.မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင်.ပေါင်း၍ရသောဌာနဖြစ်သည် ။ ဦးစီးဌာနအဆင်.လောက်ရှိလျှင်ပင်အလုပ်လုပ်၍ရသောဌာနဖြစ်သည် ။ ပို.ဆောင်ရေးဝန်ကြီးဌာနရှိပါလျက် မီးရထားဝန်ကြီးဌာနဟူ၍ထပ်ထည်.ထားခြင်းမှာလည်း မျိုးတူနှစ်ခုထပ်နေသလိုဖြစ်နေသည် ။ ဒါတွေကို သမ္မအသစ်သည် ပြန်လည်ရှင်းလင်းတည်ဆောက်ရမည်ဖြစ်သည် ။

သို.သော်ပြည်သူအချို.ထင်နေသလို NLD က အပြတ်အသတ်အနိုင်ရလိုက်သဖြင်. ၁၀၀ ရာခိုင်နှုန်းအစိုး၇အသစ်ပေါ်ပေါက်လာတော.မည်ဟုတော.မျှော်လင်.၍မရပါ ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေအရ အစိုးရသစ်နှင်. ပြည်သူများကိုတဲနှောင်ထားသော နှောင်ကြိုးသုံးကြိုးကျန်နေပါသေးသည် ။ ထို.နှောင်ကြိုးများမှာ ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ နယ်စပ်ရေးရာ ဟူသော နှောင်ကြိုးများဖြစ်သည် ။ ဥပဒေပြုရေးတွင် ၂၅ ရာခိုင်နှုန်းဟူသော နှောင်ကြိုးကလည်းရှိနေပါသေးသည် ။ မည်သို.ပင်ရှိစေစိတ်ပျက်အားငယ်စရာတော.မရှိပါ ။ Necessity is the mother of invention (လိုလျှင်ကြံဆနည်းလမ်းရ ) ဟူသောစကားပုံလိုပင် တဖြည်းဖြည်းနှင်.ဖြေရှင်းသွားနိုင်ပါသည် ။အရေးကြီးသည်မှာ ကိုယ်.ခြေထောက်တွင်ကြိုးချည်ခံထားရသည်ဆိုခြင်းကို သတိထားမိလျှင် ထိုကြိုးကိုဖြုတ်နိုင်မည်.နည်းကို ရှာကြံနိုင်မည်ဖြစ်သည် ။ ချည်နှောင်ထားခံရသည်ကိုမှမသိလောက်အောင်ဖြစ်နေလျှင်မူကား မည်သည်.အခါမှရုန်းထွက်နိုင်မည်မဟုတ်ပေ ။ ကျွန်ုပ်တို.သည် NLD ရွေးကောက်ပွဲတွင်နိုင်သဖြင်. အလွန်ဝမ်းသာပျော်ရွှင်မိပါ၏ ။ သို.သော်သွားရမည်ခရီးကဝေးသေးသည် ။ ချည်ထားသောကြိုးများကခိုင်လှသည် ။ဇာတ်လမ်းကယခုမှအစပင်ရှိပေသေးသည် ။ နောက်ထပ်ကြိုးများအကြောင်းအလျဉ်းသင်.လျှင်ရေးပါဦးမည် ။

သရ၀ဏ်(ပြည်)

စောင်.ကြည်.ဂျာနယ်
၁၃.၁၁.၂၀၁၅


No comments:

Post a Comment