အထူးသတင်း စတေကာတွေခွာပေးပါ
နိုဝင်ဘာ ၆ ရက်နေ့
ချစ်ခင်လေးစားရပါသော ပြည်သတင်းဖတ်ရှု့သူ မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျား..
2015 ခုနှစ် နိုဝင်ဘာလ 8 ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ဒုတိယအကြိမ်ကျင်းပသွားတော့မည်ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပါတီအမှတ်တံဆိပ် စတေကာများ အားလုံးကို မဲရုံနှင့် ကိုက် ၅၀၀ အကွာနှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများအားလုံးအား ယနေ့ နိုဝင်ဘာလ ၆ရက်နေ့တွင် နောက်ဆုံးထား၍ ပါတီမဲဆွယ်ခွင့်ကို ရုတ်သိမ်းထားကြောင်းသိရပါတယ်။
တရားမျှတပြီး စစ်မှန်သည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်သူလူထုအားလုံးမှ ယနေ့ နိုဝင်ဘာလ ၆ရက်နေ့ နောက်ဆုံးထား၍ ဖုန်းမှာကပ်ထားသည့်စတေကာများမှအစ ယဉ်များတွင်ကပ်ထားသော စတေကာများအားလုံးအား မိမိမဲပေးမည့်ပါတီကို အမှန်တကယ်ချစ်လျှင် ယနေ့ နောက်ဆုံးထား ပြန်လည်ခွာပေးပါရန် နှင့် ဖြုတ်သိမ်းပေးပါရန် အထူးသတိပေးမေတ္တာထားကာရေးသားရပါသည်။
လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ဆန္ဒမဲသွားရောက်ပေးမည့် မဲရုံများတွင် ယခုဖော်ပြပါ ဖုန်းစတေကာမှအစ ယူဆောင်ကိုင်ဆောင်ခွင့် မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားကြောင်းသိရပါသဖြင့် မိမိကြိုက်နှစ်သက်သည့် ပါတီ မိမိကြောင့် မထိခိုက်စေရေး အလေးထား ပြည်သတင်းမှရေးသားအပ်ပါသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment