Friday, October 16, 2015

PRစနစ်ဖျက်သိမ်းရန်ဆန္ဒထုတ်သူများ အမိန့်ချမှတ်မည်ဟုဆိုသော်လည်း လူမစုံသဖြင့်ပြန်လည်ချိန်းဆို

PRစနစ်ဖျက်သိမ်းရန်ဆန္ဒထုတ်သူများ အမိန့်ချမှတ်မည်ဟုဆိုသော်လည်း လူမစုံသဖြင့်ပြန်လည်ချိန်းဆို



ပြည် အောက်တိုဘာ ၁၆



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မှာ PR စနစ်ဖျက်သိမ်းပေးရန်တောင်းဆိုဆန္ဒထုတ်ဖော်သူတွေ ပုဒ်မ ၁၈ နှင့်အရေးယူ၍ ပြည်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရကြောင်းသိရသည်။ PRစနစ်ဖျက်သိမ်းပြီးပြီဖြစ်သော်လည်း အဆိုပါစနစ်အားကန့်ကွက်ဆန္ဒထုတ်ဖော်မှုကြောင့် တရားရင်ဆိုင်နေရသူ ၅ ဦးဟာတစ်နှစ်ကျော်ကြာမြင့်လာသည့် ရုံးချိန်းပေါင်း ၃၃ ကြိမ်မြောက် အောက်တိုဘာ ၁၆ ရက်နေ့ မှာ အမိန့်ချမှတ်မည်ဟုထင်ထားသော်လည်း လူမစုံသဖြင့်လာမည့် အောက်တိုဘာ ၃၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်းသိရသည်။



“ရွေးကောက်ပွဲကာလအတွင်းလုပ်စရာရှိတာတာတွေလုပ်သွားချင်သေးတယ်။အမိန့်ချမယ်ဆိုလည်းချခံဖို့အဆင်သင်င့်ပဲ။ဒီချတဲ့အမိန့်က မတရားဘူးဆိုတာသိတယ်။ဥပဒေနဲ့မညီဘူးဆိုတာလည်းသိတယ်။အမိန့်ချပြီးသွားရင်လည်း ပြန်ကြားခွင့် လုပ်ပိုင်ခွင့်တွေနဲ့ပြန်လုပ်သွားဖို့အစီစဉ်ရှိပါတယ်။ ”ဟုလူ့ဘောင်သစ်ပါတီ မှ  ဦးဝဏ္ဏကပြောသည်။

အဆိုပါPRစနစ်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၄ရက်နေ့က ပြည်မြို့တွင် ဦးကျော်ဆန်း(နိုင်/ကျဉ်းဟောင်း)၊ဦးဝဏ္ဏ(လူ့ဘောင်သစ်ပါတီ)၊ကိုမျိုးသူထွဠ်(လက်တွဲကူမယ်ပြည်လူငယ်သွေးနှင့်အောက်စီဂျင်အခမဲ့အဖွဲ့)၊ဦးကျော်ဆွေ(ပြည်သူ့အကျိုးဆောင်ကွန်ယက်)၊ဦးတိုးကြီး(လက်တွဲကူမယ်ပြည်လူငယ်သွေးနှင့်အောက်စီဂျင်အခမဲ့အဖွဲ့)စသည့်အဖွဲ့တွေနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားအဖွဲ့တွေပါဝင်ဆန္ဒထုတ်ဖော်ခဲ့ရာ အထက်ဖော်ပြပါငါးဦးကိုအမှုဖွင့်တရားဆွဲဆိုထားခဲ့ဖြစ်ကြောင်းသိရသည်။



“တရားစီရင်ရေးအနေနဲ့အခုလိုအကြိမ်ကြိမ်ချိန်းဆိုပေးလို့ကြေနပ်ပါတယ်။နောက်တစ်ပတ်ကို မလာတဲ့သူတွေ ဖမ်းဝရမ်းထုတ်မယ်လို့အတိအလင်းကြေငြာထားလိုက်လို့ မျက်ကွယ်အမိန့်ချမလား မချဘူးလားဆိုတာတော့ကျွန်တော်တို့ကျိန်းသေမသိပါဘူး။” ဟု လက်တွဲကူမယ်ပြည်လူငယ် သွေးနှင့်အောက်စီဂျင် အခမဲ့ကူညီပံ့ပိုးမှုအဖွဲ့မှ ဦးတိုးကြီးကပြောသည်။



အဆိုပါဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပုဒ်မ ၁၈ ဖြင့်တရားရင်ဆိုင်နေရသူ ငါးဦးတို့အား အောက်တိုဘာ ၁၆ ရက်နေ့တွင် ၃၃ချိန်းမြောက်ရုံးချိန်းတွင် တရားဆွဲဆိုခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်ဆန်း နှင့် လက်တွဲကူမယ်ပြည်လူငယ်အဖွဲ့မှ ကိုမျိုးသူထဠ် နှစ်ဦးတို့မှာ အကြောင်းအမျိုးမျိုးကြောင့် တရားခွင်သို့မလာရောက်နိုင်ကြောင်းခွင့်တင်ထားခဲ့သဖြင့် တရားခွင်မှာလူမစုံ၍ လာမည့်အောက်တိုဘာ ၃၀ ရက်နေ့သို့ ထပ်မံပြန်လည်ချိန်းဆိုလိုက်ကြောင်းသိရသည်။



K3(pyay)

ပြည်သတင်း
www.facebook.com/pyaynews


No comments:

Post a Comment