PR စနစ်ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်သူ ၅ဦးအား လူမစုံသဖြင့် ပြန်လည်ချိန်းဆို
16.10.2015(သတင်းတို)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့မှာ PR စနစ်ဖျက်သိမ်းပေးရန်တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သူ ၅ဦးကို ပုဒ်မ ၁၈ နှင့်အရေးယူ၍ ပြည်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရကြောင်းသိရသည်။
PRစနစ်ဖျက်သိမ်းပြီးပြီဖြစ်သော်လည်း အဆိုပါစနစ်အား ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကြောင့် တရားရင်ဆိုင်နေရသူ ၅ ဦးဟာ တစ်နှစ်ကျော်ကြာမြင့်လာသည့် ရုံးချိန်းပေါင်း ၃၃ ကြိမ်မြောက် အောက်တိုဘာ ၁၆ ရက်နေ့ မှာ အမိန့်ချမှတ်မည်ဟု ထင်ထားသော်လည်း လူမစုံသဖြင့်လာမည့် အောက်တိုဘာ ၃၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်းသိရသည်။
သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment