NLDပါတီအားအပုတ်ခက်ထားသည့် ဗီဒီယိုဖိုင် အင်တာနက်ပေါ်ပြန့်နှံ့လျှက်ရှိသည့်ဗီဒီယိုဖိုင်အားခွေကူးယူ၍ ကျေးရွာတစ်ချို့တွင်ဆောင်းဘောက်များဖြင့် ဖွင့်လှစ်နေ
နတ္တလင်း အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် နတ္တလင်းမြို့နယ်အတွင်း ပါတီစည်းရုံးရေးကိစ္စတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား အခြားပါတီတစ်ခုမှ အင်တာနက်ပေါ်ပြန့်နှံ့လျှက်ရှိသည့် အပုတ်ချဝါဒဖြန့်ပြောစကားများအား တရားမ၀င် ဗီစီဒီခွေများဖြန့်ထုတ်ယူကာ မဲဆွယ်လျှက်ရှိကြောင်းသိရသည်။
ယင်းအင်တာနက်ပေါ်ပြန့်နှံ့လျှက်ရှိသည့် ၀ါဒဖြန့်ဗီဒီယိုပြောစကားများမှာ “ လက်ရှိအစိုးရအနေနဲ့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပုံစံမျိုးလွှတ်မထားပါနဲ့။NLD ပါတီအနေနဲ့ ဘာသာသာသနာကိုထိခိုက်ဆော်ကားတာတွေကိုကြည့်မနေပါနဲ့။လက်ရှိအစိုးရအနေနဲ့တာ၀၀န်ရှိသူများ ကြက်နှစ်ကောင်အိုးမဲ့သုတ်ပြီးသေခါမှချက်စားမယ့်ပုံစံမျိုးမလုပ်ပါနဲ့။ဒေါ်အောင်ဆန်းစုကြည်ပါတီမှာ ကိုက်တတ်တဲ့ခွေးတွေတအားပါနေတယ်။လူကိုကိုက်တာခံနိုင်တယ်။ဘာသာ သာသနာကိုကိုက်တာမခံနိုင်ဘူး။ကိုက်တတ်တဲ့ခွေးကို မွေးထားရင် ခြံလုံအောင်ခတ်ထားပါ။ခင်ဗျားတို့ပါတီ မဲနိုင်ခဲ့လို့ အစိုးရဖွဲ့နိုင်ခဲ့လျှင် ကျွန်တော်အပါဝင် ခင်ဗျားတို့ကိုလက်နက်ကိုင်တိုက်ခိုက်မဲ့သူတွေအများကြီးရှိတယ်။ကျုပ်တို့ရင်ဘတ်ထဲမှာအောင့်နေပြီ။ကျွန်တော်ပြည်သူစစ်စစ်ပါ။NLDပါတီကိုမထောက်ခံတဲ့သူတိုင်းကို ကြံ့ခိုင်ရေးကလိုလို၊စစ်တပ်ဘက်ကလိုလိုမလုပ်ပါနဲ့။ တစ်ချိန်ကကျွန်တော်ဟာ NLD ပါတီအဖွဲ့ကပါ။ NLDပါတီရဲ့ မှုဝါဒကိုမကြီုက်လို့ ၂၀၁၂ ခုနှစ်ကနေနူတ်ထွက်ခဲ့တယ်။ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မှာ ပထမဦးဆုံးအကြိမ် NLDပါတီတွေနူတ်ထွက်တဲ့အထဲမှာကျွန်တော်ပါတယ်။” ဟုဆိုသည့်စကားများကို မိမိကိုယ်ကို ဗီဒီယိုရိုက်၍ ပြောဆိုခဲ့ပြးအင်တာနက်ပေါ်တင်ထားသည့်ဗီဒီယိုဖိုင်မှာ ပြန့်နှံ့လျှက်ရှိပြီး အဆိုပါပြောဆိုသူသည်လက်ရှိ အမေရိကန်နိုင်ငံတွင်နေထိုင်လျှက်ရှိကြောင်း ၄င်းကဆက်လက်ပြောဆိုသွားသည်။
“ မဲဆွယ်စည်းရုံးကိစ္စတွေမှာ မြို့ပေါ်တွေကအဆင်ပြေပါတယ်။အခုနတ္တလင်းမြို့နယ်ထဲကရွာတွေမှာ NLDကို အင်တာနက်ပေါ်ကနေပုတ်ခက်စော်ကားထားတဲ့ ဗီဒီယိုဖိုင်တွေကို ခွေထုတ်ပြီး အခြားပါတီတစ်ခုက ရွာတွေမှာဘောက်ကြီးတွေနဲ့ဖွင့်ပြီးလုပ်ဆောင်နေတဲ့ပါတီရှိတယ်။ပါတီရုံးရှေ့မှလာဆဲတဲ့သူတွေကိုတော့ အမှုဖွင့်တိုင်တန်းထားပါတယ်။ဒီခွေကိစ္စကို မြို့နယ်ရွေးကောက်ကော်မရှင်သိအောင်တော့သွားပြောတယ်။ မြို့နယ်ကော်မရှင်က ငါတို့ပြောစကားသူတို့နားမထောင်ရင်ဘယ်လိုလုပ်မလည်းကျွန်တော့ကို ပြန်မေးလိုက်တယ်။ဒါနဲ့ကျွန်တော်တို့လည်း အသိပေးရုံလောက်ပဲလုပ်ဆောင်ခဲ့တယ်။အမှုဖွင့်ဆောင်ရွက်တာတော့မရှိဘူး။ဒီခွေကိစ္စက ရွာတွေမှာအတော်များများပြန့်နေတယ်။ပါတီထဲကလူငယ်တွေဒီခွေနားထောင်မိလို့ ဘောက်ကြီးတွေနဲ့ဖွင့်တဲ့အိမ်ကို လုပ်မယ်ကိုင်မယ်လုပ်နေလို့ မနည်းပြောဆိုဖြောင့်ဖျထားရတယ်။ ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နတ္တလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း အမှတ် ၁ မဲဆန္ဒနယ် ဦးမောင်မောင်ဦး ကပြောသည်။
ယင်း နတ္တလင်းမြို့နယ်အတွင်း အုတ်ဖိုအုပ်စုကျေးရွာအတွင်းမှာ အောက်တိုဘာ ၄ ရက်နေ့က NLDပါတီရုံးရှေ့ တွင် ညနေ ၃နာရီခန့်မှာလာရောက်ဆဲဆိုမှုများဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာ ၇ရက်နေ့တွင်အုတ်တွင်းကုန်းအုပ်စုကျေးရွာတွင်ထိုနည်းတူစွာဆဲဆိုမှုများဖြစ်ပေါ်ခဲ့၍ ထိုပါတီရုံးရှေ့တွင် ပါတီအားဆဲဆိုမှုများကို နတ္တလင်းမြို့နယ်ရဲစခန်းတွင်အမှုဖွင့်တိုင်တန်းထားလျှက်ရှိကြောင်းသိရသည်။
“ကျွန်တော်တို့ဆီကိုတော့ အုတ်ဖိုအုပ်စု/ကျေးရွာ NLDပါတီရုံးရှေးမှာလာဆဲတဲ့အမှုတော့ရှိပါတယ်။အဲဒိလူက မှုးပြီးလာဆဲတယ်လို့သိရပါတယ်။ သန်းထိုက် ခေါ် ချိုတူးပါ။သူ့ကို ၂၉၄ နဲ့ ၅၀၆ အမှု့ဖွင့်ထားပါတယ်။အကြားဝံ့မနာသာတွေဆဲဆိုမှု နဲ့ သေလောက်အောင်ကြိမ်းဝါးမှုပါ။ (ပ).၂၈/၁၅ ပနံပါတ်နဲ့အမှုဖွင့်ထားပါတယ်။ကျွန်တော်တို့ကတော့ဆက်လက်ဆောင်ရွက်လျှက်ရှိနေပါတယ်။” ဟုနတ္တလင်းမြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးကပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြင်းမကုန်းအုပ်စု ဆင်သေကုန်းကျေးရွာတွင် NLDပါတီဆိုင်းဘုတ်အား ခဲများဖြင့်ပစ်ခက်ခံခဲ့ရ၍ ဆုတ်ပြဲမှုများဖြစ်ပေါ်ခဲ့သည်။ ပါတီဆိုင်းဘုတ်အား ခဲများဖြင့်ပစ်ခက်သည့်ကိစ္စနှင့် NLDပါတီအားပုတ်ခက်စော်ကားထားသည့် တရားမ၀င် ဗီစီဒီခွေဖြန့်ချီသည့်ကိစ္စများကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ နတ္တလင်းမြို့နယ်ကော်မရှင်ရုံးသို့သွားရောက်၍ သက်ဆိုင်ရာကော်မရှင်ဥက္ကဌများထံအကြောင်းကြားအသိပေးထားခဲ့ပြီး ထိုကိစ္စများကိုတော့ အမှုဖွင့်တန်တိုင်းထားခြင်းမရှိကြောင်းသိရသည်။
K3(pyay)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment