Thursday, October 22, 2015

ရှုံးတော့မှာမို့ မဲသလား



သရ၀ဏ်(ပြည်)

ကျွန်တော်.ကိုဂျာနယ်များကမေးကြသည် ။ ယခုမကြာခင်ကဖြစ်ပေါ်နေသော အွန်လိုင်းပေါ်တွင် စာတွေ ကဗျာတွေရေး ၊ ဓါတ်ပုံတွေတင်မှုဖြင်. လူတွေကို ဖမ်းဆီးအရေးယူနေသည်ကိုဘယ်လိုမြင်ပါသနည်း ၊ ဘာသဘောပါနည်းဟူ၍ဖြစ်သည် ။ သူတို.ရည်ရွယ်မေးမြန်းကြသည်များကတော. မကြာသေးမီရက်ပိုင်းကဖေ.စ်ဘွတ်စာမျက်နှာပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံနှင်.တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓါတ်ပုံကိုပူးတွဲတင်ထားလိုက်ပြီးဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်ကိုကြိုက်သဖြင်.တပ်မတော်၏၀တ်စုံအရောင်ကို အစိမ်းနုရောင်ပြောင်းလဲခြင်းဖြစ်သလားဟု သရော်လှောင်ပြောင်ရေးသားထားသော မချောစန္ဒီထွန်း(ခေါ်)ချစ်သမီးကို အီလက်ထရောနစ်ဥပဒေဖြင်.ဖမ်းဆီးချုပ်နှောင်ခဲ.မှု ၊ ကာကွယ်ရေးဦးစီးချုပ်ပုံကိုပင်ခြေဖြင်.နင်းကာဓါတ်ပုံရိုက်ပြီး ဖေ.စ်ဘွတ်တင်မှုဖြင်. ဦခွန်ဂျာလီကို ထပ်မံဖမ်းဆီးအရေးယူခဲ.မှု ၊ ငါ.ရဲ. --မှာသမ္မတကြီးပုံ တက်တူးနဲ…. ငါ.ချစ်ဇနီးဟာငါနဲ.လက်ထပ်ပြီးမှ ငါ.ကိုအော.နှလုံးနာလို.မဆုံး စသည်.ကဗျာကိုအွန်လိုင်းတွင်ရေးသားခဲ.မှုဖြင်. ကဗျာဆရာမောင်ဆောင်းခအား အထူးရဲတပ်ဖွဲ.မှလာရောက်စုံစမ်း နေ၍ နေအိမ်မှတိမ်းရှောင်နေရသည်.သတင်းများကိုရည်ညွှန်းကာမေးကြခြင်းဖြစ်ကြောင်းကျွန်တော်သိပါသည် ။ကျွန်တော်သည်ဤကိစ္စတွင် ဘက်နှစ်ဖက်လုံးကိုပြောဖို.လိုသည်ဟုယူဆမိပါသည် ။ ပြုလုပ်သူ ကာယကံရှင် ဘက်နှင်.အရေးယူသည်. အစိုးရဘက်ကိုပြောစရာများရှိလာပါသည် ။

ပြုလုပ်သူဘက်ကိုအရင်ဆုံးပြောပါမည် ။ ဒီမိုကရေစီဘိုးအေကြီးဟုအမည်ရသော အင်္ဂလန်နိုင်ငံတွင် လွတ်လပ်ခွင်.နှင်.ပါတ်သက်၍ဆိုရိုးစကားတစ်ခွန်းရှိပါသည် ။ “သင်၏တုတ်ကောက်ကိုလွတ်လပ်စွာဝှေ.ယမ်းနိုင်ပါသည် ။သို.သော်အခြားသူများ၏ဦးခေါင်းကိုမထိခိုက်မိပါစေနှင်. “ ဟူ၍ဖြစ်သည် ။ လူတယောက်သည်မိမိ လုပ်ချင်တာကိုလွတ်လွတ်လပ်လပ်လုပ်ခွင်.ရှိပါသည် ။ ဒါသည် လူတိုင်း၏မွေးရာပါအခွင်.အရေးဖြစ်သည် ။ သို.သော် သင်ပြုမူလိုက်သောလွတ်လပ်သည်.အပြုအမူသည် သူတပါးအားမထိခိုက်စေရ ဟူသော သဘောဖြစ်သည် ။ ထိုဆိုရိုးစကားလေးသည် လွတ်လပ်မှုနှင်.ပါတ်သက်၍ တိုတိုနှင်.ထိထိ အရှင်းပြနိုင်ဆုံး ဆုံးမစာဖြစ်မည်ထင်သည် ။ ထိုစံချိန်နှင်. ချိန်ထိုး၍ကြည်.လိုက်သောအခါ ကျွန်တော်တို.သည် Facebook ပေါ်ရှိ မိမိပိုင်စာမျက်နှာတွင် မိမိကြိုက်သော ပုံ ၊မိမိကြိုက်သောစာ များကို စိတ်ကြိုက်ကိုယ်ပိုင်ရေးပိုင်ခွင်.ရှိ၏ ။ သူများရေးထားသည်များကို like ခွင်. share ခွင်. ရှိပေ၏ ။ ကာယကံရှင်သဘောတူလျှင် Tag ခွင်.ရှိထပါသည် ။ ကိုယ်. Friend များကလဲကိုယ်. Wall ပေါ်တွင်ထိုသို.ပြုမူခွင်.ရှိ၏ ။ဒါသည် လူတယောက်ခြင်း၏လွတ်လပ်ခွင်.ဖြစ်သည် ။ သို.သော် ကျွန်တော်တို.သည် သူတပါးကိုအသရေဖျက်ခွင်.မရှိပါ ၊စော်ကားခွင်.မရှိပါ ၊ ရိုင်းပျခွင်.မရှိပါ ။ ဖေ.စ်ဘွတ်ကိုဈေးအိမ်သာနံရံလိုသဘောထားကာ ရေးချင်တာတွေပေါက်ကရလျှောက်ရေးခွင်.မရှိပါ ။ အရာရာတွင်တာဝန်ယူမှု ၊တာဝန်ခံမှုဟူသည်ရှိရပါသည် ။
ကျွန်တော်သည် နိုင်ငံရေးအရ သမ္မတကြီးဦးသိန်းစိန်ကိုမကြိုက်ပါ ၊ သို.သော်ထိုသို.နိုင်ငံရေးအရမကြိုက်သည်နှင်. ဦးသိန်းစိန်ဓါတ်ပုံတပုံကို Photo Shot ဖြင်.ပြုပြင်ကာ ခွေးကိုယ်နှင်.လူခေါင်းကြီးလုပ်ကာ မျိုးတော. ဘယ်တော.မှလုပ်မည်မဟုတ်ပါ ။ သူများကထိုသို.လုပ်လာလျှင်လည်း ကျွန်တော်သည် မည်သည်.အခါမျှ like လုပ်ခြင်း share လုပ်ခြင်းပြုမည်မဟုတ်ပါ ၊ Delete လုပ်ပစ်မည်ဖြစ်သည် ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ကျွန်တော်သည်ထောက်ခံသူတယောက်မဟုတ်ပါ ။သို.သော် ကိုယ်မကြိုက်ရုံနှင်. သူ.ကိုစော်ကားခွင်.မရှိပါ ။ ဆောင်းပါးများရေးရာတွင်ပင် အချက်အလက် ( facts and figures ) များအရသာဝေဖန်ခွင်.ရှိပါသည် ။ လူတယောက်ကိုအခြေအမြစ်မရှိပဲ မည်သူကမည်သူ.ကိုမှစော်ကားခွင်.မရှိပါ ။ လူတစ်ယောက်သည် မိမိလိင်တံပေါ်တွင် မိမိနှစ်သက်သောပုံကို ဆေးမင်ကြောင်ထိုးခွင်.ရှိပါသည် ။သို.သော် ငါ.ရဲ.လိင်တံပေါ်မှာမောင်ဖြူရဲ.ပုံကိုထိုးထားတယ် ၊မောင်နီရဲ.ပုံကိုထိုးထားတယ်ဟုလူသိရှင်ကြား ပြောကြားခွင်.မရှိပါ ။ထိုသို.လုပ်ခြင်းသည် ဘောင်ကျော်သော ရိုင်းစိုင်းမှုသာဖြစ်သည် ။အသရေဖျက်မှုဖြစ်သည် ။ သူရဲကောင်းဖြစ်ချင်၍စတန်.ထွင်မှုမျိုးသာဖြစ်သည် ။ မည်သူ.မှအကျိုးမရှိပါ ။ တပ်မတော်ကာချုပ်ဓါတ်ပုံကို ခြေဖြင်.နင်း၍ထိုပုံကို facebook တင်ခြင်းမှာလည်းထိုနည်းနှင်နှင်ပင် ၊ လူတယောက်ကိုမကြိုက်ခွင်..ရှိ၏ ၊သို.သော်စော်ကားခွင်.မရှိချေ ။ အဖွဲ.တဖွဲ.အပေါ်တွင်လည်းထိုနည်းနှင်နှင်ဖြစ်သည် ။ ကျွန်တော်တို.သည် ဒူးရင်းသီးမကြိုက်လျှင် ငါသည်ဒူးရင်းသီးကိုတစက်မျှမကြိုက်ဟုပြောခွင်.ရှိသည် ။သို.သော် ဒူးရင်းသီးသည်အရူးများစားသောအစားအစာဖြစ်သည်ဟုပြောခွင်.မရှိပါ ။မပြောသင်.ပါ ။ ထိုသို.ပြောကြားမှုသည် ကိုယ်.လမ်းလျှောက်တုတ်ကိုလွတ်လပ်စွာဝှေ.ယမ်းရုံတင်မက လမ်းသွားလမ်းလာများ၏ဦးခေါင်းများကိုပါလိုက်ရိုက်နေသလိုရှိပေ၏ ။ ဖေ.စ်ဘွတ်ပေါ်တွင် ပေါ်ပေါက်လာသောအချို. စာသားများ ၊ဓါတ်ပုံများသည် ဒူးရင်းသီးကိုငါမကြိုက်အဆင်.သာမက ဒူးရင်းသီးမကြိုက်သူများသည် အဆင်.အတန်းမရှိသူ အရူးအနှမ်းများဖြစ်သည် ဟုပြောပေါက်မျိုးကို ( Emotion ) အရ စိတ်မထိမ်းနိုင်ပဲ ပြောနေရေးနေ၊ တင်နေကြသည်များကိုတွေ.နေရဆဲဖြစ်သည် ။ ဒါကပြုသူများဘက်ကဖြစ်သည် ။

အရေးယူသူများဘက် (၀ါ)အစိုးရဘက်ကလဲ ပြောစရာဖြစ်နေသည်များရှိပါသည် ။ ၂၀၁၅ ရွေးကောက်ပွဲနီးလာသောအခါ ပြင်းထန်သောဖိနှိပ်မှုများ ၊ဘက်လိုက်မှူများကို မသိမသာ (တခါတရံသိသိသာသာ) ပြုမူနေသည်များလဲမငြင်းနိုင်အောင်တွေ.လာရပါသည် ။ အထက်ကဖော်ပြခဲ.သော Facebook စည်းမစောင်.မှုကိစ္စမျိုးကိုဥပဒေအရအရေးယူရာတွင်အဓိက ပြောစရာနှစ်ချက်ရှိလာပါသည် ။ပထမအချက်မှာ ဒီမိုကရေစီဘက်တော်သားများ ( NLD ဘက်တော်သားဟုထင်ရသူများ) အပေါ်ဥပဒေအရအရေးယူရာတွင်လိုတာထက်ပို၍ပြင်းထန်နေလွန်းခြင်းဖြစ်သည် ။ ဖေ.စ်ဘွတ်ပေါ်တွင်လူတယောက်အပေါ်သိက္ခာကျစရာ post တခုကိုတင်လျှင် ဂုဏ်သိက္ခာထိပါးခံရသူသည် ထိုဖေ.စ်ဘွတ် မှရေးသားချက်များကိုသက်သေသက်ကာယ screen shot ရိုက်၍ တရားရုံးတွင် အသရေဖျက်မှု ပုဒ်မ (၅၀၀)ဖြင်. ဦးတိုက်လျှောက်ထားစွဲဆိုရပေမည် ။ တပ်မတော်ကိုအသရေဖျက်လျှင်တပ်မတော်တွင်ရာထူးအကြီးဆုံးဖြစ်သော တပ်ချုပ်ကဖြစ်စေ ၊ သူတရားဝင်ကိုယ်စားလှယ်လွှဲပေးသူကဖြစ်စေ တရားစွဲရပါမည် ။ ကြားထဲကတယောက်ကဖုန်းဆက်တိုင်သဖြင်.ရဲကလာဖမ်းခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းကိုကျော်နေပါသည် ။ ဥပဒေတွင် တရားရုံးက ပြစ်မှုထင်ရှားပြစ်ဒဏ်စီရင်ချက်အချမခံရသေးသမျှ အားလုံးသည် အပြစ်မရှိသူများ ၊အပြစ်ကင်းစင်သူများသာဖြစ်သည် ။ လူတစ်ယောက်ကို ရာထူးကြီးတပ်မတော်အရာရှိတယောက်ကဖုန်းဆက်အမှုဖွင်.ရုံဖြင်. အပြစ်ရှိသည်.သဖွယ် အားလုံးက၀ိုင်းဝန်းပြုမူ၍မရပါ ။ တဖန် အသရေဖျက်မှုဖြင်.တရားစွဲရမည်.အမှုကို အီလက်ထရောနစ်ပုဒ်မဖြင်. အရေးယူသင်.မယူသင်.သည် စစ်တပ်ရော ၊ ရဲတပ်ဖွဲ.ရော ဆုံးဖြတ်ရမည်.ကိစ္စမဟုတ် ၊ မြို.နယ်ဥပဒေအရာရှိကဆုံးဖြတ်ရမည်.ကိစ္စဖြစ်သည် ။ အီလက်ထရောနစ်ပုဒ်မဆိုသည်မှာ အွန်လိုင်းကိုအသုံးပြု၍ ဘဏ်မှငွေလိမ်ထုတ်ခြင်း ၊ သူတပါး website များကိုဖောက်ထွင်းဝင်ရောက်ခြင်း ၊ သူတပါး website များ ၊ Facebook account များ ၊ အီးမေးလ်များကို Hacking ပြုလုပ်ခြင်း ၊ အွန်လိုင်းမှခြိမ်းချောက်ငွေညှစ်ခြင်း ၊ နည်းပညာအသုံးပြု၍ ရာဇ၀တ်မှုကျူးလွန်ခြင်းစသည်. Cyber Crime ဟုနိုင်ငံတကာကခေါ်ဆိုကြသည်.အမှုများနှင်.သာပါတ်သက်ပါသည် ။ ယခုဖမ်းဆီးခံထားရသော မချောစန္ဒီထွန်းနှင်. ဦးခွန်ဂျာလီတို.ကျူးလွန်သည်မှာ Cyber Crime ခေါ်သည်.ရာဇ၀တ်မှုမဟုတ်ပါ ။ အသရေဖျက်မှုသာဖြစ်ပါသည် ။ဆက်သွယ်ရေးဥပဒေတို. အီလက်ထရောနစ်ပုဒ်မတို.သည် မဆီမဆိုင်အမည်တပ်ခံထားရသလိုဖြစ်နေပါသည် ။အသရေဖျက်မှုသည် အာမခံပေး၍ရသောအမှုဖြစ်ပါသည် ။ထောင်ပြင်ပမှအမှုရင်ဆိုင်စေရပါမည် ။

နောက်ထပ်ထောက်ပြလိုသောအချက်တချက်မှာ တပ်မတော်အပါအ၀င်အစိုးရသည် ပြစ်မှုများကိုအရေးယူကိုင်တွယ်ရာတွင် စံနှုန်းနှစ်မျိုး ( Double Standard ) ဖြင်. ကိုယ်တွယ်ဆောင်ရွက်နေမှုဖြစ်သည် ။ ထိုအချက်သည် လူကြီးလူကောင်းမဆန်ပါ ။ ရှက်စရာကိစ္စတခုဖြစ်ပါသည် ။ ကန်ကြီးထောင်.မြို.နယ်ပြည်ခိုင်ဖြိုးပါတီတွဲဖက်အတွင်းရေးမှူးဦးသန်းထွန်းကဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကိုညစ်ညမ်းပုံဖန်တီးကာလူမှုကွန်ယက်ပေါ်တွင်တင်ခဲ.ခြင်း ၊ Brighton မြို.၏အဆောက်အဦတခုတွင်ဒေါ်အောင်ဆန်းစုကြည်ပုံဂရာဖီတီပုံအဆောက်အဦအပြည်.ရေးဆွဲထားခြင်းကို မူဆလင်ဗလီပေါ်တွင်ရေးဆွဲထားသယောင်ပြုမူထားသော (အမှန်မှာ Brighton တော်ဝင်နန်းတော်ပုံသာဖြစ်သည် )ဓါတ်ပုံတစ်ပုံကို လွှတ်တော်အမတ်ဘူးလက်လှဆွေ(ခေါ်)ဦးလှဆွေကပြန် share ခဲ.ရုံမက ပြည်သူများဒေါ်အောင်ဆန်းစုကြည်အပေါ်ထင်ယောင်မြင်မှားဖြစ်အောင်မှတ်ချက်ရေးသားခဲ.မှု၊ အွန်လိုင်းပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင်.NLD ပါတီကို ဝေဖန်အပုတ်ချသော စာများ ၊ လုပ်ကြံထားသောဓါတ်ပုံများ ပလူပျံနေသော်လည်း အီလက်ထရောနစ်ပုဒ်မဖြင်.အရေးယူရန်ဝေးစွ ၊ အသရေဖျက်မှုနှင်.ပင် အရေးမယူတာလည်း ဥပဒေ၏စံနှုန်းနှစ်မျိုးကိုမီးမောင်းထိုးပြသလိုဖြစ်နေပါသည် ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကိုအမျိုးမျိုးအပုတ်ချတိုက်ခိုက်နေသော Myanmar Express (National Defence League ) ၊ပြည်သူ.အာဏာ စသော ဖေ.စ်ဘွတ်အကောင်.များကိုအစိုးရသည်အရေးယူရန်စိတ်ဝင်စားမှုတစုံတရာမပြပါ ။ ကန်ကြီးထောင်.မြို.နယ်ပြည်ခိုင်ဖြိုးပါတီတွဲဖက်အတွင်းရေးမှူးဦးသန်းထွန်းကဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကိုညစ်ညမ်းပုံဖန်တီးကာလူမှုကွန်ယက်ပေါ်တွင်တင်ခဲ.ခြင်း ၊ Brighton မြို.၏အဆောက်အဦတခုတွင်ဒေါ်အောင်ဆန်းစုကြည်ပုံဂရာဖီတီပုံအဆောက်အဦအပြည်.ရေးဆွဲထားခြင်းကို မူဆလင်ဗလီပေါ်တွင်ရေးဆွဲထားသယောင်ပြုမူထားသော (အမှန်မှာ Brighton တော်ဝင်နန်းတော်ပုံသာဖြစ်သည် )ဓါတ်ပုံတစ်ပုံကို လွှတ်တော်အမတ်ဘူးလက်လှဆွေ(ခေါ်)ဦးလှဆွေကပြန် share ခဲ.ရုံမက ပြည်သူများဒေါ်အောင်ဆန်းစုကြည်အပေါ်ထင်ယောင်မြင်မှားဖြစ်အောင်မှတ်ချက်ရေးသားခဲ.မှု ၊ ၂၀၁၄ ဇွန်လအတွင်းကပြည်ထောင်စု ၀န်ကြီးတပါး၏ဇနီးကဒေါ်အောင်ဆန်းစုကြည်ကိုသိက္ခာချသောဓါတ်ပုံတစ်ပုံကို သူ.ဖေ.စ်ဘွတ်တွင် တင်ခဲ.ကာ အစစ်အမှန်မဟုတ်သဖြင်.နောက်ရက်တွင်ပြန်လည်ဖြုတ်ချသွားသောလုပ်ရပ်တခုလည်းပေါ်ပေါက်ဖူးရာ ထိုအမှုတွင်အီလက်ထရောနစ်ပုဒ်မကိုအသုံးချခွင်.မရခဲ.ချေ ။ဝန်ကြီးကတော်လုပ်ကြံတင်ခဲ.သောပုံတွင်ဒေါ်အောင်ဆန်းစုကြည်သည် မူဆလင်အမျိုးသမီးများဝတ်ဆင်သောခေါင်းဆောင်း( hijab) ကိုဝတ်ဆင်ထားသောပုံဖြစ်ပြီး မူဆလင်အမျိုးသမီးတဦးကဒေါ်အောင်ဆန်းစုကြည်ကိုသရဖူတခုဆောင်းပေးနေပုံဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကိုမူဆလင်များနှင်.တွဲဖက်မြင်စေရန်လုပ်ကြံဖန်တီးခဲ.ခြင်းဖြစ်သည် ။ သူ.ဇနီး၏လုပ်ရပ်အတွက်ဝန်ကြီးက Facebook တွင် တောင်းပန်ခဲ.သော်လည်း အီလက်ထရောနစ်ပုဒ်မဖြင်.ဖမ်းဆီးအရေးယူခဲ.ခြင်းတော.မရှိပေ ။

တဖန်ဒေါ်အောင်ဆန်းစုကြည်အစ္စလမ်ဘာသာဝင်များအားလက်အုပ်ချီနေသည်.လုပ်ကြံဓါတ်ပုံကိုတင်ခဲ.သောအကောင်.ပိုင်၇ှင်မှာလည်း မည်သူကမျှ အီလက်ထရောနစ်ပုဒ်မဖြင်.မဖမ်းဆီးပါ ။ အစ္စလမ်ဘာသာဝင်များ၏ ဘက္ကဒီးအစ်နေ.တွင် ဒေါ်အောင်ဆန်းစုကြည်မှထုတ်ပြန်ချက်ဟူသော သ၀ဏ်လွှာအတုတစ်စောင်ဖေ.စ်ဘွတ်တွင်တက်လာရာ မည်သည်.ရဲအရာရှိကမျှအရေးယူရန်စိတ်မ၀င်စားပါ ။ တိုင်သူတရားလိုမရှိသဖြင်. အမှုမတည်ဆောက်နိုင်ဟုဆင်ခြေပေးနိုင်သော်လည်း တိုင်လည်းဘာမှအရေးမယူမှာသိနေသဖြင်. မည်သူကမျှအလုပ်ပျက်ခံမတိုင်ကြားခြင်းဖြစ်သည် ။အရေးယူမည်ဟုအာမခံလျှင် အမှုဖွင်.တိုင်ကြားမည်.သူများစွာရှိပါသည် ။ ဥပမာအားဖြင်. NLD ပါတီ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် ကြံ.ခိုင်ရေးပါတီဝင်များ၏ ကိုယ်ထိလက်ရောက် နှောက်ယှက်မှုများကို သက်ဆိုင်ရာရဲစခန်းများတွင်အမှုဖွင်.တိုင်ကြားသော်လည်း ထိုအမှုမျိုးသည် ရဲနှင်.မဆိုင် ၊ ရွေးကောက်ပွဲကော်မရှင်နှင်.သာဆိုင်သည်ဟု ဘော်လီဘောပုတ်ပါသည် ၊ကော်မရှင်ကလည်း ဤအမှုမျိုးသည် သူတို.နှင်.မဆိုင်ရဲစခန်းတွင်တိုင်ပါဟု တဖန်လွှဲချကြပြန်သည် ။အချို.ဖြစ်ရပ်များတွင် ကာယကံမြောက်ထိုးကြိတ်ရိုက်နှက်မှုမျိုးပင်ပါဝင်ရာ ရဲစခန်းမှ သူတို.နှင်.မဆိုင်ဘူးဟုဆိုခြင်းမှာ အံ.သြစရာကောင်းလှသည် ။ အငြိမ်းစားရဲအရာရှိကြီးတစ်ဦးကမူ ထိုကဲ.သို. ပါတီဆိုင်းဘုတ်ဖျက်ခြင်း ၊ လူကို ရန်ရှာခြင်းတို.သည် အနည်းဆုံးအကျိုးဖျက်ဆီးမှုမြောက်သဖြင်.ရဲကလက်ခံအမှုဖွင်.ပေးရကြောင်း ၊အမှုကိုဖွင်.မပေးဟုငြင်းပါယ်သောရဲဝန်ထမ်းကို ဥပဒေအရ ပြန်လည်တရားစွဲခံရနိုင်ကြောင်း DVB Debate တစ်ခုတွင်ရှင်းပြသွားတာမှတ်သားလိုက်ရပေသည် ။ဆိုင်းဘုတ်ဖျက်တာပင်အကျိုးဖျက်ဆီးမှုနှင်.အရေးယူ၍ရလျှင် မူးယစ်ရမ်းကားဆဲဆိုခြင်း ၊ထိုးကြိတ်ရိုက်နှက်ခြင်းများသည် ဆဲဆိုမှု ၊ခြိမ်းခြောက်မှု ၊ နာကျင်စေမှု ၊ ကာအိနြေ္ဒပျက်စီးစေမှု စသည်တို.နှင်.အရေးယူနိုင်ရမည်ဖြစ်သည် ။အရေးယူမပေးခဲ.သော ရဲများအတွက် ရဲချုပ် ၊ပြည်ထဲရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီးကိုခန်.အပ်ခဲ.သော ကာကွယ်ရေးဦးစီးချုပ်တို.သည် အပြည်.အ၀တာဝန်ရှိပေ၏ ။

ဥပဒေသည်တဦးတယောက်တည်းအတွက်မဟုတ် နိုင်ငံသားအားလုံးအတွက်သာဖြစ်သည် ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ.စည်းပုံအခြေခံဥပဒေအခန်း(၈) ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည်မည်သူ.ကိုမဆိုဥပဒေအရာတွင် တန်းတူညီမျှအခွင်.အရေးရရှိစေရမည် ။ထို.ပြင်ဥပဒေ၏အကာအကွယ်ကိုလည်းတန်းတူညီမျှစွာရယူပိုင်ခွင်.ပေးရမည် ဟုရေးသားထားရာ အွန်လိုင်းအသရေဖျက်မှုများ ၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များတွင် အချို.ပါတီဝင်များ၊ ပုဂ္ဂိုလ်များအတွက်ဆတ်ဆတ်ခါအာင်နာနေပြီး ၊အချို.ပုဂ္ဂိုလ်များ အချို.ပါတီများစော်ကားခံနေရသည်များကို မျက်စေ.မှိတ်နေခြင်းသည် ဖွဲ.စည်းပုံအခြေခံဥပဒေကိုချို.ဖောက်ရာရောက်နေပါသည် ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် သမ္မတကြီးဦးသိန်းစိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်အေးတို.သည် ဖွဲ.စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဟုကျမ်းကျိန်ထားသူများဖြစ်ရာ ပုဒ်မ ၃၄၇ ကို လိုက်နာရန်တာဝန်ရှိပေသည် ။ ငါတို.လူဆိုမဖမ်းနဲ. သူတို.လူဆိုဖမ်းဆိုပြီးလုပ်၍မရပေ ။

ယခုအခါ ၂၀၁၅ နိုဝင်ဘာ (၈)ရက် အထွေထွေရွေးကောက်ပွဲကြီးနီးသထက်နီးကပ်လာရာ ရှုံးမှာကိုကြောက်လာသော လူပုဂ္ဂိုလ်အချို.၏ကယောင်ကတမ်းစကားသံများလည်းနားနှင်.မဆံ.အောင်တနေ.တမျိုးပျံ.လွင်.လာချေသည် ။ ရန်ကုန်တိုင်းတွင်အစိမ်းရောင်လွှမ်းရမည် ၊ အနီရောင်ဆိုသည်မှာ အာဇာနည်ဗိမာန်တွင် ဇင်ဘိုနှင်.ကင်မင်ချူးတို.ဗုံးဖောက်သဖြင်.အနီရောင်(သွေးရောင်)လွှမ်းသောသင်္ကေတဖြစ်သည် ဟု ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦမြညိမ်းက သုဝဏ္ကမြို.ဦးစေတီအနီးဘောလုံးကွင်းတွင် အောက်တိုဘာ ၁၀ရက်မနက် ၈ နာရီ ၌ပြောကြားခဲ.၏ ။ မိမိပါတီမဲဆွယ်ရာတွင် ကွယ်လွန်ပြီးသားအာဇာနည်တို.ကိုထည်.သွင်းပုတ်ခတ်စရာအကြောင်းမရှိချေ ။တဖန်မြန်မာပြည်တွင်မြန်မာ.အချုပ်အခြာအာဏာကိုစော်ကား၍်ဗုံးလာခွဲခဲ.သော ဇင်မိုနှင်.ကင်မင်ချူးတို.၏ မြောက်ကိုရီးယားနိုင်ငံနှင်. သံခင်းတမန်ခင်းပြန်ဆက်သည်မှာလည်း ဦးမြညိမ်းတို.ပါတီမှခေါင်းဆောင်များပါသော အစိုးရဖြစ်နေ၍အံ.သြရပေသည် ။ စာရေးဆရာပြည်ထောင်စုဒုဝန်ကြီးတပါးကလည်း ဒေါ်အောင်ဆန်းစုကြည်သည်ငယ်စဉ်ကတည်းကမှုန်တေတေ စကားနည်းသူဖြစ်၍ ကြည်.မရကြောင်း ၊ အိန္ဒိယတွင်ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဗမာတွေကိုသိပ်မုန်းတာပဲဟုပြောကြားကြောင်း သေသူကိုသက်သေတည်၍ လက်စဖျောက် အသရေဖျက်သည်.သတင်းကအွန်လိင်းမှာရော ဂျာနယ်မှာရော ပျံ.နှံ.နေပါသည်။ တကယ်တော. ဒေါ်အောင်ဆန်းစုကြည်ထိုစကားကိုပြောခဲ.၍မကြေနပ်လျှင် လွန်ခဲ.သောနှစ် သုံးလေးဆယ်ကတည်းကရှင်းဖို.ကောင်းသည် ။ ဘာ.ကြောင်.တသက်လုံးဘာမှမပြောပဲ ငြိမ်နေကာ အခုမှ အိုးမလုံအုံပွင်.လာပါသလဲ ။ ဟုတ်တော.ကော ကလေးအရွယ်လူမမယ်ဘ၀ကပြောခဲ.သော ( ပြောသည်ဟုပင်သက်သေမပြနိုင်သော) စကားတခွန်းကိုဘာကြောင်.ရေးကြီးခွင်ကျယ်ဇာတ်ကြောင်းလှန်နေသလဲ ဆိုတာစိတ်ဝင်စားဖွယ်ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကျောင်းသူဘ၀ကမှုန်တေတေဖြစ်ကာစကားနည်းခြင်းသည်မည်သူ.ကိုမည်သို.ထိခိုက်ပါစေသလဲ ။ ယခုအခါ အသရေဖျက်မှုမြောက်သောတောင်ရောက်မြောက်ရောက်စကားများပေါများလှပေ၏ ။ အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်သို.နှစ်ခါလာတော. နှစ်ခါအနမ်းခံရတာပဲအဖတ်တင်တယ်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည် အားစောင်းမြောင်းအတင်းတုတ်သူကတုတ်သည် ။ ထိုပုဂ္ဂိုလ်သည် နိုင်ငံတကာယဉ်ကျေးမှု (အထူးသဖြင်. အနောက်တိုင်းယဉ်ကျေးမှု)ကိုသိဟန်မတူ ။မိမိစိတ်နှင်.နှိုင်းပြီး အနမ်းဟူသမျှ တဏှာပေမနှင်.သာကြည်.ဟန်တူ၏ ။ အနောက်တိုင်းတွင် ဦးလေးနှင်.တူမ ၊ မအေနှင်.ဦးရီး ၊ မိတ်ဆွေအချင်းချင်း ချစ်ခင်စိတ်ဖြင်.ပါးကိုနမ်းကြတာယဉ်ကျေးမှုထုံးစံတခုဖြစ်ပါ၏ ။ နိုင်ငံခြားသားများသည် ထိုသို.နမ်း၍နှုတ်ဆက်လိုက်ရ၍လည်းငါတော.ဘယ်သူ.ကိုနမ်းရသည်ဟု အောက်တမ်းကျစွာအသားယူတမ်းတကြွေးကျော်နေကြသည်မဟုတ်ပါ ။ လူ.ယဉ်ကျေးမှုတခုသာဖြစ်ပါသည် ။ထိုထက်ပို၍ဘာမှမရှိပါ ။ပြောစ၇ာမ၇ှိ၇ှာကြံပြောကြခြင်းဖြစ်ပေ၏ ။ အချို.ကလည်း NLD အာဏာရလျင်ကုလားတိုင်းပြည်ဖြစ်သွားမည်ဟု ဘာသာရေးမှိုင်းတိုက်ကြသည် ။ နိုင်ငံရေးအတွက်ဘာသာရေးကိုခုတုံးလုပ်ကြ၏ ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းကလက်သံပြောင်ပြောင်နှင်.ဘုန်းကြီးများကိုရိုက်နှက်ခဲ.ကြသူများမှာ ယခုအမျိုးဘာသာချစ်ပြနေသောအာဏာရပါတီမှပုဂ္ဂိုလ်များပင်ဖြစ်သည် ။ လက်ပန်းတောင်းတောင်သပိတ်စခန်းတွင်သံဃာတော်များမီးလောင်ဗုံးဆက်ကပ်ခံရခြင်းမှာလည်းထိုလူများလက်ချက်ပင် ။ သူခိုးကလူဟစ်ယခုအခါNLDကြောင်.သာသနာပျက်မလို ပြန်လည်စွပ်စွဲနေကြပြန်၏။ အချို.ကလည်းတသက်လုံးဘာအလုပ်မှတိုင်းပြည်နှင်.လူမျိုးအတွက်မလုပ်ခဲ.ပဲ ယခုမှထ၍ နောက်ငါးနှစ်သူတို.ကိုအုပ်ချုပ်ခွင်.ပြုလျှင်စင်္ကာပူလိုဖြစ်အောင်လုပ်ပြမည်ဟုဆိုပြန်သည် ။ လာဘ်စားသူအစိုးရအရာရှိတစ်ယောက်ကိုအရင်ဆုံးစင်္ကာပူမှာလိုထောင်ချပြသင်.ပါသည် ။ယခုတော. သူတို.စကားကို ယုံသူမရှိပါ ။ ရွေးကောက်ပွဲနီး၍ ဒံပေါက်ကျွေးခြင်း ၊ တနေ.သုံးထောင်ပေးကာ တက်ရောက်စေခြင်း ၊ ကွန်ကရစ်လမ်းခင်းပေးမယ်ဟုမက်လုံးပေးခြင်း ၊ဆိုလာပြားများပေးခြင်း ၊ မှတ်ပုံတင်လုပ်ပေးမည်ဟု မဲဆွယ်ခြင်း ၊ ၀န်ထမ်းများကြိုတင်မဲကိုစုဆောင်းခြင်း ၊ ဆန်.ကျင်ဘက်ပါတီ စည်းရုံးရေးယဉ်တန်းများကိုနှောက်ရှက်ခြင်း ၊ ပြိုင်ဘက်ပါတီကိုယ်စားလှယ်ဆိုင်းဘုတ်များကိုဖျက်ဆီးခြင်း ၊မိမိအဖွဲ.ကိုဝေဖန်ဆန်.ကျင်သူများကိုပုဒ်မအမျိုးမျိုးတပ်၍ဖမ်းဆီးအရေးယူခြင်း ၊ ပြိုင်ဘက်အဖွဲ.ဟောပြောရန်နေရာကောင်းမှန်သမျှသော.ပိတ်ထားခြင်း၊ ပြိုင်ဘက်အဖွဲ. အလွယ်တကူမသွားရောက်နိုင်ရန် ရေကြောင်း။လေကြောင်း လမ်းကြောင်းများ ပိတ်ဆို.ထားခြင်း(ဥပမာကိုကိုးကျွန်း)၊ မိမိအဖွဲ.သားများဥပဒေကိုဖောက်ဖျက်ကျူးလွန်လျှင် လစ်လျှူရှုနေခြင်း ၊ပြိုင်ဘက်ပါတီခေါင်းဆောင်အပေါ်ငယ်ကျိုးငယ်နာပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်ခြင်း စသည်.အပြုအမူများ အရှိန်အဟုန်မြှင်.ကာပေါ်လာနေပြီဖြစ်သည် ။
ထိုအပြုအမူများသည် ပယောဂ၀င်၍ပူးကပ်နေသော ဖုတ်ပြိတ္တာ တစ္ဆေသရဲများကို ဘုန်းတော်ကြီးစသော အထက်လမ်းပုဂ္ဂိုလ်များက ကမ္မ၀ါစသော ဘုရားစာများကိုရွတ်ဖတ်လိုက်သောအခါပူးကပ်သူသည် အသားတဆတ်ဆတ်တုန်လှုပ်လာသဖြင်. ပယောဂမှန်လျင်တုန်ဆင်းလတ္တံ. ဟူသောရှေးစကားနှင်.အညီ ရွေးကောက်ပွဲနီးလာတိုင်း၊နိုင်ငံတိုင်းတွင်ဖြစ်လေ.ရှိသော အာဏာလက်မလွတ်ချင်သူတစု၏ ရှုံးတော.မှာမို.မဲတော.မည်.စရိုက်လက္ခဏာများသာဖြစ်ပါကြောင်း ။

သရ၀ဏ် (ပြည်)

စောင်.ကြည်.ဂျာနယ်
၂၇.၁၀၅


No comments:

Post a Comment