သရ၀ဏ်(ပြည်)
ယခုအခါ ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ(၈)ရက်တွင်ပြုလုပ်ရန်ကြေငြာထားသည်. ရွေးကောက်ပွဲကိုေ၇ွှ.ပြောင်းကျင်းပလျှင်သဘောတူမတူနိုင်ငံရေးပါတီများသို.ခေါ်မေးသည်ဟုသိရပေသည် ။ကြံ.ခိုင်ရေးပါတီနှင်.အခြားပါတီအချို.ကသဘောတူသည်ပြောပြီး NLD ကသဘောမတူကြောင်း နဂိုအတိုင်းသာကျင်းပသင်.ကြောင်းပြောခဲ.သည်ဟု မဇ္ဈိမသတင်းဌာနကဖော်ပြသည် ။ မိမိအဖွဲ. ရှုံးမှာစိုး၍ရွှေ.လာသောအကွက်များဖြစ်လျှင်နိုင်ငံအတွက်မကောင်းပေ ။ အလောင်းတောင်လိုပုံခဲ.သော ၂၀၀၈ နာဂစ်မုန်တိုင်းတိုက်ပြီးကာစ မှာပင် ဆန္ဒခံယူပွဲကို မရွေ.ဆိုင်းပဲမဖြစ်မနေကျင်းပခဲ.သေးရာ ယခုလိုကြီးကြီးမားမားဘာမှ မဖြစ်ကာမှ သဘာဝဘေးအန္တရာယ်ကိုယိုးမယ်ဖွဲ.လာသည်မှာသွေးရိုးသားရိုးမှဟုတ်ရဲ.လားဟုတွေးမိပေသည် ။ညစ်ကွက်ကုန်လာသဖြင်. ပွဲကိုရွှေ.ဆိုင်းချင်သလောဟုတွေးမိပေသည် ။
ဘောလုံးပွဲကြည်.တိုင်းကျွန်တော်သဘောအကျဆုံးမြင်ကွင်းမှာ ပွဲပြီးသောအခါ နိုင်သည်ဖြစ်စေ ၊ သရေကျသည်ဖြစ်စေ ၊ရှုံးသည် ဖြစ်စေ နှစ်ဘက်နည်းပြဆရာ နှစ်ဦး လက်ဆွဲနှုတ်ဆက် ကြသောမြင်ကွင်း၊ ဒိုင်လူကြီးနှင်.ကစားသမားများလက်ဆွဲနှုတ်ဆက်ကြသောမြင်ကွင်းဖြစ်သည် ။ ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေ လူကြီးလူကောင်းပီသစွာ ပြုမူကြခြင်းဖြစ်သည် ။
စာရေးသူ မျက်စေ.ထဲတွင်စွဲထင်နေသည်မှာ UEFA ချန်ပီယံလိဂ် ၂၀၁၁-၂၀၁၂ ဗိုလ်လုပွဲအပြီးမြင်ကွင်းဖြစ်သည် ။ ဗိုလ်လုပွဲတွင် အင်္ဂလန် မှ ချယ်ဆီးအသင်းနှင်. ဂျာမဏီမှ ဘိုင်ယန်မြူးနစ်အသင်းတို.တွေ.ကြသည် ။ ဗိုလ်လုပွဲကျင်းပရာနေရာက ဂျာမနီနိုင်ငံ မြူးနစ်မြို.မှာဖြစ်၍ ဂျာမန်ပရိသတ်များအနေဖြင်.ကိုယ်.နိုင်ငံ ကိုယ်.ကွင်းမှာ ကစားရခြင်းဖြစ်သည် ။ သို.သော် မျှော်လင်.ထားသလို အိမ်ရှင်ကအသာစီးမရပဲ အချိန်ပို ပြီးသည်အထိ တစ်ဂိုး စီသရေကျနေသဖြင်. ပယ်နယ်တီ ကန်သွင်းရာ ဧည်.သည် ချယ်ဆီးအသင်းကအနိုင်ရရှိသွားသည် ။ အင်္ဂလန်မှ လိုက်လာကြသော ချယ်ဆီးပရိသတ်များသည် အော်ဟစ်ဆူညံကာ ကွင်းအတွင်းအောင်ပွဲခံကြသည် ။ ဘိုင်ယန်မြူးနစ်ဘောလုံးသမားများသည် မျက်ရည်ဝဲသူက၀ဲ ၊ ခေါင်းငိုက်စိုက်ချသူကချ ။ခြေပစ်လက်ပစ် ထိုင်သူကထိုင်ဖြင်.စိတ်ပျက် အားငယ်နေကြသည် ။ ဆုပေးပွဲကျင်းပတော. ချယ်ဆီးပရိတ်သတ် သည်သီချင်းများဆိုကာ ပိုမိုအောင်ပွဲခံလာကြသည် ။ တကယ်တော.ချယ်ဆီးပရိတ်သတ်မှာ အိမ်ရှင် ဘိုင်ယန်မြူးနစ်ပရိသတ်နှင်.စာလျင်လူနည်းစုဖြစ်သည် ။ ဘိုင်ယန်မြူးနစ်ပရိသတ်များသောင်းကျန်းလျင် (ရှုံးမဲမဲလျင်) လုံခြုံရေးယူထားသောရဲများရှိစေကာမူ ချယ်ဆီးပရိတ်သတ် အတော်ကို အထိနာမည်ဖြစ်သည် ။
ဤတွင် လေးစားလောက်ဖွယ် နိုင်ငံကြီးသားစိတ်ဓါတ်ကို တွေ.ရသည် ။ ဘိုင်ယန်မြူးနစ်ပရိသတ်သည် သူတို.အသင်းပထမဆုမရသော်လည်းကွင်.ထဲမှာ ငြိမ်ပြီး ဆုပေးပွဲကိုကြည်.နေသည် ။ ဘယ်သူကမှ ဆဲတာဆိုတာ ၊ ရေသန်.ဗူးဖြင်.ပေါက်တာ ၊ ခဲဖြင်.ထုတာ ရုန်းရင်းဆန်ခတ်လုပ်တာ ကိုမတွေ.ရ ။ လူယဉ်ကျေးတို.ထုံးကိုနှလုံးမူကာ အရှုံးကိုလက်ခံခဲ.ကြသည် ။ ပျော်နေသော ပြိုင်ဘက်ပရိသတ်ကိုနားလည်ပေးခဲ.ကြသည် ။ ချန်ပီယံလိဂ် ဆုဖလားကြီးကိုငေးကြည်.နေသော ဘိုင်ယန်မြူးနစ်ဘောလုံးသမား ရီဘာရီ၏ မျက်ဝန်းများမှာတော. သနားစဖွယ်ဖြစ်သည် ။ သူတို.အတွက် အရှုံးမှာ ခါးသီးလှသည် ။သို.သော် အရုံးကိုလက်ခံတတ်သော ပရိသတ်နှင်.ဘောလုံးသမား လေးငါးသောင်း၏စိတ်ဓါတ်မှာ အံ.သြချီးကျူးဖွယ်ဖြစ်သည် ။ သူတို.၏ ဇွဲသတ္တိနှင်.ကြိုးစားမှုကြောင်. ထိုနှစ်က ဆုမရသော်လည်း နောက်တစ်နှစ် (၂၀၁၂-၂၀၁၃ )ဘောလုံးရာသီတွင်တော. အကြိမ်ကြိမ်တေ.လွဲလွဲခဲ.သော ဥရောပချန်ပီယံလိဂ်ဆုဖလားကို ဘိုင်ယန်မြူးနစ်အသင်းသည် ဒေါ.မွန်ကို နှစ်ဂိုးတစ်ဂိုးဖြင်.နိုင်ကာ လက်ဝယ်ပိုင်ပိုင်ရယူနိုင်ခဲ.ပြီဖြစ်သည် ။
စာရေးသူတို.နိုင်ငံတွင် ကမ္ဘာ.ဖလား အာရှဇုန် ခြေစစ်ပွဲကို အိမ်ကွင်းအဝေးကွင်းစနစ်အရ အိုမန်အသင်းနှင်.ရန်ကုန် တွင်ကစားသည် ။ မျှော်လင်.ထားသည်.အနိုင်ရလာဒ် မရသောအခါ ပွဲမပြီးမီမှာပင် မြန်မာပရိသတ်သောင်းကျန်းတော.သည် ။ အရှုံးကိုလက်မခံနိုင်သောပရိသတ်များသည် ကွင်းထဲသို. ဖိနပ်များ ၊ ထီးများ ၊ရေဘူးများ ၊ အခြားရရာပစ္စည်းများဖြင်.ပစ်ပေါက်တိုက်ခိုက်တော.သည် ။ ထိုလုပ်ရပ်၏ရလာဒ်အဖြစ် အိုမန်အသင်းကဆက်လက်ကစားရန်ငြင်းဆိုပြီး ၊ အာရှဘောလုံးအဖွဲ.ချုပ်ကလည်း မြန်မာအသင်းကို ပွဲပါယ်ပြစ်ဒဏ်အပြင် ဆက်လက်မကစားပဲရပ်ခဲ.သောပွဲကိုလည်း တစ်ဖက်အသင်းအားအနိုင်ပေးခဲ.သည် ။ အမှန်စင်စစ်မှာကား အရှုံးကိုလက်မခံနိုင်သော မရင်.ကျက်သည်.စိတ်ကြောင်. မည်သူ.မှာမှ အကျိုးမရှိပဲတိုင်းပြည်နှင်.လူမျိုး မျက်နှာပျက်ခဲ.ရခြင်းဖြစ်သည် ။ စင်စစ်သော်ကား အားကစားတွင် ဖြစ်စေ၊ နိုင်ငံရေးတွင်ဖြစ်စေ၊ ပညာရေးတွင်ဖြစ်စေ အနိုင်အရှုံးဆိုသည် မှာ တလှည်.စီတွေ.နေဦးမည်. ရလာဒ်များဖြစ်သည် ။ မည်သူမဆိုနိုင်ချင်သည်ဖြစ်သော်လည်း ရှုံးနိမ်.လာခဲ.ပါက ကုနြေ္ဒမပျက် လက်ခံတတ်ရပေမည် ။
စာမေးပွဲ အောင်စာရင်းထွက်သောအခါ တွေ.ရလေ.ရှိသည်မှာ သားသမီးစာမေးပွဲကျရှုံးသည် ကို လက်မခံနိုင်သော (အရှုံးကိုလက်မခံနိုင်သော ) မိဘများ၏ ကိုယ်ထိလက်ရောက်ရိုက်နှက်ဆုံးမမှုမြင်ကွင်းများပင်ဖြစ်သည် ။ ကျွန်တော်သည် စာမေးပွဲကျဖူးသော်လည်း ကျွန်တော်.မိဘများကတစ်ကြိမ်တစ်ခါမှ ရိုက်နှက် မဆုံးမဖူးပါ ။ ထို.ကြောင်.ကျွန်တော်တို.မောင်နှမများသည် သိပ်ပြီးစိတ်ဖိစီးမှုမရှိလိုက်ပဲ ဘွဲ.ရပညာတတ်များဖြစ်ခဲ.ကြပါသည် ။ ကျွန်တော်.တွင်သားနှစ်ယောက်ရှိရာ အကယ်၍ ရှုံးနိမ်.ခဲ.ပါကလည်း ရိုက်နှက်ဆုံးမရန်အစီအစဉ်မရှိပါ ။ လူတစ်ယောက် အဖွဲ.တစ်ခုရှုံးနိမ်.သောအခါ သူများကိုအပြစ်တင်တာထက် တာဝန်ရှိသူက မိမိကိုယ်ကိုယ်ဝေဖန်ဖို.လိုမည်ဖြစ်သည် ။ သားသမီးစာမေးပွဲကျခြင်း၌ အဓိကတာဝန်ရှိသူမှာ မိဘဖြစ်သည် ။ သူတို.တက်ချင်သော ကျူရှင် မတက်ရ၍ကျသလော ၊သူတို. ကျက်လိုသော အထူးထုတ်စာအုပ်ကို ၀ယ်မပေးနိုင်၍ ကျသလော ၊ ကျန်းမာရေးချူချာ၍ကျသလော ၊ ကံမကောင်း၍ ကျသလော ၊ ဥာဏ်မကောင်း၍ ကျသလောဆိုသည်များကိုမိဘကပြန်လည်ဆန်းစစ်ရပေမည် ။ ဤကမ္ဘာပေါ်၌ ရိုက်နှက်နှိပ်စက်၍ ထူးချွန်လာသော ပညာရှင်များမရှိပေ ။ အခါအခွင်.မသင်.၍ ရှုံးခဲ.သော်မှ မိဘက ထိုအရှုံးကို နားလည်လက်ခံတတ်ဖို.လိုပေသည် ။
နိုင်ငံရေးတွင်လည်းထိုနည်းနှင်နှင်ဖြစ်သည် ။ ရွေးကောက်ပွဲလုပ်ကြသောအခါ ပါဝင်ယှဉ်ပြိုင်ကြသောအဖွဲ.အစည်းအသီးသီးသည် မိမိတို. အဖွဲ.အစည်း၊ကိုယ်စားလှယ်များကိုနိုင်စေချင်သည် ။ မိမိတို.ရှုံးပြီး အခြားအဖွဲ.ကအောင်ပွဲခံသောအခါ သဘောထားမကြီးနိုင်ကြတော.ပေ ။ ရှုံးသူကနိုင်သူကိုလက်ဆွဲနှုတ်ဆက်ဖို. ၊ ချီးမွန်းဂုဏ်ပြုဖို.ဝေးစွ မျက်နှာပင် မကြည်.ချင် ၊ နာမည်သော်မျှ မကြားချင်ဟူသောဖြစ်ရပ်များမှာ မြန်မာမှာရော ကမ္ဘာမှာရောဖြစ်နေပေသည် ။ သို.သော် ဤ ကိစ္စမျိုးတွင် အရှုံးကိုလက်ခံတတ်သော စိတ်ဓါတ်၌ ယျေဘုယျ အားဖြင်. ဥရောပ ၊အမေရိက စသော အနောက်တိုင်းနိုင်ငံများက အာရှနှင်.အာဖရိကနိုင်ငံများထက် သာပေသည် ။ အဆိုးဆုံးကား အာဖရိကနိုင်ငံများဖြစ်သည် ။ ရှူံးသူနှင်.နိုင်သူ သွေးချောင်းစီးအောင်သတ်ဖြတ်ပြီး ပြည်တွင်းစစ်ဖြစ်ကာဒုက္ခပင်လယ်ဝေနေသောနိုင်ငံများလဲမနည်းပေ ။
မြန်မာနိုင်ငံတွင်လည်း အနီးစပ်ဆုံးသမိုင်းကိုပြန်ကြည်.လျင် ၁၉၉၀ ရွေးကောက်ပွဲ ကိုတွေ.နိုင်လေသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်က မဲအပြတ်အသတ်အနိုင်ရသောအခါ ဒိုင်လူကြီးနေရာမှနေပါသည်ဆိုသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ.(န၀တ)အစိုးရသည် သူတို.ကျောထောက်နောက်ခံပြုထားသော အဖွဲ.အစည်း၏ ရှုံးနိမ်.မှုကိုလက်မခံနိုင်ခဲ.ပေ ။ အာဏာလွှဲပေးရန်အကြောင်းအမျိုးမျိုးပြကာငြင်းဆိုပြီး အနိုင်ရပါတီကိုအမျိုးမျိုး ဖိနှိပ်၍ အဆုံးစွန်အထိ ခြေမှုန်းဖို.ကြိုးစားခဲ.သဖြင်. ကျော်မကောင်း ကြားမကောင်းများဖြစ်ကာ မြန်မာ.နိုင်ငံရေးသည် ရွှေပြည်တော်မျှော်တိုင်းဝေးခဲ. ကာ ၂၂နှစ် ခန်.မလိုအပ်ပဲဇာတ်မျောကြီးဖြစ်နေရပေသည် ။မြန်မာပြည်တွင်ရွေးကောက်ပွဲ၌ ပါတီတစ်ခုမဲနိုင်သောအခါ အခြားပြိုင်ဘက်ပါတီများက ချီးမွမ်းပြောကြားခြင်းမရှိကြတာလည်းအံ.သြဖို.ကောင်းလေသည် ။ တချို.ဆိုလျင် ချီးမွမ်းဖို.နေနေသာသာ အပနာမစကားပင်ပြောလိုက်ကြသေးသည် ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွတွင် NLD အပြတ်အသတ်နိုင်သောအခါမြိုင်ဘက်များထံမှ မုဒိတာစကားသံကိုမကြားရပေ ။ယခုအခါ ၂၀၁၅ ရွေးကောက်ပွဲနီးလာလေပြီ ။နိုင်သူကိုရှုံးသူကမုဒိတာပွားကြဖို.လိုပါသည်။ အမေရိကန် သမ္မတရွေးကောက်ပွဲ ၊ အင်္ဂလန်နိုင်ငံ၏ ပါလီမန်အထွေထွေရွေးကောက်ပွဲများတွင် ရှုံးသော ခေါင်းဆောင်က အရွေးအချယ်ခံရသော နိုင်သောခေါင်းဆောင် ထံသို.တယ်လီဖုန်းဆက်ကာချီးကျူးဂုဏ်ပြုစကားပြောကြား ကြပုံမှာ အလွန် တရာမှ ချီးကျူးထိုက်သော ယဉ်ကျေးမှုဖြစ်သည် ။ ရှုံးသူမှာ နိုင်သူအား ထိုသို. ဖုန်းဆက် ချီးကျူးလိုက်ခြင်းကြောင်. ဂုဏ်မပျက်ရုံမက သမာသမတ်ရှိသောလူတစ်ယောက် အဖြစ် လူ.အသိုင်းအ၀ိုင်းက အထင်အမြင်ကြီးကြပေလိမ်.မည် ။ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဂျွန်မက်ကိန်းသည် လက်ရှိသမ္မတ ဘားရက် အိုဘားမားနှင်. အကြိတ်အနယ် ယှဉ်ပြိုင်အရွေးခံခဲ.သော်လည်း ရွေးကောက်ပွဲတွင် သူရှုံးနိမ်.သွားသောအခါ အနိုင်ရသူ သမ္မတအိုဘားမားအား ဖုန်းဆက်ချီးကျူးခဲ.ရုံသာမက
“ အခုအခါမှာ သူဟာ ကျွန်တော် တို.ရဲ.သမ္မတကြီး ဖြစ်သွားပါပြီ “ ဟူသော သမိုင်းဝင်စကားကိုပြောကြားခဲ.ပါသည် ။
ယခုအခါ မြန်မာနိုင်ငံတွင်၊၂၀၁၅ နှစ်ကုန်ပိုင်း၌် အထွေထွေရွေးကောက်ပွဲကြီးလာပေတော.မည် ။အားကစား ပြိုင်ပွဲများ ၊ ရွေးကောက်ပွဲများထုံးစံအတိုင်း မိမိနိုင်စေချင်သော ၊မိမိအားပေးသော အသင်း အဖွဲ. နိုင်သည်လဲရှိမည် ၊ ရှုံးသည်လဲရှိပေမည် ။ ထိုအခါနိုင်သောအခါ ပျော်ကြပါ ။ အောင်ပွဲခံကြပါ ။ အကယ်၍ ကိုယ်.အသင်း ၊ ကိုယ်.အဖွဲ.ရှုံးနိမ်.ခဲ.ပါလျင်လည်း တစ်ဖက်အသင်း တစ်ဖက်အဖွဲ.၏ အောင်မြင်မှု ပျော်ရွှင်မှု အောင်ပွဲခံမှုတို.ကို စာနာနားလည်ပေးပြီး ယဉ်ကျေးမှုအဆင်.ရှိသောလူမျိုးတစ်မျိုးအဖြစ် အရှုံးကိုလက်ခံတတ်သောယဉ်ကျေးမှုထွန်းကားအောင် လိုက်နာကျင်.သုံးကြပါဟုတိုက်တွန်းလိုက်ရပေသည် ။
သရ၀ဏ်(ပြည်)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment