ပြည် အောက်တိုဘာ ၁၄
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ဒုတိယသက်တမ်း အထွေထွေရွေးကောက်ပွဲကြီးမှာ ပဲခူးတိုင်း အတွင်းမှ ဒေသအချို့မှာ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ နှင့် သတင်းမီဒီယာတွေ၊မရှိသောကြောင့်၊ဒေသခံတွေက စိုးရိမ်ပှုပန်နေကြကြောင်းသိရသည်။
“တစုံတရာမဲမသာမှုတွေဖြစ်လာတယ်ဆိုရင်၊မဲရုံ့ထဲလဲဝင်ကြည့်လို့မရဘူး။မီဒီယာတွေစောင့်ကြည့်ရေးအဖွဲ့တွေလိုအပ်ပါတယ်။” ဟု ရွှေတောင်မြို့နယ် ကျီးသဲတိုက်နယ် ကိုမျိုးနိုင်ထွန်းကပြောသည်။
“အခုထိတော့စောင့်ကြည့်ရေးအဖွဲ့တွေ ဘာမှမကြားရသေးဘူး၊ပါတီဝင်တွေအနေနဲ့လဲ၊၀င်ကြည့်ဖို့က သူတို့မှာ ကန့်သတ်ချက်တွေရှိနေတယ်၊ပြည်သူတွေအနေနဲ့လဲ သူတို့ချထားတဲ့ ဥပဒေတွေအရ ၀င်လို့မရနိုင်ဘူး၊အဲဒါကြောင့်၊စောင့်ကြည့်ရေးအဖွဲ့တွေ မီဒီယာတွေ လိုအပ်ပါတယ်။” ဟု ရွှေတောင်မြို့နယ် သရက်သုံးပင်ကျေးရွာအုပ်စု ကိုဇော်ဇော်ထွန်းကပြောသည်။
“အမှန်ဆို စောင့်ကြည့်ရေးအဖွဲ့တွေကို နိုင်ငံရေးပါတီတွေက အားပေးကူညီသင့်တယ်။ကျွန်တော်တို့တိုင်းပြည်က ဒီမိုကရေစီနုနယ်သေးတဲ့အခြေအနေမှာရှိတာကြောင့် ပါတီတွေကို ကိုယ့်ပါတီ အနိုင်ရဖို့လောက်ပဲစိတ်ထဲမှာရှိကြတယ်၊အရေးကြီးတဲ့နေရာတွေမှာ စောင့်ကြည့်ရေးတယောက်မှမရှိဘူး၊မိဒီယာလဲမရှိတော့ အဲဒိနေရာတွေမှာ သမာသမတ်ကျ မှ ကျပါ့မလားဆိုပြီး စိုးရိမ်တယ်။” ဟု ရွေးကောက်ပွဲစောင့်ကြည့်ရေး ဦးကျော်ဆန်း(နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့) ကပြောသည်။
“စောင့်ကြည့်ရေးအဖွဲ့တွေ အခုထိ ခွင့်ပြုမိန့်လာတင်တာအားနည်းနေသေးတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ဖို့အတွက် စည်းမျဉ်းစည်းကမ်းဥပဒေတွေတော့ထုပ်ပြန်ထားပြီးလဲဖြစ်ပါတယ်၊လာမတင်ကြတာကတော့။ရက်လိုသေးလို့ လို့ထင်ပါတယ်။” ဟု ပြည်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကျော်ညွှန့်ကပြောသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်မှာမြို့နယ်(၆)ခုရှိပြီး၊မဲပေးနိုင်သူ(၆၅၀၀၂၈)ယောက်ရှိကာ။မဲရုံပေါင်း၊(၉၄၃)ရုံ၊ရှိပါတယ်၊တချို့မြို့နယ်တွေက၊သွားလာရန်ခက်ခဲတဲ့ဒေသတွေဖြစ်တာကြောင့်၊စောင့်ကြည့်လေ့လာသူတွေ၊သတင်းမီဒီယာတွေ မရောက်နိုင်တာကြောင့်၊အဆိုပါ ဒေသတွေက၊စိုးရိမ်နေကြကြောင်းသိရသည်။ ၊ပြည်ခရိုင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊GW, Pace.သံလွင်ခက်နှင့်ပူးပေါင်းအဖွဲ့၊ဖန်တီးအိမ်၊စသည့်အဖွဲ့တွေက စောင့်ကြည့်အင်အား(၂၁၅)ယာက်တို့ရှိကြောင်းစုံစမ်းသိခဲ့ရပြီး ယနေ့အထိတော့၊ပြည်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်းရုံးကို လျှောက်လွှာလာတင်သည့် အဖွဲ့တွေမရှိသေးကြောင်းသိရသည်။
K3(pyay)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment