Monday, October 5, 2015

မောင်ထွေးမဖြေနိုင်သောပုစ္ဆာ



သရ၀ဏ်(ပြည်)

နေညိုလေပြီ ။ သီတင်းကျွတ်လပြည်.နေ.၏ဆည်းဆာသည် ရောင်စုံတိမ်တိုက်များနှင်.လန်းဆန်းတောက်ပနေလွန်းသည် ။ အဘိုးအိုသည်သစ်ပင်ရေလောင်းခြင်းကိုလက်စသပ်ကာ ပက်လက်ကုလားထိုင်တွင်ထိုင်ရင်း ယနေ.ညနေခင်းကို မည်ကဲ.သို.ကုန်လွန်စေမည်နည်းဟုစဉ်းစားနေ၏ ။ လွန်ခဲ.သောနှစ်ပေါင်းနှစ်ထောင်.ငါးရာငါးဆယ်.ကိုးနှစ်ခန်.လောက်ကဆိုလျှင် ယခုလိုအချိန်မျိုး၌ သိင်္ကဿနဂိုရ်ပြည်သည် ဘုရားရှင်ကိုကြိုဆိုသူပရိသတ်အပေါင်းဖြင်.သဲသဲရုတ်ရုတ်စည်ကားရှုပ်ထွေး ၍နေပေလိမ်.မည် ဟုသူစဉ်းစားနေမိသည် ။ ယခုမူကလေးများ၏မီးရှူးမီးပန်းလွှတ်သံ ၊ ဗျောက်အိုးဖောက်သံအချို.မှလွဲ၍အဘိုးအို၏ပါတ်ဝန်းကျင်သည်အေးစက်တိတ်ဆိတ်နေ၏ ။အရှေ.ဘက်မိုးကုပ်စက်ဝိုင်းအထက်ဆီမှ အိပ်တန်းပျံငှက်ကလေးများ၏မပီဝိုးတ၀ါးသဏ္ဍန်ကို လင်းလက်စကြယ်ပွင်.အချို.နှင်.ရော၍ မြင်ရ၏ ။ အလင်းရောင်ရှိနေသေးသဖြင်.ကြယ်ပွင်.တချို.မှာခဏသာကိုယ်ဟန်ပြရပြီးဖျပ်ကနဲပျောက်ကွယ်သွားပြန်သည် ။ သင်းကွဲငှက်များ ၊ ကြယ်တာရာများ ၊ သာယာသောညနေခင်းများ ၊ လောကအလည်တွင်သိက္ခာရှိစွာဖြင်. ဖြူဖြူစင်စင် နေထိုင်ခဲ.သောကာလများ ။ အဘိုးအိုသည် ပါတ်ဝန်းကျင်၏ဆွဲဆောင်မှုနောက်ကိုလိုက်ရင်း သူကျင်လည်ခဲ.ဖူးသောနေရာ၊ကာလများဆီသို. စိတ်ကူးတို.မျောလွင်.နေပြန်သည် ။

ထိုစဉ်ကသူသည်အလယ်တန်းကျောင်းဆရာတစ်ဦးဖြစ်သည် ။ သူ.ဘ၀တွင်ချစ်ဇနီးပြီးလျှင် စာအုပ်များနှင်.စာသင်ခန်းများကိုသာ အစွလြမ်းဆုံးဖြစ်ခဲ.သည် ။ သူများတကာတွေငွေစက္ကူတွေတစ်ထပ်ကြီး ကိုင်နေနိုင်ကြချိန် ၊ ကိုင်နိုင်ရန်ကြိုးပန်းနေကြချိန်များတွင်ပင် သူမြေဖြူကိုသာ ရွေးချယ်ခဲ.သည် ။တပည်.များကိုစာသင်ရင်း မြေဖြူခဲတွေတဖြည်းဖြည်းတိုသွားသလို သူလည်းတဖြည်းဖြည်း အိုမင်း၍လာခဲ.သည် ။ ထိုအတွက်မူ ယနေ.ထက်တိုင်နောင်တမရခဲ. ။ လူတစ်ယောက်ဟာတစ်သက်မှာတစ်ခါပဲရွေးချယ်ခွင်.ရှိကြတာပါ ။ သဘာဝတရားဟာ ဘယ်သူ.ကိုမှလိုတာထက်ပိုပြီးမေတ္တာလက်ဆောင်ပေးလေ.မရှိဘူးဟု သူယုံကြည်ခဲ.ခြင်းကြောင်.ပင်ဖြစ်သည် ။ သူရွေးချယ်သောလမ်းသည် သူထင်သလိုပင်ခရီးဆုံးခဲ.၏ ။အလယ်တန်းကျောင်းဆရာတစ်ယောက်၏ပင်စင်လစာသည် လူနှစ်ယောက်၏ရှင်သန်နေထိုင်ရေးကိုပြီးပြည်.စုံစွာတာဝန်မယူနိုင်သော်လည်း အစိတ်အပိုင်းအချို.ကိုမူကား ငြမ်းအေးစေခဲ.ပါသည် ။ ဇနီးသည်၏မြော်မြင်သိတတ်မှုသည် သူ.ဘ၀ကိုများစွာအထောက်အကူပြုခဲ.လေသည် ။ ယခုတော.ချစ်ဇနီးလည်းမရှိပြီ ၊တပည်.များနှင်.လည်းဝေးခဲ.ပြီ ။ ပင်စင်ယူပြီးသုံးနှစ်အကြာတွင် သူ.ဇနီးကွယ်လွယ်လေသည် ။ အငြိမ်းစားဆိုသောယောင်ချာချာဘ၀ကြီးသည် သူ.အားနှစ်အတန်ကြာနှိပ်စက်နေခဲ.သေးသည် ။ သက်ပြည်.ပင်စင်ယူပြီးစကာလများတွင် ကျောင်းသွားချိန်၌တိုက်ပုံဝတ်ကာ ကျောင်းသို.မကြာခနသတိမေ.၍ထွက်လာခဲ.ဖူးသည် ။ ကျည်စယ်သောအကြည်.များ ၊ ရယ်သံများကိုထားရစ်ကာ အိမ်သို.လေးလံစွာပြန်လာရသည်.အခါများတွင်တော.အားတင်းထားရင်းကပင်မျက်ရည်က၀ဲချင်သည် ။ လောကကြီးအတွက်ငါဟာလူပိုတစ်ယောက်ဖြစ်သွားပြီလား ။ အစ်ကိုကျောင်းကိုရောက်ခဲ.တယ်ထင်တယ် ဟု သူ.မျက်နှာရိပ်မျက်နှာကဲကိုသိသောဇနီးသည်ကမေးလျင်တော. မညာတတ်သောသူ.အကျင်.အတိုင်း “ အေး “ ဟုအရေးမကြီးဟန်ဆောင်၍ဖြေကာ စာကြည်.စားပွဲထက်မှ တပည်.များနှင်.တွဲရိုက်ထားသောဓါတ်ပုံအချို.ကို ရီဝေစွာငေးကြည်.နေမိတတ်သည် ။

တစ်ခါတစ်ရံအကြောင်းမရှိပဲအကြောင်းရှာ၍ ကျောင်းသို.တစ်နေကုန်သွားထိုင်ကာ တပည်.ဟောင်းများလုပ်ဖော်ကိုင်ဘက် ဆရာ၊ဆရာမများနှင်. ရှေးဟောင်းနှောင်းဖြစ် များကိုအားပါးတရပြောနေရသည်.အခါ များတွင်တော. သူ.ကိုယ်သူပင်စင်ယူထားသည်.ဆရာတစ်ယောက်အဖြစ်ကို မေ.လျော.နေပြန်သည် ။ တပည်.များကိုအမြင်မတော်လျှင်ဝင်ရောက်ကြိမ်းမောင်း၏ ။နားမလည်တာရှိလျှင်ဝင်ရောက်ရှင်းပြ၏ ။ကြာတော.တပည်.များးဆရာများကို ကိုယ်.ဘာသာအားနာလာကာ သူကျောင်းကိုဘယ်တော.မှမသွားဖြစ်တော.ချေ ။ သူအနှစ်သုံးဆယ်နီးပါးကျင်လည်ခဲ.ဖူးသောအလယ်တန်းကျောင်းကလေးကိုမြင်တိုင်း ဘာရယ်ဟုဝေခွဲရခက်သည်. ဝေဒနာများကိုခံစားနေရခြင်းမှာမူ ယနေ.ထက်တိုင်မပျောက်မပျက်ကျန်ရစ်နေဆဲပင်ဖြစ်သည် ။

အနောက်တောင်လေတစ်ချက်ဝေ.သွားသည် ။ အရှေ.ဘက်ကောင်းကင်ပြင်မှ လပြည်.၀န်းကြီးသည် တဖြည်ဖြည်းမြင်.တက်လာ၏ ။ ပထမပုစွန်ဆီရောင် ၊ ထို.နောက်ခဲပုပ်ရောက်နုနု ၊ တဖြည်းဖြည်းနှင်.မြင်.တက်လာသောအခါ အဖြူဘက်သို.လုသော အ၀ါရောင် ။ သစ်ပင်ထိပ်သို.ရောက်ကာနီးသောအခါလသည် တဖြည်းဖြည်းရွှန်းလက်တောက်ပလာကာ နောက်ဆုံး၌ဖွေးဖွေးဖြူသော ဘော်ငွေရောင် ဖြင်.အစွမ်းကုန်လှပနေတော.သည် ။ သြော် ….ယနေ.သည် သီတင်းကျွန်လပြည်.ညပါတကား ။ အဘိုးအိုသည်ရုတ်တရက်သတိရသွားကာ အိမ်ပုလေးဆီသို.ပြန်သွားပြီး မှန်အိမ်ကိုမီးထွန်းလိုက်၏ ။ထင်းရူးပုံးအစုတ်ကလေးပေါ်၌တင်ထားသော ဖယောင်းတိုင်သုံးတိုင်ကိုယူကာ ဘုရားကျောင်းဆောင်အဖြစ်သတ်မှတ်ထားသည်. ထပ်ခိုးလေးရှေ.တွင် ထွန်းညှိကာ မြတ်စွာဘုရားအား ပူဇော်၏ ။

အိမ်ရှေ.ကွက်လပ်သို.အဘိုးအိုပြန်ထွက်လာသောအခါ ပါတ်ဝန်းကျင်သည်ယခင်ကထက် အနည်းငယ်စည်ကားလာသည် ။ သီချင်းသံများကိုဟိုမှသည်မှကြားရ၏ ။ဝတ်ကောင်းစားလှဝတ်ဆင်ထားသောလူငယ်အချို. အိမ်ရှေ.မှရယ်မောကျော်ဖြတ်သွားကြ၏ ။တစ်ချို.ကမိသားစုလိုက် အထုပ်အပိုးအချို.ကိုကိုင်၍ သွားလာနေကြသည် ။ အိမ်ထောင်ကျကာစ ငယ်ရွယ်သောလင်မယားတို.၏ မိဘများသို.ကန်တော.ရန်သွားရောက်သောခရီး ဖြစ်မည်ထင်သည် ။မိမိအိမ်ထောင်သက်တစ်လျှောက်လုံး နှစ်စဉ် မိဘများသို.လင်မယားနှစ်ယောက်အတူ သွားရောက်ကန်တော.ခဲ.သည်များကိုအမှတ်ရလာ၏ ။ ယခုတော.အရာရာကား ပြောင်းလဲခဲ.ပြီ ။သူကန်တော.ခဲ.သောပုဂ္ဂိုလ်များနှင်.သူ.ဇနီးသည် လူ.လောက၌မရှိပြီ ။သူလည်းလူအိုကြီးတစ်ယောက်အဖြစ်သို.ပြောင်းလဲလာခဲ.သည် ။ တကယ်ဆိုယခုလိုနေ.မျိုးသည် သူ.ကိုလာရောက်ကန်တော.သူများနှင်.သူ.အိမ်ကလေး၌အထူးပင်စည်ကား နေဖို.ကောင်းသည် ။သို.သော်သူ.၌ဆွေမျိုးညာတိဟူ၍မရှိသလောက်နည်ပါးလှသည် ။သားသမီးတစ်ယောက်မှမခွန်းကားခဲ.သောသူ.၌ဆွေနီးမျိုးရင်းဆို၍ တော၌ဘုန်းကြီးဝတ်နေသောတူဝမ်းကွဲတစ်ယောက်သာရေးတေးတေးရှိ၏ ။နောက်ဆုံး၌ ဤအိမ်အိုကလေးနှင်.သူသာ လောကဓံမုန်တိုင်းများအစဲတွင် ရပ်တည်ကျန်ရစ်ခဲ.ကြလေသည် ။

ဆုပေးသံသဲ.သဲ.ကိုကြားရ၏ ။ ရုတ်တရက်ရယ်မောသံ များကိုထပ်မံကြားရ၏ ။ အဘိုးအိုသည် သူ.အိမ်ဘေးမှနှစ်ထပ်တိုက်ကလေးကိုအမှတ်တမဲ.လှမ်းကြည်.လိုက်သည် ။ “ ဂုဏ်ထူးနည်းပြ “ ဟုနာမည်ကျော်သော ကျူရှင်ဆရာလေး၏တိုက်ထဲတွင် လာရောက်ကန်တော.သောကျောင်းသားလူငယ်များဖြင်. ကျွက်ကျွက်ညံနေ၏ ။ထိုကျူရှင်ဆရာလေး မှာ အလွန်စကားပြောကောင်းသည်ဟုနာမည်ကျော်၏ ။ ယခုလည်းထိုဆရာကစကားတစ်ခွန်းပြောလိုက်တိုင်း တပည်.များက တအုန်းအုန်းပွဲကျ နေသည်ကိုပြတင်းပေါက်မှတဆင်.မြင်နေရသည် ။ အင်း……သူ.တုန်းကဆိုလျှင် ကျောင်းသားအားလုံးကရဲရဲပင်မကြည်.၀ံ.ချေ ။ လူကိုမှတ်မိခင်မင်သွားလျှင်စာမေးခံရမည်ကိုကြောက်၍ သူ.ကိုကွေ.ပါတ်ရှောင်ခဲ.ကြသည်များကို သူသတိရလာသည် ။ ထို.နောက် …ကျောင်းသားအများ အပြားစုဝေးရောက်ရှိနေသော ခန်းမကြီးတစ်ခု၏ သဏ္ဍန်က သူ.စိတ်ထဲတွင်ပေါ်လာပြန်သည် ။ ဘယ်နှစ်ကြိမ်မြောက်ဟုမမှတ်မိတော.သော အာစရိယပူဇော်ပွဲ ။တပည်.များစုရုံးကန်တော.နေကြသည်များကို လွမ်းဆွတ်စွာမှတ်မိနေသေးသည် ။ တပည်.တွေ ၊တပည်.တွေ ၊ ဘယ်ဆီမှာရောက်ကုန်ကြပြီလဲကွာ ။ တပည်.ဟောင်းများကို လွမ်းဆွတ်သောဝေဒနာသည် နှလုံးသားကိုမျာစွာနာကျင်စေပြန်သည် ။ ဆရာဟာမင်းတို.ကိုစကားလုံးတွေလက်ဆောင်မပေးလိုက်နိုင်ခဲ.ဘူး ။ ဒါပေမယ်. မတတ်တဲ.သူကိုတတ်အောင် ….၊ တတ်ပြီးသားကိုပိုတော်လာအောင် ဆရာအပါတ်တကုပ်အားထုတ်ခဲ.တယ်ဆိုတာတော.မင်းတို.မှတ်မိမှာပါ ။ စာသင်နေ.တစ်နေ.ကို သူမတ်မိနေသေး၏ ။ ထိုနေ.ကသူအအေမိနေခဲ.သဖြင်. ခွင်.ယူရန် အမျိုးသမီးက ပြော သည်.ကြားမှ ကိစ္စမရှိပါဘူးဟုဆိုကာ ကျောင်းသို.သူထွက်လာခဲ.၏ ။ သူ.စာသင်ချိန်တွင် အရေးကြီးသော သင်ခန်းစာတစ်ခုကို အားရပါးရ သင်ပြပေးနေ၏ ။ ထိုစဉ်ကမကြာခန လည်း ၊ချောင်းဆိုး နေသေးသည် ။ တစ်ကြိမ်တွင် သင်ပုန်းကိုဖျက်လိုက်ပြီး ရှင်းပြချင်ဇောနှင်. စကားစလိုက်စဉ် လည်ချောင်းတွင်းသို. သင်ပုန်းမှလွင်.လာသောမြေဖြူမှုန်.များ ရုတ်တရက်သီးဝင်သွားကာ ဘာသံမှထွက်မလာတော.ပဲ သူ.မျက်ဝန်းမှမျက်ရည်ပူများသာ ကျဆင်းလာ၏။ ထို.နောက်သူ.လည်ချောင်းတလျှောက်မကြာခနယားယံလာသောရောဂါကိုဆေးမျိုးစုံဖြင်.အတန်ကြာတိုက်ဖျက်ခဲ.ရသေးသည် ။ထိုအဖြစ်သည်ကျောင်းသားမိဘများအလည်တွင်ပြောစမှတ်တစ်ခုအဖြစ်တွင်ကျန်ရစ်၏ ။

အဘိုးအိုသည် စာသင်ရက်များအကြောင်းစဉ်းစားနေရာမှ ဤညအတွက် သူ.တွင်တစ်စုံတစ်ခုလိုအပ်နေသေးကြောင်း ရုတ်တရက်တွေးမိသွား၏ ။ သူ.တွင်နေ.စဉ် ထမင်းစားရန်လည်းရှိသည် ။ သုံးစွဲရန်လည်းအသင်.အတင်.တော.ရှိသည် ။ ဤသို.ဆိုလျှင် ပြီးပြည်.စုံပြီးဖြစလျက်ဘာကိုတောင်.တနေသနည်း ။ လူတစ်ယောက်၏ဘ၀သည် စားရန်၊နေရန် ၊ မပူပင်ရရုံဖြင်.ပြီးပြည်.စုံပါပြီလား ။ ရုပ်ပိုင်းဆိုင်ရာမှအပဖြစ်သော ဂုဏ်သိက္ခာ ၊ရိုသေလေးစားခံရခြင်း ၊ စသည်တို.သည်လည်းမလိုအပ်တော.ပြီလော ။ ဘယ်သူတစ်ဦးတစ်ယောက်၏ဂါရ၀ပြုခြင်းကိုမခံရသည်. လူကြီးတစ်ယောက်၏ဘ၀ ၊ အထူးသဖြင်.တပည်.ပေါင်းများစွာကို မွေးထုတ်ပေးနေခဲ.ဖူးသောကျောင်းဆ၇ာဟောင်းကြီးတစ်ယောက်၏ ကိုင်းညွှတ်မည်.သူဆိတ်သုဉ်းသည်.ဘ၀သည် ဘယ်လောက်များရှက်ရွံ.၀မ်းနည်းဖွယ်ကောင်းလိုက်သနည်း ။ အဘိုးအိုသည်တစ်ကိုယ်တည်းတွေးရင်းအားငယ်လာ၏ ။ မဟုတ်သေးပါဘူး ၊ ဒီကိစ္စမျိုးဆိုတာ မမျှော်လင်.ကောင်းပါဘူး ။ သူတို.သိတတ်ရင် လာကြလိမ်.မှာပေါ. ။

အဘိုးအို၏ အတွေးသည် ခြံဝသို.တိုးဝင်လာသော ကားမီးရောင် ကြောင်းအာရုံပြောင်းလဲသွား၏ ။ကားမီးမှိတ်သွားပြီးကားစက်သတ်သံ ၊ ကားတံခါးပိတ်သံတို.ကိုဆက်၍ကြားရ၏ ။ သူ.ခြံဝင်းဝသို.ဦးတည်လျှောက်လှမ်းလာသောလူတစ်ယောက်ကို လရောင်အောက်တွင်ခပ်ပျပျမြင်ရ၏။ ထိုလူကလက်ထဲတွင်အထုပ်ကြီးကြီးတစ်ခုကို ကြိုးဖြင်.တွဲလောင်းဆွဲလာ၏ ။ လမ်းမီးတိုင်အောက်မှထိုလူဖြတ်လျှောက်လိုက်သောအခါ အဘိုးအိုသည်ဝမ်းသာလွန်းသဖြင်.ထိုင်ရမလို ထရမလိုဖြစ်နေပြန်သည် ။ မကြာမီကပေါ်ပေါက်ခဲ.သောအားငယ်ဖွယ်အတွေးတို.သည် ဘာမှအဓိပ္ဖါယ်မရှိကြောင်း သူသဘောပေါက်သွား၏ ။ သိတတ်မှုရှိသောတပည်.ရင်းတစ်ယောက်သည် သူ.ထံသို.ရောက်ရှိ၍လာချေပြီ ။ ငယ်ရုပ်နည်းနည်းပျောက်သွားသော်လည်း သူ.အတန်းတွင်သတ္တမတန်းပညာသင်နှစ် တစ်နှစ်လုံး နေ.စဉ်လိုတွေ.ဆုံနေခဲ.ရ၍ထိုတပည်.ကိုသူကောင်းစွာမှတ်မိနေသည် ။ထိုကျောင်းသားဆယ်တန်းအောင်တော. ဂုဏ်ထူးလေးခုလောက်ရသွားသေးသည် ။ ဆေးတက္ကသိုလ်ရောက်သွားလား ၊ စက်မှုတက္ကသိုလ်ရောက်သွားသလား ကိုမူ သူမမှတ်မိတော. ။သေချာသည်က ထိုကျောင်းသားသည်သူ.တပည်.ဖြစ်ခဲ.ဖူး၏ ။ပြီးတော.စီးပွားရေးအဆင်ပြေနေ၏ ။အဟောဝတ …ကောင်းလေစွ တကား ။ တပည်.ကအိမ်ရှေ.၀င်းတံခါးထိပ်တွင်ရပ်လိုက်၏ ။

“ လာလေ ညီညီနိုင် ၀င်ခဲ. “

“ အော် …နေပါစေဆရာ ..မ၀င်တော.ဘူး …ဟို ….ဂုဏ်ထူးနည်းပြ ဆိုတာ ဒီနားမှာဆိုလို. ဆရာများသိမလားမသိဘူး ၊ သားနဲ.သမီးက အဲဒိမှာတက်တယ်လေ …၊ ကလေးတွေက ဘုရားဖူးသွားနေလို. ကျွန်တော်ပဲသူတို.ကိုယ်စားလာကန်တော.တာ “

အားပြင်းလှသောလက်သီးချက်ပေါင်း များစွာသူ.အရှိုက်ကိုတစ်ပြိုင်တည်း ထိုးနှက်ခံလိုက်ရသည်.ပမာ အဘိုးအိုသည်ရုတ်တရက်လဲပြိုကျတော.မတတ် ဖြစ်သွားသဖြင်. ခြံစည်းရိုးတိုင်ကို တအားဆုပ်ထားရ၏ ။ သူ.နားထင်သို.သွေးများတဒုန်းဒုန်းတိုးလာသည် ။ ဟိုဘက်တိုက်ဟု သူအားတင်း၍ပြောလိုက်သည်ထင်သည် .အဘိုးအိုသည် ငါဘာ.ကြောင်.စောစောမသေခဲ.ပါလိမ်.ဟုသွေးရူးသွေးတန်းတွေးနေ၏ ။ သူ.ဘ၀သက်တန်းတစ်လျှောက် တွင်ရင်ဆိုင်ခဲ.ရဖူးသော ရှုံးနိမ်.ခြင်းများစွာတိုအနက် ယခုအချီသည် အထိအနာဆုံး ပင်ဖြစ်သည် ။ သူ.ဇနီးကွယ်လွန်သွားစဉ်ကနှင်.လည်းမတူ ၊ သူစုဆောင်းထားသောငွေအချို.ကို သူခိုးခိုးခံရစဉ်ကနှင်.လည်းမတူသော စိတ်ချောက်ခြားခြင်းတစ်ရပ်ကို သူပြင်းထန်စွာခံစားနေရသည် ။ အချိန်အနည်းငယ်ကြာလာသောအခါ အံ.အားသင်.ခြင်း ၊ပူလောင်ခြင်း တို.သည် ၀မ်းနည်းခြင်း ၊အားငယ်ခြင်းတို.ဆီသို. တဖြည်းဖြည်းရွေ.လျားလာလေတော.သည်။ ငါလူဖြစ်နေတာဘာအဓိပါယ်ရှိသေးလဲဟုသူ.ကိုယ်သူအဖန်ဖန်မေးနေမိသည် ။ သူ.ဘ၀သည်အလုပ်ရှုပ်နေသောပုရွက်ဆိတ်တစ်ကောင်လောက်ပင် တန်ဖိုးမရှိတော.ပြီလော ။ စိတ်ဆန္ဒတို.အကောင်အထည်ပေါ်မလာခြင်းသည် ဒုက္ခပါတကား ။ဗုဒ္စရှင်တော်မြတ်ဘုရား၏ ဒုက္ခသည်သာအမှန်တရားဟူသောဓမ္မကိုသူကြားယောင်လာပြန်သည် ။ ဒုက္ခတွေကိုယာယီချုပ်ငြိမ်းစေရန်မှာ စိတ်ကိုမပျံ.လွင်.အောင်စုစည်းမှဖြစ်မည် ။ အဘိုးအိုသည် ကတုန်ကရင်နှင်. ဘုရားခန်းသို.၀င်ပြီး ပုတီးစိတ်တော.သည် ။စိတ်သည်ခေတ္တငြိမ်သက်သွား၏ ။သောကရေလှိုင်းတို.အားပျော.ပျောက်ကွယ်စပြုချိန်တွင် ဆရာကြီး …ဆရာကြီး ဟူသော ခေါ်သံသဲ.သဲ.ကိုကြားရ၏ ။

မှန်အိမ်မီးဇာကို မြှင်.လိုက်သောအခါ အလင်းရောင်အောက်တွင်မ၀ံ.မရဲရပ်နေသောလူတစ်ယောက်ကိုတွေ.ရ၏ ။ ထိုသူကိုမြင်ဖူးသလိုရှိ၏ ။ သို.သော်နွမ်းပါးသော အ၀တ်အစားနှင်. ရင်.လျော်သော မျက်နှာကြောင်. သူ ပုံဖမ်း၍မရပဲဖြစ်နေသည် ။ ခင်ဗျားကိုကျွန်တော်မြင်ဖူးသလိုပဲ ဟုအဘိုးအို ကပြောလိုက်သောအခါ ရပ်နေသောလူက ၊ ကပျာကယာလက်ကာပြရင်း

“ ငရဲကြီးကုန်ပါ.မယ် ဆရာကြီးရယ် ..ခင်ဗျားတွေ ကျွန်တော်တွေမလုပ်ပါနဲ. ..ကျွန်တော်ဆရာ.တပည်.မောင်ထွေးလေ ..ဆရာမမှတ်မိတော.ဘူးလား ….ဆရာအလီမေးရင်မရလို.အမြဲတန်းအရိုက်ခံရတဲ.မောင်ထွေးလေဆရာ “

ဟုပြောလေသည် ။
အဘိုးအို၏မျက်နှာသည် ရုတ်တရက်ဝင်းထိန်သွား၏ ။ မောင်ထွေး ……မောင်ထွေး …. မှတ်မိပြီ ။ သူ.စာသင်ချိန်များတွင် ဘယ်တော.မှအိမ်စာလုပ်မလာသော၊ သင်္ချာညံ.သောမောင်ထွေးကိုရုတ်တရက်မမှတ်မိတာသူစိတ်မကောင်းဖြစ်သွား၏ ။

“ ၀မ်းသာလိုက်တာမောင်ထွေးရာ….မင်းအခုဘာတွေလုပ်နေသလဲ “
“ ကျွန်တော် ဆိုက္ကားနင်းပါတယ် “

မေးမိသောမေးခွန်းအတွက် သူများစွာ အားနာသွားမိသည် ။ ဘယ်ကနေလှည်.၀င်လာတာလဲဟုမေးမည်ကြံစဉ်မှာပင် မောင်ထွေးက အထုပ်ကလေးတစ်ခုကိုအဘိုးအို၏ရှေ.သို.ချလိုက်၏ ။
“ ဆရာ.ကိုကျွန်တော်လာ ကန်တော.တာပါ “
စိမ်.စမ်းရေကိုအားပါးတရသောက်သုံးလိုက်ရသူတစ်ဦးပမာ အဘိုးအို၏ရင်ထဲ၌အေးကနဲဖြစ်သွား၏ ။သူ.ရှေ. မှအထုပ်ကလေးကိုအသေအချာကြည်.လိုက်သည် ။ ဘာတံဆိပ်ဟုမသဲကွဲသောကိတ်မုန်.ဗူးလေးတစ်ခု ။ ဂြိုဟ်သားတစ်ယောက်ကိုတွေ.လိုက်ရသောကလေးငယ်တစ်ဦး လို အံ.သြ ၀မ်းမြောက်မှုများစွာ သည် သူ.နှလုံးသားထဲတွင်စီးဝင်လှုပ်ရှားနေတော.သည် ။

“ မင်းမုန်.ကိုပြန်ယူသွားပါမောင်ထွေးရာ …၊ ခုအချိန်မှာ မင်းလိုတပည်.ဟောင်းတစ်ယောက်ကိုတွေ.ရတာနဲ.တင် ငါဝမ်းသာလှပါပြီ “
“ ကျွန်တော်ကုသိုလ်ရအောင်လက်ခံပါဆရာကြီးရယ် ၊ ကျွန်တော်ကဒိထက်အများကြီးယူလာချင်တာပါ ၊ သားသမီးတွေပညာတတ်အောင်ဆင်းဆင်းရဲရဲနဲ. ရုန်းကန်နေရမှ ငယ်ငယ်ကဆရာတွေရဲ.ကျေးဇူးကို ပိုပိုပြီးသိလာတယ် …ဟိုတုန်းက ကျွန်တော်ပေခဲ. တေခဲ. တာတွေကို ခွင်.လွှတ်ပါဆရာ ၊ ဆရာကြီးကိုကျွန်တော် ကန်တော.ပါရစေ “

မင်းကွာ…ဟုမသဲမကွဲ ပြောရင်း အဘိုးအို ၏မျက်ဝန်းသည်မျက်ရည်ကြည်များနှင်.ပြည်.လျှံလာတော.သည် ။ သူ.တပည်.ကအဘိုးအိုအား ဦးသုံးကြိမ်ချ၍ ကန်တော.သောအခါ အဘိုးအို၏မျက်ရည်တစ်စက်သည်ပါးပြင်ပေါ်မှစီးကျသွားစဉ်မှာပင် ဟိုစဉ်ကမောင်ထွေးမဖြေနိုင်ခဲ.သော မေးခွန်းပုံစံတစ်ခုကို မထင်မှတ်ပဲသတိရနေပြန်သည် ။

သရ၀ဏ်(ပြည်)

ရုပ်ရှင်မျက်မှန်မဂ္ဂဇင်း
အောက်တိုဘာ ၁၉၉၁


No comments:

Post a Comment