နိုင်ငံရေးအကျဉ်းသား၊လယ်သမား၊ကျောင်းသားများအမြန်လွှတ်ပေးရန် တရားလွှတ်တော်ရှေ့နေတစ်ကိုယ်တော်တောင်းဆို
ပြည်၊အောက်တိုဘာ၊၂၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ အကျဉ်းထောင်ရှေ့တွင် အောက်တိုဘာ ၂၃ ရက် နံနက် ၁၀နာရီချိန်က တစ်နိုင်ငံလုံးမှာရှိသည့် ကျောင်းသားပြည်သူနှင့်နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွတ်မြောက်စေရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်၊နိုင်ငံရေးအမှုများအားလုံးရုတ်သိမ်းပေးရေးအတွက် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး မှာမိုးပျံပှုစီဖောင်းများလွှတ်၍ တစ်ကိုယ်တော်တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
“ထောင်ထဲက ကျောင်းသား၊လယ်သမား၊အလုပ်သမားနဲ့နိုင်ငံရေးအကျဉ်းသားတွေအမှုတန်လန်းတွေအကုန်လုံးပြန်လွှတ်ပေးပါလို့တောင်းဆိုပါတယ်။သာယာဝတီထာင်မှာအောင်မှိုင်းဆန်းဆိုတဲ့ ဘကသကျောင်းသားက ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေပါပြီ။သူ့ကိုဝန်းရံတဲ့အနေနဲ့ထောက်ခံတဲ့အနေနဲ့ခုလိုပြုလုပ်တာ။သူတို့ကို လွှတ်အောင်လုပ်ပေးမဲ့ဘယ်ပါတီမဆို ကျွန်တော်မဲထည့်မယ်။ကျွန်တော့ဆန္ဒပါ။နို့မိုဆိုအဲဒိမဲကို ကိုင်တောင်မကိုင်တော့ပါဘူး။နိုင်ငံတော်ကိုလည်းကျွန်တော်ပုံမကန်ပါဘူး။” ဟု တရားလွှတ်တော်ရှေ့နေကြီး ဦးမြင့်အေးကပြောသည်။
အဆိုပါတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူက ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွန်လွန်ခြင်း ၃၇ နှစ်မြောက်နေ့ဖြစ်လို့ တစ်ခါတည်း အထိန်းအမှတ်အနေနဲ့တောင်းဆိုမှုတွေပါပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ၊တရားစွဲခံလယ်သမားများ၊အမှုရင်ဆိုင်နေရသည့်ကျောင်းသားများ၏ ဓါတ်ပုံများအား မိုးပျံပှုစီဖောင်းများတွင်ကပ်ကာ လွှတ်တင်ခဲ့ကြောင်းဖြစ်ကြောင်းသိရသည်။
“လောလောဆယ်တော့ ကြေးနန်းပဲတင်အုံးမှာပါ။အထက်ကကျွန်တော်တို့ကိုဘာတွေညွှန်ကြားချက်ပေးမလည်းတော့မသိဘူး။ညွှန်ကြားချက်ပေးတဲ့အတိုင်း ညွှန်ကြားချက်စောင့်ပြီးဆောင်ရွက်သွားမှာပါ။”ဟု ပြည်မြို့ အမှတ်(၁)ရဲစခန်းမှ စခန်းမှူးကပြောသည်။
အဆိုပါတရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး၏တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၁၀း၃၀ မိနစ်ချိန်ခန့်တွင် ပြီးဆုံးသွားကြောင်းသိရသည်။
K3(pyay)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment