ဇော်မင်းထိုက်
7Day DaiLy
ကမ္ဘာ့အမွေအနှစ်ပျူမြို့ ဟောင်းများဖြစ်ကြသည့် ဗိဿနိုး၊ဟန်လင်း၊ သရေခေတ္တရာမြို့ ဟောင်းများတွင် စီစဉ်ဆောင်ရွက် လျက်ရှိသည့် စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ ယူနက်စကို မှ ရှေးဟောင်းသုတေသနပညာရှင်တို့က ဒေသခံများအား ရှင်းလင်း ဆွေးနွေးခြင်းများကို အောက်တို ဘာ ၆ ရက်တွင် ပြည်မြို့၌ ပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့အမွေအနှစ်ပျူမြို့ ဟောင်းများ၏ စီမံခန့်ခွဲမှု အစီ အစဉ်များ (Proterty Manage- ment Plan) ကို ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်၊ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ယူ နက်စကိုမှ ရှေးဟောင်းသုတေသ နပညာရှင် ဒေါက်တာ ရစ်ချက်တို့ က ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သရေခေတ္တရာရှေးဟောင်းဇုန် အတွင်းရှိ ဒေသခံများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အပြန် အလှန်ဆွေးနွေးခြင်းအခမ်းအနား ကို ပြည်မြို့ရှိ သရေခေတ္တရာခန်း မ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
‘‘စီမံခန့်ခွဲမှုအစီအစဉ်တွေ နဲ့ ပတ်သက်ပြီး ရည်မှန်းချက်တွေ၊လုပ်ဆောင်ချက်တွေကို ချပြ တယ်။ ကျွန်တော်တို့ ပြုစုထားတဲ့ ပျူရှေးဟောင်းမြို့တော်များ Pyu Ancient Cities အကြောင်းကို လည်း ရှင်းပြတယ်။ ဒေသတွင်း ဌာနဆိုင်ရာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေး နွေးရှင်းလင်းခြင်းဖြစ်ပါတယ်’’ဟု ပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ် ဒေသခွဲညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။
ကမ္ဘာ့အမွေအနှစ်ပျူရှေး ဟောင်းမြို့များ၏ စီမံခန့်ခွဲမှုအစီ အစဉ်များကို ရည်မှန်းချက် လေး ရပ်ထားရှိကာ ထိုရည်မှန်းချက် လေးရပ်တွင် စီမံမှုအစီအစဉ်များ ၁၇ ချက်၊ လုပ်ငန်းဆောင်ရွက်မှု ၆၄ ချက်တို့ပါရှိပြီး ဆက်စပ်ဌာန ဆိုင်ရာ ၁၈ ဌာနဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပျူမြို့ဟောင်းများတွင် စီမံ ခန့်ခွဲမှုအစီအစဉ်များ လုပ်ဆောင် ရာ၌ တွေ့ကြုံနေရသော အခက်အခဲများ၊ လမ်းတံတား ဆောက်လုပ်ပြုပြင်ခြင်းများ အဆောက် အအုံဆောက်လုပ်ခြင်းများနှင့် ပတ်သက်သော အခက်အခဲများ ကို ဒေသအာဏာပိုင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံများနှင့် ထိပ်တိုက်တွေ့ဆုံရှင်း လင်းဆွေးနွေးစေခဲ့ ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများတွင်ရှိ သော စည်းကမ်းချက်များကို ဘန် ကောက်ယူနက်စကိုမှ ရှေး ဟောင်းသုတေသန ပညာရှင်ဒေါက်တာ ရစ်ချက်က ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
‘‘ပျူမြို့ဟောင်းတွေ ကမ္ဘာ့ အမွေအနှစ်စာရင်းမ၀င်ခင်က တည်းက လိုအပ်ချက်တွေရှိခဲ့ တယ်။ ဒါပေမဲ့ ဒီလိုအပ်ချက်တွေ ပြုပြင်မယ်။ ကတိတွေလည်းပေးခဲ့တယ်။ ဆက်လက်ပြီး လို အပ်ချက်တွေ ပြည့်စုံအောင် မရှိ အောင် စီမံမှုတွေ၊ ထိန်းသိမ်း စောင့်ရှောက်မှုတွေ ဆောင်ရွက် ရမှာမို့ ဒေသခံတွေတင်မကဘူး။ အာဏာပိုင်အုပ်ချုပ်ရေးအဆင့် ဆင့်အပါအ၀င် ဌာနဆိုင်ရာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးက ဒီစီမံခန့်ခွဲမှုအစီအစဉ် မှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါ တယ်’’ဟု ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူတစ်ဦးက ဆွေးနွေးတင်ပြသည်။
အဆိုပါကမ္ဘာ့အမွေအနှစ် ပျူရှေးဟောင်းမြို့များ၏ စီမံခန့်ခွဲ မှုအစီအစဉ်များအား ယခုနှစ်ဒီဇင်ဘာအတွင်း ယူနက်စကိုသို့ တင် ပြသွားရမည်ဖြစ်သည်။ ထို့အပြင် စီမံခန့်ခွဲဆောင်ရွက်မှုအစီအစဉ် များကို ၂၀၁၈ အထိ ဆက်လက်ရေးဆွဲဆောင်ရွက်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်ဟု ရှေးဟောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ရှေးဟောင်းဧရိယာတွေ အတွင်းမှာရှိတဲ့ တိုးချဲ့ အဆောက် အအုံဆောက်လုပ်နေထိုင်ကြသူ တွေရဲ့ အခက်အခဲတွေ၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှု၊ လမ်းတံတား ဖောက်လုပ်ရာမှာ ဆောင်ရွက်ရ မယ့်အတိုင်းအတာတွေ၊ ဒေသခံ တွေရဲ့ အခွင့်အရေးတွေ၊ ဌာန ဆိုင်ရာပိုင်မြေတွေကို ပြုပြင်တည်ဆောက်အသုံးချခွင့်အခက်အခဲ တွေကို အဓိကဆွေးနွေးကြတာ တွေ့ရတယ်။ အဲဒါတွေကို တာ ၀န်ရှိသူတွေက ညှိနှိုင်းဖြေရှင်းပေး နိုင်ရင် ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ကိစ္စ၊ စီမံခန့်ခွဲမှုအစီအစဉ်တွေ ဆွဲတဲ့ ကိစ္စဟာ အဆင်ပြေလိမ့် မယ်လို့ ထင်ပါတယ်။ ၂၀၁၂ စာ ရင်းကောက်ယူပြီးနောက်ပိုင်း တိုး ချဲ့အဆောက်အအုံဆောက်လုပ် နေထိုင်သူတွေရဲ့ အခက်အခဲက အဓိကဖြေရှင်းရမယ်လို့ ထင်တယ်’’ဟု ဆွေးနွေးပွဲတက်ရောက်လာသူ သရေခေတ္တရာမြို့ဟောင်းမှ ဒေသခံတစ်ဦးက သုံးသပ်သည်။
ဒေသခံနှင့်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးစဉ်(ဓါတ်ပုံ ဇော်မင်းထိုက်)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment