ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊မြို့မရဲစခန်း
မြောက်ဘက်(၃)ဖာလုံခန့် ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်အ
မှတ်(၁၇၀/၂)နှင့်(၁၇၀/၃)အကြား၊သရက်တောရပ်ကွက်၊ဘုရား
နီလမ်းဆုံတွင် ယမာန်နေ့ နေ့လည်(၃)နာရီ (၅၀)အချိန်ခန့် က
ကုန်းလမ်းပို့ဆောင်ရေးကားမှအရှိန်ထိန်းနိုင်ဘဲကိုယ်ပိုင်ကား
အနောက်ဘက်ခြမ်းအားဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်း
ရရှိသည်။
ထို့ကြောင့်တာန်မှူး ဒုရဲအုပ်ဇော်သန်းထိုက်နှင့်အဖွဲ့သည်သွား
ရောက်စစ်ဆေးရာ ပြည်ဘက်မှ ရန်ကုန်ဘက်သို့ ဦးထွန်းထွန်း
အမှတ်(၁)ရပ်ကွက်၊ပေါက်ခေါင်းမြို့နေသူမောင်းနှင်ပြီးဦးဝင်းမြင့်
ဆိုင်းဂေါင်းရွာ၊ရပ်သသစ်အုပ်စု၊ပေါက်ခေါင်းမြို့နေသူလိုက်ပါလာ
သော YGN 1K /.......TOYOTA BELTA SLOON အမျိုးအစား
(မိုးပြာရောင်)ယာဉ်မှာ ဘုရားနီလမ်းဆုံအရောက်တွင်၎င်းရှေ့မှ
လမ်းအရှေ့ဘက်လမ်းကြားသို့ကွေ့ရန် အချက်ပြမီးပြထားသည့်
ယာဉ်အားတိုက်မိမည်စိုးသဖြင့်အရှိန်လျှော့မောင်းနှင်နေစဉ် နော
က်မှကပ်လိုက်ပါလာသော ကိုကျော်ထူး ၊အရှေ့စည်သာရပ်ကွက်၊
ပန်းတောင်းမြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ် BGOH /.
.....TE အမျိုးအစား(၆)ဘီး(အစိမ်းရောင်)ကုန်းလမ်းပို့ဆောင်ရေး
ပန်းတောင်းမြို့၊ကျောက်များတင်ဆောင်လာသည့်ယာဉ်မှာ အရှိန်
မထိန်းနိုင်ဘဲ YGN 1K /.......TOYOTA BELTA SLOON ယာဉ်
၏နောက်ဘက်ဝဲခြမ်းအားဝင်တိုက်မိသဖြင့်ယာဉ်ပေါ်ပါလာသူများ
ဒဏ်ရာရရှိမှုမရှိသော်လည်း TOYOTA BELTA SLOON ယာဉ်
၏နောက်ဘက်ဝဲခြမ်းပျက်စီးခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။
ဖြစ်စဉ်နင့်ပတ်သက်၍ BGOH /......TE အမျိုးအစား(၆)ဘီး(အစိမ်း
ရောင်)ကုန်းလမ်းပို့ဆောင်ရေး ၊ပန်းတောင်းယာဉ်မောင်း ကိုကျော်
ထူးအားအရေးယူပေးပါရန် ဒုရဲအုပ်ဇော်သန်းထိုက်မှတရားလိုပြုလုပ်
တိုင်တန်းခဲ့သဖြင့် ရွှေတောင်မြို့မရဲစခန်းယာဉ်(ပ)၄၈/၂၀၁၅၊ပြစ်
မှုပုဒ်မ-၂၇၉ ဖြင့်အမှုဖွင့်ထားရှိကာ အမှုအားဒုရဲအုပ် သန်းဇော်ထို
က်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment