Thursday, September 24, 2015

ရိုးရာမပျက်တဲ့ မြေလတ်ကမိုးနှောင်းပွဲတော်



သီဟလွင် ပြည် မြစ်မခ

နေခင်းကြောင်တောင်ကြီးဒိုင်းကနဲမီးရှုးမီးပန်းပစ်ဖောက်သံကြီးနဲ့အတူ သကျမုနိမိုးဃ်းကောင်း ဘုရားမုဒ်ဦးကနေ  ရတနာဆင်တော်ကြီးကလူအုပ်လှိုင်းလုံးကြီးကြားကိုတရွေ့ရွေ့တိုးဝင်လာပြီး ပေါင်းတည်မြို့လယ်သို့ ဦးတည် ရွေ့လျားလာပါတယ်။

ဆင်တော်ရဲ့အပေါ်မှာတော့ ဗုဒမြတ်စွယ်တော်ကို ပင့်ဆောင်လာတာပါ။သူ့ရဲရှေ့မှာတော့ ဆင်ပိုင်ရှင် ဖေါင်သူကြီးမျိုးနွယ်စုတို့ကကပ်ရက်အနေအထားနဲ့ပါလာပါတယ်။ ဆင်ရတနာရဲ့ရှေ့မှာတော့ လ ၀တ်ဖြုစင်ကြယ်ဝတ်ထားသူတွေက ကနက္ကဒါန်ထီးဖြူ ၊ရွှေထီး၊ သိုင်း ၊ကြိုင်း ၊သာသာနာ့အလံတော်တွေကိုင်ထားတဲ့ တန်းစီလျှက်။

ပြီးတော့  ဒေ၀ါဝင်း၊ရာဇာဝင်းလို့ခေါ်တဲ့ နတ်သကြား အပြင် ဘုရင်တွေ ၀န်ကြီးတွေ မူးကြီးမတ်ရာတွေ မူးမတ် အဆောင်အယောင်တွေကို ဆင်ယင်ထားသူတွေလည်းပါပါတယ်။
အဲဒါတွေရဲ့အရှေ့ဆုံးမှာတော့ မဟာစည်တော်ယွန်းသံတခြိမ်းခြိမ်းနဲ့အတူလွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ကတည်းက အစဉ်အလာမပျက် ကျင်းပလာတဲ့ပုံစံအတိုင်းရိုးရာမပျက် ပေါင်းတည်မြို့လေးကိုလှည့်လည်လာပါတယ်။

နောက်ထပ်ထူးခြားတဲ့မြင်ကွင်းတစ်ခုကတော့  ဗုဒ၀င်ဇာတ်တော်တွေဖြစ်တဲ့ ငါးရာငါးဆယ်ဇာတ်နိပါတ်တော်တွေထဲက တစ်ချို့ဇာတ်တွေကို လူတွေကိုယ်တိုင် သရုပ်ဖော်ထားတဲ့ လှည်းယဉ်တွေလည်းမြောက်အများပါဝင်လာတာကိုတွေ့ရပါတယ်။ ပြီးတော့မှ ရပ်ကွက်တွေကထွက်ကြတဲ့ ယိမ်းကားကြိးတွေကအကယိမ်းတွေ ၊ခေတ်ပေါ်တေးသီးချင်းတွေနဲ့ဖျော်ဖြေပြီးလိုက်ပါလာကြတာပါ။
ရပ်ကွက် ကျေးရွာအဖွဲစည်းတွေအလိုက် ၀တ်ရွတ်တဲ့အသင်းတွေလည်း ပါပါသေးတယ်။
အဲဒီမြင်ကွင်းတွေကတော့  မြေလတ်ပိုင်ဒေသမှာရှိတဲ့ နှစ်ပေါင်းတစ်ရာကျော်အစဉ်လာမပျက်  ပါင်းတည်မြို့မှာတော်သလင်းလဆန်း ၁၃ရက်နေ့ (စက်တက်ဘာ ၆ရက်)နေ့ကပြုလုပ်တဲ့ ၁၁၄ ကြိမ်မြောက် ဗုဒွမြတ်စွယ်တော် မြို့တွင်းကိုလှည့်လည်အပူဇော်ခံတဲ့ ပွဲတော်မြင်ကွင်းတွေပါ။

ပေါင်းတည်မြို့ဟာပဲခူးတိုင်းအနောက်ပိုင်းမှာတည်ရှိပြီးရန်ကုန်-ပြည် ကားလမ်းမကြီးဘေးမှာတည်ရှိတဲ့မြို့လေးတစ်မြို့ပါ ။ရန်ကုန်ကနေကားစီးပြီးလာမယ်ဆိုရင်တော့ ၅နာရီကျော်လောက်ပဲ ကြာပါတယ်။ မြန်မာနိုင်ငံရဲပထမဦးဆုံးမီးရထားလမ်းဖြစ်ခဲ့တဲ့ ရန်ကုန်-ပြည် မီးရာထားလမ်းရှိပါတယ်။အဲဒီလမ်းကိုတော့  ၁၈၇၆ မှာ ကိုလိုနီအင်္ဂလိပ်အစိုးရဖောက်လုပ်ပေးခဲ့တာဖြစ်ပြီးတော့  အဲဒီလမ်းကနေလာမယ်ဆိုရင်တော့ ငါးနာရီမကပိုကြာပါလိမ်မယ်။ မြို့လေးရဲ့နယ်မြေတစ်ဝိုက်လုပ်ကိုင်ကြတဲ့ အဓိကစီးပွားရေးကတော့ စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်တဲ့ လယ်ယာလုပ်ငန်း၊ ရာသီပေါ်သီးနှံမျိုးစုံကိုစီပွားဖြစ်တင်ပို့နိုင်ကြတဲ့အထိလုပ်ကိုင်ကြတာပါ။

မြန်မာနိုင်ငံမှာကျင်းပကြတဲ့ ဘုရားပွဲတော်အများစုဟာမိုးအကုန် ပွင်လင်းရာသီသီးတင်းကျွတ်ပွဲတော်ကနေစပြီး   ဆောင်းရာသီတစ်ခုလုံးနဲ့ တပေါင်းပွဲတွေမှတဆင့် သင်္ကြန်မတိုင်ခင်အထိဖြစ်ကြပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ အဲဒီမြို့လေးမှာ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်တဲ့ ဘုရားပွဲဟာမိုးတွေရွာသွန်းမှု မပြတ်သေးတဲ့ မိုးနှောင်းကာလလို့ခေါ်တဲ့ တော်သလင်းလ (စက်တင်ဘာလ)ထဲမှာကျရောက်နေတာပါ။
နောက်တစ်ချက်ထူးခြားတာကတော့ အဲဒီဘုရားပွဲရဲ့အဓိက အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်တဲ့ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်တဲ့နေရာမှာ လွန်ခဲ့တစ်ပေါင်းတစ်ရာကျော်ကအတိုင်း ဆင်နဲ့လှည့် ဓလေ့ဟာဘုရားပွဲကျင်းပတဲ့ဓလေ့ဟာ အခုလိုဆင်ရှားပါးတဲ့ ယနေ့ခေတ်အထိ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အခုလို ရိုးရုာမပျက် ကျင်းပလာတဲ့ပွဲကို နောက်မျိုးဆက်တွေမှာ မလုပ်နိုင်မှာကို စိုးရိမ်တကြီးနဲ့ အစဉ်အလာကိုထိမ်းသိမ်းဖို့ ပေါင်းတည်မြို့ခံ လူငယ်တွေအကို  ဂေါကပကြီးတစ်ဦးဖြစ်သူ ဦးဝင်းဒင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
“နောက်နှစ်နောက်နှစ်တွေမှာလည်းဆင်နဲ့ပဲလှည့်မှာပါ နောင်လာမယ့် မျိုးဆက်တွေကျရင်လည်းကျနော်တို့မြို့လေးရဲ့ ရိုးရာဓလေ့လေးမပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းဖို့တိုက်တွင်းချင်တယ် ”လို့ မြတ်စွယ်တော်အခမ်းအနားစီစဉ်မှုအအဖွဲအတွင်ရေးမူး ဦးဝင်းဒင်က ပြောပါတယ်။

ပေါင်းတည်မြို့ သကျမုနိမိုဃ်းကောင်းဘုရားကြီးသို့ ဗုဒ္ဓ မြတ်စွယ်တော် ရောက်ရှိလာသည်ဟာ ကိုလိုနီခေတ် မြန်မာသက္ကရာဇ် ၁၂၅၉ခုနှစ် တော်သလင်းလဆန်း (၁၃)ရက်နေ့တွင်(ခရစ်နှစ် ၁၈၉၇)က ဖြစ်ပြီးတော့ မြတ်စွယ်တော်ကိုပေါင်းတည်မြို့မီးရထားဘူတာကနေတဆင့်ဘုရားကြီးသို့ ပင့်ဆောင်ရာမှာဆင်တွေကိုအသုံးပြုပြီးသစ်တောလုပ်ငန်းလုပ်ကိုင်တဲ့ ဖေါင်သူကြီး မျိုးနွယ်စုမှ ဦးစီးကာဆင်နဲ့ပင့် ဆောင်ပူဇော်ခဲ့ရာမှ စတင်ကာစွယ်တော်အား နှစ်စဉ်နှစ်တိုင်းဆင်နဲ့လှည့်တဲ့ ဓလေ့ဖြစ်ပေါ်လာခဲ့တယ်လို့ဂေါကပအဖွဲ့ကရှင်းပြပါတယ်။
ဒုကမ္ဘာစစ်ကြီးကြောင့် သုံးနှစ်မကျင်းပနိုင်တာကလွဲလို့ ဆွယ်တော်စတတင်ရောက်ရှိတဲ့နှစ်ကနေစပြီး ၁၁၇ နှစ်မှာ ၁၁၄  ကြိမ်မြောက်အထိ ကျင်းပခဲ့တာလို့လည်းသိရပါတယ်။

ဘုရားပွဲတော်ကိုတော့ တောင်သလင်းလဆန်း၁၂ရက်မှလပြည့်ကျော် ၁ ရက်ထိ(၅)ရက်ကြာကျင်းပတာ ဖြစ် ပြီးတော်သလင်းလဆန်း (၁၂)ရက်ညနေမှာစွယ်တော်ကိုစွယ်တော်တိုက်ထဲကထုတ်ပါတယ်။ လဆန်း(၁၃)ရက်နေ့မှာတော့ မြို့တွင်းမှာလှည့်လည်အပူဇော်ခံတာပါ ။အဲဒီနေ့ကတော့ ပေါင်းတည်တစ်မြို့လုံးအုံးအုံးကျွတ်ကျွတ်နဲ့ ကြက်ပျံမကစီကားတဲ့နေ့ပါ။နောက်တစ်နေ့ လဆန်း (၁၄)နေ့မှာတော့ စွယ်တော်ကိုတော်ရတနာစိန်ကျုပ်အတွင်းကထုတ်ပြီးပကတိအနေအထားအတိုင်းဖူးမျှော်နိုင်အောင်ပြသထားပါတယ်။လပြည့်နေ ည(၁၀)နာရီမှာတော့ စွယ်တော်ကိုစွယ်တော်တိုက်ထဲ ပြန်လည် ကိန်းဝပပ်စံပယ်တော်မူစေမှာဖြစ်ပါတယ်။

ပေါင်းတည်မြို့လေးရဲ့  ဘုရားပွဲမကျင်းပခင် ရက်များစွာအလိုကတည်းကအိမ်တိုင်းအိမ်တိုင်းမှာ ကြက်သားဗူးသီး၊ကြက်သားကျောက်ဖရုံစတဲ့ဟင်းလျာတွေနဲ့ မြန်မာမုန့်တွေကိုဆင်းရဲချမ်းသာအလိုက် ချက်ပြုပ်ပြုလုပ်ကြပြိး တစ်နယ်တစ်ကျေးမှာ သွားရောက် အလုပ်လုပ်နေကြတဲ့ အိမ်သူအိမ်သားဆွေမျိုးတွေနဲ့ လာလည်ကြမယ့် ဧည့်သည်တွေအတွက်ပြင်ဆင်ထားပါတယ်။

“စွယ်တော်ဟေ့ဆိုတာနဲ့ အလုပ်ပြုပ်ချင်ပြုတ် ရာထူးလျောချင်လျော နီးနီးဝေးဝေး ဆင်းရဲဆင်းရဲချမ်းသာချမ်းသာရောက်အောင်ပြန်ကြတယ် နယ်ဝေးက အပေါင်းဖော်တွေ ပြန်ဆုံရှေးဟောင်းနှောင်းဖြစ်တွေပြောပြီးအလွမ်းဖြေရတာဖြစ်လို့  အားလုံးပြန်ဆုံတဲ့ပွဲလို့ပြောရင်းလည်းမမှားပါဘူး”လို့ ဒေသခံ ဖြစ်တဲ့ ဦးမြင့်သန်းကသူတို့ဒေသရဲ့ အစဉ်အလာ ကိုအားတက်သရောရှင်းပြပါတယ်။
အဲဒီဘုရားပွဲကိုတော့ ပဲခူးတိုင်းအနောက်ပိုင်းမှာရှိတဲ့ ပြည်ခရိုင်နဲ့သာယာဝတီခရိုင်ည ဘုရားဖူးတွေလာကြပါတယ်။

ပွဲတော်ရက်တွေမှာမီးရထားလိုင်းကာတွေမှာထိုင်စရာနေရာမရအောင် လူများပြည့်နက်နေတတ်ပြီးရွာနီးချုပ်စပ်ကလူတွေကတော့ ဆိုင်ကယ် ထော်လာဂျီ ကွန်ဒေါင်းခေါ် ဖောကားစတာတွေနဲ့ မြို့ပေါ်ကိုကလေးရောမကျန် စုပြုံတက်လာကြတာပါတယ်။ဘာလို့လဲဆိုတော့ တစ်နှစ်တစ်မှာတစ်ခါကျင်းပတဲ့ ဘုရားပွဲမှာအမိအရပျော်ချင်တာလည်းပါလို့ပါ။ပေါင်တည်မြို့မှာတော့ သင်္ကြန်တောင် စွယ်တော်လောက်မစီကားဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဘုရားပွဲတော်မှာတော့ ဆိုင်ခန်းတွေထောင်နဲ့ချီရှိပြီးသနပ်ခါးသင်ဖျာအစားသောက်တွေနဲ့ ကလေးကစားစရာပစ္စည်းတွေ နဲ့ကြေးစည် ဘုရားဆင်းတု စတဲ့ဘာသာရေးဆိုင်ရာပစ္စည်းတွေအရောင်းအ၀ယ် ပိုဖြစ်တယ်လို့လည်းသိရပါတယ်။အရင်တုန်းကတော့ ဘုရားပွဲကျင်းပတဲ့ (၅)ရက်လုံးလုံးခင်ရာဆွေမျိုးအိမ်တွေမှာတည်းခိုကြပြီး မြို့ပေါ်မှာနေကြတာဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်လာပြီးထော်လာဂျီကားဆိုင်ကယ်တွေပေါလာတာကြောင့် သွားလိုက်ပြန်လိုက်နဲ့ ပိုမိုအဆင်ပြေလာတယ်လို့လည်းဒေသခံတွေကပြောပါတယ်။
စွယ်တော်လှည့်တဲ့အခါ  တစ်မြို့လုံးမှာဆင်ရပ်နားခန်းကိုးခုရှိပြိးတာ့ စခန်တစ်ခုရောက်ရင် ခုနနားနားပြိးပြန်ထွက်ပါတယ်။နားတဲ့အချိန်နဲ့ ပြန်ထွက်တဲ့အချိန်ကိုတော့ အဆံမပါပဲအသံပဲမြည်တဲ့   သနတ်နဲ့ပစ်ပေါက် အချက်ပေးပါတယ်။စွယ်တော်လှည့်တဲ့ လူတန်း ဆင်နဲ့ လှည်းတန်းနဲ့ ယိမ်းကားတန်းဟာအရှည်ကြီးဖြစ်လို့ တစ်ဖြတ်တစ်ဖြတ်စီမှာမီးသတ်တပ်ဖွဲ့တွေက ၀ါးခြမ်းပျားရှည်မှာ ၀ါ စိမ်းနီအလံတွေကိုင်ပြီးအချက်ပြတဲ့စနစ်ကိုလုပ်ပါတယ်။နီဆိုရင် ရပ် ၀ါဆိုရင်ရင် အသင့် အစိမ်းဆိုရင်ထွက်ဆိုပြီး ဝေါ်ကီတော်ကီ(စကားပြောစက်) တွေရှိပေမယ့် ရှေးနည်းအတိုင်းအသုံးပြုနေတာကိုလည်း မြင်တွေ့ရပါတယ်။

လူတွေတိုးမပေါက်အောင်စည်ကားတဲ့အတွက် ရဲဝန်ထမ်းတွေလည်း လုံခြုံရေးအပြင် လမ်းရှင်းတဲ့တာဝန်ကိုပါ တွဲပြီးယူကြရလို့  အလုပ်တွေရှုတ်နေကြတာတွေ့ရတယ်။ တစ်နှစ်မှာတစ်ခါသာ ကျင်းပတဲ့ပွဲဖြစ်တာကြောင့် အစွမ်းကုန်ပြင်ဆင်ပြီးလာကြတဲ့ ကျေးလက် တောသူတို့ အလှကလည်းပွဲခင်းထဲမှာ ရောင်စုံပန်းခင်းကြီကတစ်ရွေ့ရွေှ့သွားနေသလိုပါပဲ။ မြို့ကြီးတွေမှာလို မလုံမခြုံ ၀တ်စားယင်မှုတွေမရှိပဲ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်မှုတွေကိုတွေ့မြင်ရတာဟာလည်းကျေနပ်စရာပါ။အဲဒီလိုလုံလုံခြုံ ၀တ်စားယင်ထားတာတောင်မှ အချို့အမျိုးသားတွေက လူစီကားတာကိုအခွင့်ကောင်းယူပြီး လိင်အသားယူမှုတွေရှိတာကလည်းရိုးရာဓလေ့ကိုအကြည်းတန်စေပါတယ်။
ပွဲခင်းထဲမှာတော့ အရေးပေါ်ကုသပေးမယ့် ကျန်းမာရေးဆေးခန်းနဲ့ ကြက်ခြေနီအချို့ကိုလည်းတွေ့ခဲ့ရပါတယ်။ ပြည်-ရန်ကုန်ကားတွေဟာလည်းသာမန်အချိန်မှာပေါင်းတည်မြို့ကို (၁၅)မိနစ်သာ ဖြတ်သန်းရပေမယ့် စွယ်တော်လှည့်တဲ့ရက်မှာတော့ တစ်နာရီခွဲထက်မနည်း ကြာတတ်ပါတယ်။

အဲဒီစွယ်တောလှည့်လည်ပွဲမှာတော့ အာဏာပါဝါတွေကိုသုံးသုံး ပိုက်ဆံတွေဘယ်လောက်ပေးပေး ဆင်တော်ရဲရရှေ့မှာတော့ ဆင်ပိုင်ရှင် ဖေါင်သူကြီးမျိုးနွယ်ကလွဲရင် ဘယ်သူမှလိုက် လို့မရတာတော့ ဖောင်သူကြီးမျိုးနွယ်တွေရဲ့ ကုသိုလ်ကံလို့ပဲပြောမလား ဆင်တွေကပေး ကံကောင်းခြင်းလို့ပဲပြောရမလား။ဆင်များမှာလည်းပွဲတော်ရက်ရောက်လျှင် လူတွေတင်မဟုတ်ပဲ ဆင်တွေကပါ ပွဲတော်မှာပါဝင်ဆင်နွဲချင်တဲ့ စိက်က အင်မတန်ထူးခြားမှုတစ်ခုလို့ ဒေသခံဦးမြင့်သန်းကသူ့တို့ရဲ့ယုံကြည်ချက်ကိုပြောပါတယ်။
“အရင်တုန်းကငချိုဆိုတဲ့ဆင်တစ်ကောင်ရှိတယ် အခုတော့သေသွားပြီဆွယ်တော်ရက်နီးလာရင် အဲဒီဆင်ကခိုင်းလို့မရတော့ဘူးဆွယ်တော်မရောက်ချင်တစ်ပတ်လောက်အလိုကတည်းကသူကအလုပ်တွေသိမ်းကြုံးလုပ်တာဆွယ်တော်လည်ပြီးရင်တော့ကြိုက်သလောက်ခိုင်းရတယ် ”သူကရှင်းပြပါတယ်။
ယခင်နှစ်တွေက စွယ်တော်လှည့်ရာမှာ ဆင်နှစ်ကောင် သို့မဟုတ် သုံးကောင်အထိ လှည့်လည်ကျင်းပခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ဆင်တွေရှားပါလာတာနဲ့တချို့ဆင်တွေဟာခရီးလွန်နေတာဖြစ်လို့ ဆင်တစ်ကောင် နဲ့သာလှည့်လည်နိုင်ခဲ့တယ် ဂေါပကအဖွဲ့ဝင်တွေကပြောပါတယ်။

မိုးတွင်းကာလဖြစ်သော်လည်းစွယ်တော်လှည့်တဲ့ရက်မှတော့ မိုးရွာသွန်းခြင်းမရှိပဲအလွန့်လွန့်မိုးကောင်းသည့်နှစ်မှသာမိုးလေးဖွဲဖွဲအနည်းသာကြခြင်း နှင့်ဆွယ်တော်ပြီမှသာမိုးရွာခြင်းမှာလည်းစွယ်တော်ရဲ့တန်းခိုးကြောင့်လို့ဒေသခံတွေကယုံကြည်ကြပါတယ်။

ကျေးလက်ဒေသဘုရားပွဲတွေမှာမပါမဖြစ်ပါဝင်ရတဲ့ ဇာတ်သဘင်တွေရဲ့အခန်ကန ဟာလည်းချန်လှပ်ထားလို့မရတဲ့အတွက် ဒီနှစ်မှာတော့ အခမဲ့ကြည့်ရှု့ခံစားနိုင်အောင် ဗလာပွဲဇာတ်သဘင်သုံးခုကိုစီစဉ်ပေးထားတယ်လို့သိရပါတယ်။
ဘုရားပွဲမှာတော့ တရုတ်ပြည်ကနေ ဘုရားပွဲဈေးကွက် ဆယ်နှစ်ပွဲဈေးသည်တွေလက်ထဲကိုရောက်ရှိလာတဲ့ ပလပ်စတစ် ရောက်စုံကလေးကကစားစရာအရုပ်တွေကြောင့် မြန်မာ့ရိုးရာ လက်မှုပညာနဲ့ပြုလုပ်ထားတဲ့  ကလေးကစားစရာ အိုးဖုပ် ဂျိုးရုပ် နွားရုပ် တွေကျန်းစစ်သားဦးထုပ် မဟာဗန္ဓုလဦးထုပ်လို့ခေါ်တဲ့ မြန့်မာရိုးရာရဲမက်ဦးထုပ်တွေကို တစ်စတစ်ပျောက်ကွယ်သွားတာကတော့ ၀မ်းနည်းစရာကောင်းပါတယ်။

ခေတ်ဖွင့်ဖြိုးတက်မှုကို အရှိန်ယူနေတဲ့အခုလိုအခြေအနေမှာ အရိုးရာဓလေ့တွေမပျောက်ကွယ်သေးတဲ့ မြန်မာနိုင်ငံမြေလတ်ဒေသကမိုးနှောင်းပွဲတော် လေး နှောင်နှစ်နောင်နှစ်တွေမှာ လည်းဆင်နဲ့လှည့်စွယ်တော်လှည့်နိုင်ပါစေ အရင်နှစ်တွေတိုင်းစီကားပါစေ ပေါင်းတည်ဒေသံတွေ အရင်အတိုင်းပွဲတော်ရက်မှာ ပြန်လည်ဆုံတွေနိုင်ပါစေအလွမ်းပြေပါစေ ရိုးရာဓလေ့တွေ ရှင်သန်နိုင်ပါစေလို့ ဆုတောင်းရင်း………

2014 ခုနှစ်က မြစ်မခမီဒီယာတွင် ဖော်ပြခဲ့သောဆောင်းပါးအား ကူးယူဖော်ပြသည်။

ဆောင်းပါးနှင့်ဓာတ်ပုံများ သီဟလွင်


No comments:

Post a Comment